top of page
Search

DASSK Facebook သုံးခြင်း၏ အကျိုးကျေးဇူး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 2, 2020
  • 1 min read

ဒီနေရာမှာ အတိုက်အခံ အများစုက ဝေဖန်လေ့ရှိတာက သူမဟာ အောက်ခြေမှာ ဖြစ်နေတာတွေကို သိလားဆိုတာဖြစ်ပါတယ်။ ဒီနေရာမှာ အောက်ခြေက ဘာအကြောင်းလဲဆိုတာ ရှိပါတယ်။

ပထမကတော့ သူမရဲ့ ဝကခတွေ ဘာလုပ်လဲဆိုတာပါ။ ဒါကတော့ မဆိုင်းမတွ သိတယ်လို့ ပြောပါ့မယ်။ ဘယ်လိုသိလဲဆိုတော့ သူတို့လုပ်တာကို သမ္မတရုံးတင်ရလို့ပါ။ ဒီကနေ လွတ်သွားတယ်ဆိုပါစို့။သူမအနားက ကိုဇော်ဌေးတို့ အစ်ကိုကြီးမင်းသူတို့က သူမကိုပြောပါတယ်။ သူတို့ရဲ့နောက်ခံက ပါတီကမဟုတ်လို့ သူတို့က ဝကခတွေလုပ်တာကို မညှာတမ်းတင်ပြလေ့ရှိပါတယ်။

နောက်က ပြည်ထောင်စုဝန်ကြီးအဆင့်ပါ။ ဒီမှာတော့ မတင်ပြဖြစ်တာလေးတွေ ရှိနိုင်ပါတယ်။ စက်မှုတို့၊ ဆည်မြောင်းတို့ပေါ့။ အချို့က အဘနဲ့အဆင်ပြေရင် အထက်ကို မတက်တာလဲရှိပါတယ်။ပညာရေးကိစ္စမှာလဲ သူမသိတာ နောက်ကျသွားခဲ့ပုံပါ။ ဒါတွေကတော့ သူမရဲ့ ကိုယ်စားလှယ်တွေ ပါတီက ဝကခအချို့ထံကမှ ပြန်သိလို့ ကြာနိုင်ပါတယ်။

အများစုကတော့ တပ်နဲ့ တိုင်းရင်းသားနယ်မှာ ဖြစ်တာတွေပါ။ ဒါမျိုးတွေက သတင်းတွေမှာ ပါပေမယ့်BBC, VOA, RFA တို့က ဘက်လိုက်သလိုဖြစ်တာရယ် လိုရင်းမရောက်တာရယ်ကြောင့် သူမ နားမထောင်ရင် မသိနိုင်ပါ။ ဒါပေမယ့် Facebook ပေါ်မှာတော့ အားချိန် လိုင်းပေါ်တက်ရင် ပြည်သူတွေကတင်ထားတာတွေ ထိပ်ပိုင်းသတင်းတွေကို သိနိုင်ပါမယ်။ ဒါကြောင့် အောက်ခြေကလူတွေလဲ ယခင်ကထက် ပိုသတိထားလာနိုင်သလို သူမကိုမတင်ပြတဲ့ ပြဿနာအချို့လဲ အလွယ်တကူသိလာနိုင်ပါမယ်။

အရေးကြီးဆုံးကတော့ ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်လို့ ကောလဟာလကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်လာမှာပါ။ သူမရဲ့ star power က ဘယ်လောက်ကြီးလဲဆိုတာ သူမနောက်လိုက်အင်အားကို ကြည့်ရင်သိနိုင်ပါတယ်။ သူမကို ကြိုက်တဲ့လူ တစ်သိန်းမှာ တစ်ထောင်လောက်က ဟဟပေးတာဟာ ၀.၁% ရှိတာပါ။ ဒါကြောင့် သူမရဲ့ Facebook ကိုသုံးတဲ့ နည်းဗျူဟာက COVID 19 အတွက်ရော အနာဂတ်အတွက်ပါ ကောင်းတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page