top of page
Search

DASSK အစိုးရအဖွဲ့ ဝန်ကြီးများကို လေးနှစ်တာ သုံးသပ်ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 5, 2020
  • 1 min read

Updated: May 6, 2020



လက်ရှိဒီမိုအစိုးရဟာ ၂၀၁၆ မှာ အာဏာရလာခဲ့ပြီး ၂၀၂၀ ဧပြီလမှာ လေးနှစ်ပြည့်ခဲ့ပါတယ်။

ယခုသုံးသပ်ရာမှာ

တပ်ကခန့်တဲ့ ဝန်ကြီးသုံးဦးအချင်းချင်းနှိုင်းယှဉ်တာ၊ မိုးကျဝန်ကြီး အချင်းချင်းနှိုင်းယှဉ်တာနဲ့အရပ်သားဝန်ကြီးများကို နှိုင်းယှဉ်ပြပါမယ်။ အမှတ်ပေးရာမှာ ‘၀’က အညံ့ဆုံးဖြစ်ပြီး ၁၀ က အတော်ဆုံးပါ။

စစချင်းတပ်ကခန့်တဲ့ ဝန်ကြီးသုံးပါးရဲ့ လုပ်ရည်ကိုင်ရည်ကို နှိုင်းယှဉ်ကြည့်ရအောင်? DASSK နဲ့အရင်းနှီးဆုံးကတော့ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေပါ။ သူက ပြည်ထဲရေးကိုကောင်းအောင် ပြောင်းလဲနိုင်ခဲ့သလားဆိုတော့ ဘာမှ အကြီးအကျယ်မပြောင်းနိုင်ခဲ့ပါ။ ဒါပေမယ့် သူက ထွေအုပ်ကို အရပ်သားအောက်ပြောင်းတာကို ၂၀၁၈မှာ သဘောတူခဲ့ပါတယ်။ ဒါကလွဲရင် ပြည်ထဲရေးက ဘာမှထင်ထင်ရှားရှားပြောင်းလဲမှုမရှိခဲ့ပါ။ ပြသစရာ တစ်ခုရှိလို့ သူ့ကို ၄/၁၀ အမှတ်တစ်ဆယ်မှာ လေးမှတ်ပေးလိုက်ပါတယ်။

ဒုတိယကတော့ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းပါ။ သူက ကာကွယ်ရေးဝန်ကြီးပါ။ သူ့လက်အောက်မှာတပ်မတော်ဟာ ရန်သူတိုက်ခိုက်ခြင်းခံရသောလဲ တာဝန်ရှိသူညွှန်ချုပ်ကို အရေးမယူနိုင်ခဲ့ပါ။တပ်မတော်ဟာ သူ့အောက်မှာလူထုရဲ့ထောက်ခံမှုပိုမိုကျဆင်းခဲ့ပါတယ်။ သူဟာ တပ်မတော်အရာရှိထဲမှာ ရိုးသားသူဖြစ်ပြီး သူ့ထမင်းဘူးနဲ့သူရုံးတက်သူပါ။ ဒါက လူနဲ့မဆိုင်ဘဲ သူ့ရဲ့ခေါင်းဆောင်မှု၊အုပ်ချုပ်မှု စီမံခန့်ခွဲမှု ညံ့လို့ပါ။ သူ့ရဲ့အမှတ်ကတော့ ၁/၁၀ သာပေးပါမယ်။ သူ့လက်ထက်မှာ မေမြို့အထိ ရန်သူဝင်အတွက်ခံရတဲ့ ဝန်ကြီး ICC ကို တရားစွဲခံရသူ သက်တမ်းလွန်ညွှန်ချုပ်ကို အလုပ်မထုတ်နိုင်သူအဖြစ် နာမည်ကျန်ခဲ့မှာပါ။

တတိယလူကတော့ ဒုဗိုလ်ချုပ်ကြီးရဲအောင်ပါ။ သူ့ရဲ့နယ်စပ်ရေးရာဟာလဲ ဘာမှမလုပ်သလို ဘာမှလဲမထူးပါ။ နယ်တွေရဲ့စည်ပင်က သူ့အောက်မှာပါ။ သူကတော့ ဘာမှအသံမထွက်သလို ဘာမှလဲ ထူးထူးခြားခြားမရှိပါ။ သူ့ကိုတော့ ၃/၁၀ ပေးရမလိုပါ။

