top of page
Search

Drone ကို ပျောက်ကြားစစ်မှာ ဘယ်လိုသုံးကြမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 24, 2021
  • 1 min read

ဒီစာတမ်းက Drone တွေရဲ့ ပျောက်ကြားစစ်အတွက် အသုံးဝင်နိုင်တဲ့ စာတမ်းလေးပါ။ ပညာတတ်တဲ့ Gen Z တွေ ဖတ်နိုင်အောင်ပါ။

ယခုလက်ရှိမှာ ဖက်ဆစ်တပ်ရဲ့ အားသာချက်က လက်နက်ကြီးနဲ့ လေတပ်ပါ။ သူက ပြည်သူ့ဘဏ္ဍာနဲ့လက်နက်ဝယ်ပြီး ပြည်သူ့ကို ပြန်သတ်နေတာပေါ့။

စာရေးသူအနေနဲ့ R2P ကို ဘယ်တုန်းကမှ မမျှော်ခဲ့ပါ။ Drone နဲ့ တိုက်ပေးမလားလို့တော့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်အထိ US UK ကိုမျှော်ပေမယ့် ဖြစ်မလာခဲ့ပါ။ သံရုံးကိစ္စတောင် UK ကမပြတ်သားပါ။ ဒါ့ကြောင့် ယခုရေးတာဟာ လက်တွေ့ကျကျသာ ရေးမှာပါ။ တကယ်က တရုတ်ရဲ့မောင်းသူမဲ့လေယဉ် Chinese-built CH-92A combat drones (UCAVs) ဟာ ၁၅၅ မိုင်လောက်အထိ ပျံသန်းနိုင်ပါတယ်။ သူ့အမြင့်က လေယဉ်ပစ်လက်နက်နဲ့ ပစ်မချနိုင်တဲ့ အမြင့်က ပျံနိုင်ပါတယ်။ နောက်သူက ဒုံးပျံသယ်နိုင်ပြီး FT-8C က အလေးချိန် ပေါင် ၄၄ ဗုံးကို လေဆာနဲ့ ရန်သူကို ၅.၅ မိုင်အကွာကနေ ပစ်နိုင်ပါတယ်။ သူက သန်း၁၀ လောက်ကုန်မှာမိုလို့ စာရေးသူတို့ မတတ်နိုင်ပါ။ ဒါပေမယ့် ဒါမျိုးတွေ ရောင်းပေးသူရှိရင် နေပြည်တော်တို့လေတပ်စခန်းတို့ကို ပစ်နိုင်မှာပါ။ ဒါက NUG က ပေါ်လစီဆွဲသူတွေ ရေရှည်မှာ စဉ်းစားနိုင်အောင်ပါ။

ယခုက လူငယ်တွေအတွက် ပြည်သူတွေအတွက် ရေတိုလက်တွေ့ကျတာ ရေးပါ့မယ်။ ပုံမှန် စျေးကွက်ထဲမှာရောင်းတဲ့ မောင်းသူမဲ့ လေယဉ်တွေဟာ ကင်မရာ ၁၂၆ ဂရမ်လောက် သယ်နိုင်ပါတယ်။ ၃ သိန်းကနေ ၁၀ သိန်းပေါက်ပါတယ်။ ဒီနေရာမှာ လူငယ်တွေက ကင်မရာအစား ဒန်ပေါက် ၁၂၆ ဂရမ်ကို ပြောင်းတပ်ပေးနိုင်ပါတယ်။ ဒီမောင်းသူမဲ့တွေဟာ မိနစ် ၃၀ လောက်ပြန်နိုင်ပါတယ်။ ဥပမာ ဆန္ဒပြသူကို နှိမ်နင်းဖို့လာတဲ့ စစ်ကားထဲကို မောင်းသူမဲ့နဲ့ ဝင်ဒန်ပေါက်ကျွေးလိုက်ရင် ပြည်သူများ ပျော်ရွှင်ရမှာပါ။ ဒီ drone ကိုပစ်တဲ့လက်နက်ဟာ သမ္မတလုံခြုံရေးမှာရှိပေမယ့်လူတိုင်းအတွက် ပေးမထားနိုင်ပါ။ စာရေးသူပြောတာတွေက တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ယိုးဒယား၊ အိန္ဒိယစျေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရပါတယ်။

နောက် ဒီမောင်းသူမဲ့လေယဉ်ကို စစ်လေယဉ်ကွင်းဘေးနားမှာထားပြီး သူတို့ရန်သူကိုတိုက်ဖို့ လေယဉ်ပျံတက်ချိန်မှာ အနှောက်အယှက်ပေး တိုက်ခိုက်လို့လဲ ရနိုင်ပါတယ်။ ဟို တရုတ်နိုင်ငံက မောင်းသူမဲ့ @၀ သန်းကျော်ကို ဝယ်နိုင်ရင်တော့ ပွဲပြတ်မှာပါ။ ဒါပေမယ့် လက်ရှိမှာလဲ စာရေးသူတို့ မြန်မာလူငယ်လေးတွေကတော်ပါတယ်။ စာရေးသူထက် ပိုသိသူများကလဲ ဝင်အကြံပေးနိုင်ပါတယ်။ ရှိတဲ့ မောင်းသူမဲ့၊ မိမိပိုက်ဆံတတ်နိုင်တဲ့ မောင်းသူမဲ့တွေနဲ့ လိုလျှင်ကြံဆ နည်းလမ်းရပြီး ဒန်ပေါက်ပိုကျွေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အရေးတော်ပုံက အောင်မြင်စပြုနေပါပြီ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Commenti


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page