top of page
Search

DASSK ရဲ့ NUG နဲ့ CRPH အပေါ် သဘောထား

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 25, 2021
  • 1 min read

ဒီစာကို ရေးသင့် မသင့်စဉ်းစားပါတယ်။ သတင်းအရင်းအမြစ်ကို မသိစေချင်လို့ပါ။ ယခုနောက်ပိုင်းကယခင်ကလို သတင်းရဖို့က ခက်ပါတယ်။

ပထမက DASSK အဖမ်းမခံရခင် တစ်နှစ်အတွင်းပါ။ ထိုအချိန်မှာ DASSK နားကို ကပ်လို့ရတဲ့ NLD အမာခံတွေ နည်းသွားခဲ့ပါတယ်။ အဆိုတော်လင်းလင်းတို့တောင် ကပ်မရဘဲ ဖြစ်နေစဉ်သူမရဲ့ NLD သက်တော်စောင့်လဲ ရုတ်တရက်ဆုံးပါးသွားခဲ့ရပါတယ်။ ဘထိန်နဲ့လဲ နိုင်ငံ့အရေး မဆွေးနွေးပါ။ ကွီးဖြိုးနဲ့လဲ မဆွေးနွေးပါ။ ထိုအတောအတွင်း သူမသိတာဟာ သူမနားကလူများ ဇော်ဌေးနဲ့ မိုးကျများစစ်တပ်ခန့် ဝန်ကြီးများရဲ့ တင်ပြမှုသာပါ။ အကြောင်းအရာအချို့ကို ရွေးကောက်ပွဲ NLD CEC တွေနဲ့တွေ့ဆုံမှ သူမသိပါတယ်။ အဖမ်းမခံရခင် ရက်ပိုင်းအလိုမှာမ ယခင်က NLD လူဟောင်းလင်မယားကိုပြန်ခေါ်ထားခဲ့ပါတယ်။ တပ်နဲ့တွေ့ဆုံဆွေးနွေးတဲ့အဖွဲ့ဟာ ဇော်ဌေး၊ ဦးကျော်တင့်ဆွေတို့အဖွဲ့ပါ။ NLD CEC တွေ မပါခဲ့ပါ။


အဖမ်းခံရချိန် သူမရဲ့အိမ်မှာ ရေဒီယိုမရှိပါ။ တီဗီတော့ရှိပါတယ်။ ဒါကလဲ မြဝတီနဲ့ MRTV သာအလွန်ဆုံးပါ။ iPad နဲ့ ဖုန်းက သူမရိုက်ခွဲ ဖျက်လိုက်လို့မရှိပါ။ သူမနားကလူတွေလဲ နောက်ပိုင်းဘာအင်တာနက်မှ ပေးမသုံးပါ။ မအလဂျပု DASSK ကို ထားတာဟာ ယခင်ဘရွှေလက်ထက်ကထက် ပိုတင်းကြပ်တာ တွေ့ရပါတယ်။


DASSK ကို ပထမ ဦးဝင်ထိန်ထုတ်တဲ့စာဟာ သူမရေးတာလားလို့ မေးပါတယ်။ သူမက သူမရေးတာဟုတ်မှန်ကြောင်း ပြောပါတယ်။ ဒါ့ကြောင့် သူမကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပါတယ်။

နောက် DASSK ကို CRPH အပေါ်သဘောထား စရဖက မေးပါတယ်။ အထက်ကို သတင်းပို့တာကတော့ CRPH ဟာ ပြည်သူကတင်ထားတဲ့ ကိုယ်စားလှယ်တွေက ရွေးထားတာမိုလို့ သူတို့ဖွဲ့တာဟာပြည်သူ့ဆန္ဒအတိုင်းသာဖြစ်ပြီး သူမက ပြည်သူ့ဆန္ဒကို လိုက်နာရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။


နောက်သူမကို NUG ဖွဲ့ကြောင်း သူမကို အတိုင်ပင်ခံ ခန့်ထားကြောင်း သူမလက်ခံလားဆိုတာနဲ့သဘောထားကို မေးပါတယ်။ သူမပြန်ဖြေတာကို အစီရင်ခံတာက NUG ကို CRPH ကဖွဲ့လို့ ပြည်သူကသူမကို ခန့်အပ်တာဆိုရင် သူမက ပြည်သူကိုယ်စား လက်ခံရမှာဖြစ်ကြောင်း NUG ဟာ လိုအပ်ချက်အရ ပြည်သူကဖွဲ့တာကို လက်ခံကြောင်းပါ။ သူမကို ပြောတာက NUG ဖွဲ့တယ် သူမကို အတိုင်ပင်ခံဆိုတာသာပြောပြီး သူမပြန်မေးမှသာ သတင်းအနည်းငယ်ပြန်ပေးခဲ့ပုံပါ။ သူမက NUG မှာ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာဇော်ဝေစိုး၊ Dr Sasa၊ မဇင်မာအောင်နဲ့ ဆရာဦးဝင်းမြတ်အေး၊ ဝန်ကြီးချုပ်ဦးမန်းဝင်းခိုင်သန်းဆိုတာကို အချို့ကို သတင်းစာမှနေသိပြီး အချို့ကို စစ်ဆေးသူထံက သိပုံပါ။ သူတို့က Dr Sasa ကို ဘာညွှန်ကြားလဲမေးပေမယ့် သူမ ပြန်မဖြေပါ။


သူမဟာ လူတွေကို အများအပြားသတ်တာ မင်းတပ်နဲ့ အခြားမြို့တွေက ပုန်ကန်နေတာကိုတော့ မသိသေးပါ။ သူမသိတာ လူတွေ CDM လုပ်တာ ဆန္ဒပြတာပါ။ ဒါပေမယ့် သတင်းစာကနေတော့ သူမ သိမှာပါ။ အတိမ်အနက်သာ ကွာမှာပါ။


အကျဉ်းချုပ်ရရင် DASSK က CRPH နဲ့ NUG ဖွဲ့တာကို ထောက်ခံကြောင်း NUG လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း သူတို့ရဲ့ အစီရင်ခံစာတွေက ပြနေပါတယ်။ ဒါ့ကြောင့်လဲ ရှေ့နေတွေနဲ့လွတ်လွတ်လပ်လပ် ပေးမတွေ့တာပါ။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့လဲ DASSK ထောက်ခံတဲ့ NUG အစိုးရကိုအမြန်အသိအမှတ်ပြုပြီး လေယဉ်ပစ်လက်နက်တွေ လက်နက်ကြီးတွေကို PDF အတွက် ထောက်ပံ့ပါလို့ တိုက်တွန်းပါရစေ။ အသိအမှတ်ပြုတဲ့နိုင်ငံတွေက မြန်မာပြည်သူတွေရဲ့ မိတ်ဆွေအစစ်ပါ။



 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page