top of page
Search

Facebook ပေါ်တွင် မပြစ်မှားအပ်သူများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 7, 2020
  • 1 min read

အားလုံးသိတဲ့အတိုင်း စာရေးသူတို့အကောင့်တွေဟာ Facebook ပေါ်မှာ အတုလုပ်ခံရတာ၊ အဖယ်ခံရတာ၊ အပိတ်ခံရတာတွေ ရှိတတ်ပါတယ်။ ဘာကြောင့်လဲ?


ပထမဆုံးက တပ်ကိုပြစ်မှားတာပါ။ တပ်နဲ့ ပတ်သက်တဲ့သတင်းကိုတင်မိရင် တရားစွဲခံရတာ၊ တရားစွဲလို့မရသူများကိုတော့ တပ်ရဲ့ အင်တာနက်တပ်ရင်းက အုပ်စုလိုက်သတင်းပို့ခံရပြီး Facebook ကသတိပေးတာ၊ ဖြုတ်ချတာပါ။ ဒါပေမယ့် ထိုသူများအတွက် Facebook က အယူခံတက်ခွင့်ပေးထားပါတယ်။ အချို့ကိစ္စတွေက တပ်၊ ရဲက မြန်မာအစိုးရရဲ့ Facebook စောင့်ကြည့်ရေးအဖွဲ့ကို တိုင်ခိုင်းပြီး အကောင့်တွေကို ဖြုတ်ချလိုက်တာပါ။ ဥပမာ စာရေးသူက အကျဉ်းထောင်ကိစ္စရေးတာမျိုး၊ ကပစကိစ္စရေးတာမျိုးပါ။ အယူခံလို့မရပါ။ မြန်မာ Facebook အဖွဲ့ အင်တာနက်ရဲခေါင်းဆောင်က တပ်ကပြောင်းသွားခဲ့သူပါ။


ဒုတိယက ဘင်္ဂါလီကို ဟိုနာမည်သွားခေါ်တာနဲ့ သာကောကို ဟိုနာမည်သွားခေါ်ရင် လူမျိုးရေးခွဲခြားလို့သတိပေးခံ အပိတ်ခံရနိုင်တာပါ။


တတိယက စာရေးသူတို့ဒီမိုတွေထဲက အစိုးရဝန်ကြီးတစ်ယောက်ကိုဝေဖန်ရင် သူက အဆိုပါ မြန်မာFacebook အဖွဲ့ကတဆင့် ပိတ်ခိုင်းလိုက်တာပါ။


စတုတ္ထကတော့ ဓာတ်ခဲအဖွဲ့ကိုပြောရင် သူတို့က အုပ်စုလိုက် သတင်းပို့ပြီး Facebook အကောင့် ပိတ်ခိုင်းတာပါ။ Facebook မှာက Artificial Intelligent software ရှိပြီး report ဘယ်နှစ်ယောက်ထုရင် ပိတ်တာမျိုးပါ။


အားလုံးမသိသေးတဲ့အရာလဲရှိပါတယ်။ အဲ့ဒါက ဦးတေဇနဲ့ သူနဲ့ပတ်သက်သူအချို့ကို ဝေဖန်ရင် အကောင့်တုတွေပေါ်လာတာ၊ report အထုခံရတာ၊ မရရင် Myanmar Facebook အဖွဲ့ကို ဘယ်သူကမှန်းမသိပြောပြီး အဆိုပါအကောင့်ကို ပိတ်လိုက်တာပါ။


စာရေးသူတောင် ယခင်က တေဇနဲ့ ပတ်သက်သူအကြောင်းရေးချိန်မှာ ချက်ခြင်းခြိမ်းခြောက်ခံခဲ့ရပါတယ်။ တပ်ချုပ်ကြီး မအလကတောင် မလုပ်ခဲ့ပါ။ နောက် အကောင့်တုတွေနဲ့ လုပ်ပါတယ်။ ယခုMyanmar Now ကို တောင် လုပ်လာတာတွေ့ရပါတယ်။ အချို့သူများက ကွန်ပျူတာ ကျွမ်းကျင်ပြီး စစ်ဖက် အရပ်ဘက် နှစ်ဖက်စလုံးကို ပိုင်ပုံရပါတယ်။ စာရေးသူအသိတစ်ယောက်အကောင့် ဦးဇီးကွက်အကောင့်ဆို ဝိုင်းဆဲ၊ အချို့ဒီမိုများကလဲ ဝိုင်းသမနဲ့ ပြီးတော့ ယခု အပိတ်ခံလိုက်ရပါတယ်။ သူ့အကောင့်ကို Myanmar Facebook အဖွဲ့က ပိတ်လိုက်တာပါ။


