top of page
Search

DASSK အခြေအနေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 28, 2023
  • 1 min read

ree

စာရေးသူ ဇွန် ၁ ရက်က ဒါလေး

ရေးခဲ့တာ အားလုံးဖတ်မိမှာပါ။ တရုတ်ကဘာတွေသတိပေးခဲ့လဲဆိုတာလဲ ရေးပြီးသားပါ။ ဒုတိယထွက်ပေါက်ကိုလဲ

ရေးပြပြီးသားပါ။ ယုံသူ မယုံသူရှိနိုင်ပါတယ်။

ထပ်ပြောလိုတာက DASSK ထိုင်းဒုဝန်ကြီးချုပ်နဲ့တွေ့စဉ်က ထောင်ထဲကနေ သွားတွေ့တာပါ။ ထောင်ထဲကနေသွားတွေ့အပြီး ထိုင်းဒုဝန်ကြီးချုပ်က ပြောင်းဖို့ပြောအပြီးမှာမှ ဒီအပတ်ထဲ ပြောင်းတာပါ။

ထိုင်းကိုဘာကြောင့် ကြောက်လဲဆိုတော့ ထိုင်းမှာ မအလသားသမီးတွေကို ကိုင်နိုင်တဲ့ အချက်အကြီးကြီးရှိလို့ပါ။မိဘမေတ္တာအရ စီးပွါးရေးပိတ်ဆို့တာ မမှုပေမယ့် တိုင်းပြည်ပျက်မှာ မမှုပေမယ့် မိမိသားသမီးကို ဖမ်းဝရမ်းအထုတ်ခံရမှာကိုတော့ မကြိုက်ပါ။

ယခု အကျယ်ချုပ်ပြောင်းပါပြီ။ တီတီနဲ့တွေ့ပါပြီ။ ဒါက ရာပြည့်တို့နဲ့ တင်ပြတာရဲ့အဆက်ပါ။ နောက် ဦးမင်းသူ၊ ဒုသမ္မတတို့နဲ့ ပေးတွေ့နိုင်ပါတယ်။ စီစဉ်တယ်လို့ရေးအပြီး ဖျက်သွားရင်တော့ မပြောတတ်ပါ။ သူမတွေ့ဖို့ တောင်းထားသူများ မဟုတ်ပါ။ နောက်ပိုင်း ဘရွှေနဲ့ တွေ့ဖို့အထိရှိနိုင်ပါတယ်။ မေးခွန်းက DASSK ကို သူတောင်းဆိုထားတဲ့NLD CEC အားလုံးနဲ့ ပေးတွေ့မလားဆိုတာပါ။ အနည်းဆုံး သမ္မတကြီး ဦးဝင်းမြင့်၊ မန်းဒုဝန်ကြီးချုပ်ဒေါက်ဇော်တို့ပါ။  သူမတောင်းဆိုထားတာက NLD CEC အားလုံးမိုလို့ ထောင်ထဲကလူပါ ပေးတွေ့ရမှာပါ။ သူမတွေ့ဖို့ပြောရာမှာဦးဖြိုးမင်းသိမ်းကအစ ပြည်ပရောက် NLD CEC အားလုံးပါ။ ဒါက စရဖကို အံ့အားသင့်စေခဲ့ပါတယ်။


ပြည်သူတွေကတော့ အာရုံမများပါနဲ့။ NUG အောက်က PDF ကို ဆက်ထောက်ပံ့ပါ။ စစ်တပ်ထဲမှာ တိုင်းမှူးကအစအာဏာဖီဆန်လို့ ဖမ်းစစ်ရတဲ့အခြေအနေပါ။ အသေးစိတ်က နောက်မှရေးပါ့မယ်။ သူက တကယ်ပြေလည်ဖို့ထက်အကျပ်ရိုက်လို့ ထွက်ပေါက်ရှာတာပါ။ ယခုတရုတ်ကလဲ ဒီမိုကိစ္စမဟုတ်ပေမယ့် သူ့တိုင်းပြည်ကို ဝ ထဲကနေ ဒုက္ခပေးနေတဲ့ကိစ္စ မအလကို ရှင်းခိုင်းထားပါတယ်။ မအလခံနေရတဲ့ ဖိအားကတော့ မနည်းပါ။ ပြည်သူညီရင် ပန်းတိုင်က မဝေးတော့ပါလို့သာ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page