top of page
Search

DASSK အစိုးရကြောင့် လက်ဆောင်ရလိုက်သောရေငုပ်သင်္ဘော

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 28, 2020
  • 1 min read

တပ်မတော် (ရေ) မှာ ရေငုပ်သင်္ဘောလိုချင်တဲ့ ရည်မှန်းချက်က ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ ယခုလက်ရှိ စစ်ဦးစီးအရာရှိ(ရေ) ဒုဗိုလ်ချုပ်ကြီးမိုးအောင် ဒုဗိုလ်မှူးကြီး လက်ထက်ကထဲက ရေတပ်ကလူတွေကို အိန္ဒိယသွားပြီး ရေငုပ်သင်္ဘောနဲ့ ဆက်စပ်တဲ့ အရာမှန်သမျှကို သင်ယူနေခဲ့တယ်ဆိုတာလဲ မှန်ပါတယ်။ ရုရှားလဲ ပါပါတယ်။ ရည်ရွယ်ချက်ကတော့ ရုရှားထံက အနာဂတ်မှာ ဝယ်မလို့ပါ။


၂၀၁၆ NLD အစိုးရတက်လာအပြီးမှာ အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ တိုးတက်လာခဲ့ပါတယ်။ ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲဆိုရင် အိန္ဒိယက ဒီရေငုပ်သင်္ဘောကို လက်ဆောင်ပေးတဲ့အထိ ဖြစ်ခဲ့တာပါ။ အိန္ဒိယဟာ ဒီမိုစစ်စစ်နိုင်ငံဆိုတာ အားလုံးသိမှာပါ။ တပ်ချုပ်ကြီးက တပ်အချင်းချင်း စကားပြောပေမယ့် အိန္ဒိယရဲ့ သဘောအရ နိုင်ငံခြားရေးရုံးက ပြည်ပဆက်ဆံရေးကို ကိုင်ထားပါတယ်။ ဒီလိုပေးမယ့်အကြောင်းကို မြန်မာသံရုံးကနေတဆင့်လဲ အကြောင်းကြားကောင်း ကြားနိုင်ပါတယ်။ အထက်ကိုမတင်တာလား တင်ပေမယ့် DASSK က စိတ်ထဲမှာဘဲထားထားလားတော့ မသိပါ။


ဒါနဲ့သင်္ဘောကြီး မြန်မာပြည်ထဲကို ရောက်လာခဲ့ပါတယ်။ မြန်မာအစိုးရကရော မြန်မာ့တပ်မတော်ကပါအိန္ဒိယအစိုးရကို ကျေးဇူးတင်စကား မပြောပါ။ အစိုးရကတော့ လက်ဆောင်ရတာမသိလို့လဲ ဖြစ်နိုင်ပါတယ်။ တပ်ချုပ်အနေနဲ့က မိမိလက်ဆောင်ရရင်လဲ လက်ဆောင်ရကြောင်း ကျေးဇူးတင်ကြောင်းပြောသင့်ပါတယ်။ မကြေညာခဲ့ မပြောခဲ့ပါ။ ဒါနဲ့ နောက်ဆုံးမှာ အိန္ဒိယက နိုင်ငံခြားရေးအတွင်းဝန်နဲ့ သူ့စစ်ဦးစီးချုပ်ကို လွှတ်ပြီးဆွေးနွေးပွဲမှာ ပြောခိုင်းပုံပါ။ အိန္ဒိယအဖွဲ့မှာက နိုင်ငံခြားရေး အမြဲတန်းအတွင်းဝန်က အထက်ကဖြစ်ပြီး အိန္ဒိယတပ်ချုပ်က ညွှန်ချုပ်မိုလို့ အတွင်းဝန်အောက်ကအနေနဲ့ လိုက်လာခဲ့တာပါ။ သူတို့ပြန်သွားပေမယ့်လဲ တပ်ထဲမှာ ဘာမှမကြေညာခဲ့ပါ။ မာစီးဒီးနဲ့ ထော်လာဂျီသာခေတ်စားသွားခဲ့ပါတယ်။


ဘာမှမပြောလို့ အိန္ဒိယက သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်ကို ရေငုပ်သင်္ဘောလက်ဆောင်ပေးလိုက်ကြောင်း ထုတ်ပြောရပါတော့တယ်။ မဟုတ်ရင် အိန္ဒိယတပ်က စာရင်းစစ်ခံရမှာဖြစ်ပြီးရောင်းထားတာဆိုရင် ပိုက်ဆံတွေ ပြရမှာပါ။


အချို့ကိစ္စတွေက အလကားရရင် အလကားရတယ်လို့ ပြောလိုက်ပါ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလို့ ပြောပါရစေ။ ဒီလိုသင်္ဘောကို အဘတွေအစိုးရလုပ်ချိန်က လက်ဆောင်မရခဲ့ပါ။ စိတ်ကူးနဲ့ စီမံကိန်းတော့ စွဲလို့ရပါတယ်။ စိတ်ကူးထဲမှာ F35 လဲ ဝယ်လို့ရပါတယ်။


တပ်မတော်သားများလဲ တပ်မတော်ကြီးကို အင်အားရှိစေလိုရင် လက်နက်ပစ္စည်းအသစ်များ ဝယ်ပေးတဲ့ လက်ဆောင်ရနိုင်တဲ့ NLD အစိုးရကိုသာ မဲပေးကြပါလို့ တိုက်တွန်းပါရစေ။ ဒါဟာ တပ်ချုပ်ရဲ့ မူဝါဒနဲ့လဲ ညီနေပါတယ်။

News Credit: Nikkei Asia

 
 
 

1 Comment


Albert Wint
Albert Wint
Oct 28, 2020

အများနဲ့လုပ်ရတဲ့အလုပ် နိုင်ငံရေးအလုပ်ဟာရိုးသားရမယ်လို့ဟံသာဝတီ ဦးဝင်းတင်ကပြောခဲ့ပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page