စာရေးသူတို့ဟာ ဒီမိုစနစ်မှာ ကြိုက်သူ မကြိုက်သူ ရှိကြမှာပါ။ ယခုအချိန်မှာ အငြင်းမပွါးကြပါနဲ့အုံး။အနီးကပ်ဆုံးရန်သူကို ရှာပြီး တိုက်ကြပါ။ အချို့ကိစ္စတွေမှာ ရယ်စရာအနေနဲ့က ကွီးကို ဘတ်စကားကိစ္စ နေဝင်းမြေးပေးလို့ ဝေဖန်ခဲ့သူတွေက ဟိုခရိုနီအောက်မှာ အလုပ်လုပ်တာကို ခုခံနေကြတာပါ။ ဒီမိုကရေစီမှာ စံတူရပါမယ်။


ဘာဘဲပြောပြော ယခုအချိန်ဟာ ဘုံရန်သူကိုသာ ရှာပြီးတိုက်ပါ။ Myanmar Now နဲ့ စာရေးသူဟာအမြဲတမ်းသဘောမတူနေပါဘူး။ လူ့သဘာဝပါ။ ယခုအချိန်ထိတော့ ကိစ္စနှစ်ခုသာပါ။ဒါပေမယ့် ကယားကိစ္စမှာ သူ့အမြင်သူရေးတာပါ။ သူကွီးကို ဗိုလ်တထောင်ဘုရားကိစ္စရေးချိန်မှာလဲ ကွီးကပြန်ရှင်းချိန်မှာ မြန်မာ့အသံကတောင် မထည့်ပေးဘဲ ဒုက္ခရောက်အောင် လုပ်ထားချိန်မှာ သူက သတင်းသမားပီပီ အသေအချာ ပြန်မေးပြီး တင်ပေးခဲ့ပါတယ်။ တပ်သတင်းလဲ Myanmar Now က တပ်ကိုမေးပြီးမှပြန်တင်ပါတယ်။ Myanmar Now ရဲ့ ဘက်မလိုက်မှု Independent ကို ပြပါတယ်။ လူဆိုတာ မိမိကမှန်တယ်ထင်ရင် မိမိရဲ့အကြောင်းကို သတင်းသမားကမေးချိန်မှာ ဖြေရှင်းလိုက်ရုံပါ။ ဥပမာ တပ်သတင်းကို RFA က နေ့ချင်းမေးဖြေခိုင်းလို့ အချိန်ကန့်သတ်ချက်ကြောင့် မဖြေနိုင်တာ ရှိပါတယ်။ ဒါပေမယ့်နှစ်လ၊ သုံးလလောက်ဆိုရင်တော့ ဖြေဖို့အချိန် လုံလောက်မှာပါ။


Facebook ပေါ်မှတော့ ရေးတာကို သတိထားကြပါ။ စာရေးသူကတော့ အရေးကြီးတာဆိုရင် website ကနေသာ ရေးပါ့မယ်။ website မှာစာရင်းသွင်းထားသူများကိုလဲ ကျေးဇူးပါ။ ယခုအချိန်မှာ အငြင်းမပွါးကြပါနဲ့။ သာဝကိုသာ ဂရုစိုက်ပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Albert Wint
Albert Wint
Nov 08, 2020

တတ်သိ နားလည် နှံ့စပ် အထူးပြု သူများ၏posts များကို အားကိုးဖတ်နေရပါသည် ကျေးဇူးအထူးတင်၏ ကျမ်းမာပါစေ​ေဿ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page