Myat Tun Oo
Dr Eric Yang Vs စစ်ဆေးဆရာဝန်များ
မနေ့က DASSK နဲ့ Mask ပြိုင်ပွဲမှာ ဆုရသူများစကားအပြန်အလှန်ပြောကြပါတယ်။ အဆိုပါစကားပြောသူများထဲက Dr Eric Yang က ဆရာဝန်ကြီးပါ။ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းက ၁၉၉၁ မှာ ဆယ်တန်းအောင်ပြီး ရန်ကုန်ဆေး (၁) ကနေ ကျောင်းပြီးခဲ့ပါတယ်။
သူက မိမိအားမိမိကိုးပြီး ယူကေကိုထွက်ခါ နောက်ပိုင်းမှာ အမေရိကန်မှာ အခြေစိုက်ပြီး အထူးကုဆရာဝန်ဖြစ်သွားတာပါ။ သူက DASSK ကို အမေလို့ခေါ်ပြီး သူလိုကမ္ဘာ့အတွေ့အကြုံရှိသူက လက်ရှိအစိုးရရဲ့ ကိုင်တွယ်ပုံဟာ ရှိတဲ့အရင်းအမြစ် resources ထက်စာရင် အင်မတန်ကောင်းပါတယ်အောင်မြင်ပါတယ်လို့ပြောခဲ့ပါတယ်။ DASSK ကတောင် ဇွန်လအပြီးလောက်မှသာ ပြောနိုင်မှာဖြစ်ကြောင်း ထိန်းပြောသွားခဲ့ပါတယ်။ ပြောလိုတာက စာရေးသူရေးလို့ အစိုးရကိုင်တွယ်ပုံကိုအကောင်းထင်တာမဟုတ်ဘဲ ယခုလို အမေရိကန်ရောက် မြန်မာဆရာဝန်တစ်ဦးကပြောတာကိုနှိုင်းယှဉ်ကြည့်လို့ရအောင်ပါ။
ဒါပေမယ့် စစ်ဆေးကဗိုလ်မှူးဝင်းမင်းထွန်းကတော့ “ချေးငွေတွေခဏခဏချေးပြီး စနစ်တကျမသုံးရင်လူနာတွေ ICU ထဲမရောက်ဘဲ တိုင်းပြည်စီးပွါးရေး ICU ထဲ ရောက်သွားမယ်လို့” ပြောခဲ့တာပါ။ သူကမေးခွန်းထုတ်ရာမှာလဲ ကပ်ရောဂါများ မကြာခဏဖြစ်တယ်ဆိုပြီး မဟုတ်တာပြောသွားခဲ့တာပါ။ သူတင်မဟုတ်ဘဲ သူ့သူငယ်ချင်း အခြားစစ်ဆေးများကလဲ Facebook ပေါ်မှာ သူ့လို အစိုးရမကောင်းကြောင်းသာ ရေးတာတွေ့ရပါတယ်။
သူတို့တွေ ဘာကွာလဲဆိုတော့ သူတို့တွေဟာ Dr Eric Yang လို ကိုယ်တိုင်ကြိုးစားပြီး အောင်မြင်လာတာမဟုတ်ဘဲ အခြောင်သမားစိတ်၊ ကြီးနိုင်ငယ်ညှင်းစိတ်၊ ပြည်သူကို ရန်သူထင်တဲ့စိတ်နဲ့ ကြီးပျင်းလာလို့ သာတူညီမျှဆိုတာကို မသိနိုင်ဘဲ မိမိတို့ရဲ့ အသာရနေတဲ့ အခွင့်ထူးခံအဆင့်ကို ဒီမိုအစိုးရက မဖျက်နိုင်အောင် ဒီမိုအစိုးရကို တိုက်နေပုံပါ။
Dr Eric Yang ကတော့ အမှန်တရားကို ပြည်သူအများသိအောင် ပြောသွားလို့ကျေးဇူးပါ။ ပညာရှင်ပြောမှ ယုံကြည်လိုသူများလဲ ဒီအစိုးရရဲ့ ကိုင်တွယ်ပုံဟာ မိမိမှာရှိတဲ့ အရင်းအမြစ်ထက်စာရင် အများကြီးကောင်းတယ်ဆိုတာ သိလာမှာပါ။
သူနဲ့ အစိုးရကို အပုတ်ချတဲ့ စစ်ဆေးတွေက ကောင်းကင်က လမင်းကြီးနဲ့ လမင်းကိုဟောင်တဲ့ ခွေးတွေလို ကွာနေပါတယ်။