ပြီးရင် မိုးကျဝန်ကြီးတွေကို ယှဉ်ပြပါ့မယ်

ပထမက သာဝန်ပါ။ သူကတော့ တကယ့်ကို ဒီမိုဘက်ပြောင်းလာသူပါ။ ဒါကြောင့်လဲ သူ့ကို တပ်ကအရေးယူဖို့ပြောလာရတဲ့အထိပါ။ သူ့လက်ထက်မှာ အန္တရာယ်တွေများတဲ့ကြားက ရှင်းသင့်သူတွေကိုအရေးယူရှင်းလင်းလာခဲ့ပါတယ်။ သူက ဒီမိုဘက်ပါလာသူ လုပ်ရည်ကိုင်ရည်မှာလဲ အောက်ခြေက အဘတတွေရှိတဲ့ကြားကလုပ်သင့်သလောက်လုပ်နိုင်သူမိုလို့ ၇/၁၀ ပေးလိုက်ပါတယ်။ သူဟာ DASSK ကိုအလွန်သစ္စာစောင့်သိတာနဲ့တင် ၅ မှတ်အထက်ပေးလို့ရသွားပါပြီ။

ဒုတိယကတော့ အလုပ်သမားဝန်ကြီးပါ။ သူကအေးပါတယ်။ မလုပ်မရှုတ် မပြုတ်ပါ။ သူကဘာမှမလုပ်လို့ ဘာမှစကားအမှားမရှိပါ။ ဘာမှလဲ ဝင်ဖြေရှင်းတာ လုပ်တာမရှိပါ။ ဟိုအမိန့်စာကို နောက်ကျမှထုတ်လို့ အပြောခံရတော့ DASSK က ဝင်တောင်းပန်လို့ပြီးသွားခဲ့ပါတယ်။ သူကတော့ ၅/၁၀ ပါ။ သူ့အရည်အချင်းကတော့ ဘာသံမှမထွက်အောင် နေနိုင်ခြင်းပါ။

တတိယကတော့ ဆရာမင်းသူပါ။ သူ့ကို အစိုးရအဖွဲ့ရုံးဝန်ကြီးဖြစ်ခန့်ပြီး ၂၀၁၈ ထဲက အုပ်ချုပ်ခိုင်းခဲ့ပါတယ်။ ယခုအချိန်အထိ အောက်ခြေကထွေအုပ်တွေရဲ့ ပြုပြင်ပြောင်းလဲမှုဟာ မမြင်ရသေးပါ။ဟောက်စားလုပ်သူကလုပ်ဆဲ အာဏာပြသူကပြဆဲပါ။ အစိုးရနဲ့ဆက်ဆံရာမှာ ပြည်သူတွေအနေနဲ့ကထွေအုပ်နဲ့တွေ့ရတာပါ။ ထွေအုပ်ပြောင်းမှ ပြည်သူတွေအနေနဲ့ အစိုးရပြောင်းတယ်လို့ ခံစားရမှာပါ။ယခုအချိန်အထိကတော့ ထင်သာမြင်သာတဲ့ ပြောင်းလဲမှု ထွေအုပ်တွေမှာ မရှိသေးပါ။ ရှမ်းပြည်ဆိုရင်တောင်ကြီးကလွဲလို့ အခြားနေရာတွေမှာ ဒီမိုအစိုးရအုပ်ချုပ်နေမှန်းတောင် မသိသာပါ။ ထွေအုပ်တွေဟာ စစ်ဒေသကွပ်ကဲရေးမှူးတွေရဲ့အမိန့်ကိုနာခံပြီး သူတို့ရဲ့ သာရေးနာရေးပွဲကို အဓိက လိုက်လုပ်ပေးနေကြလို့ပါ။ သိပ်မကြာသေးလို့ ပြုပြင်ပြောင်းလဲမှုက အချိန်ယူရနိုင်ပေမယ့် ယခုအချိန်အထိတော့ အဘကထားခဲ့သူများနဲ့ မျှောလိုက်နေတာတွေ့ရပါတယ်။ သူကတော့ ၃/၁၀ သာရပါမယ်။ အောင်မှတ်မရပါ။ သုံးမှတ်က DASSK နဲ့ ရင်းနှီးလို့သာ ပေးထားတာပါ။

ဒီနေရာမှာ သူတို့ရဲ့ နောက်ခံတူသူချင်း ယှဉ်ပြတာပါ။

နောက်မှ ကျန်သူများကို ဆက်ရေးပါ့မယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page