top of page
Search

DASSK ရဲ့ NLD အစိုးရ အောင်မြင်မှာကို သူတို့ဘာကြောင့် မကြိုက်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 15, 2019
  • 1 min read

DASSK ရဲ့ NLD အစိုးရ အောင်မြင်မှာကို သူတို့ဘာကြောင့် မကြိုက်လဲ

ပထမဆုံးကတော့ NLD အစိုးရကိုမကြိုက်တာက ဖွတ်တွေပါ။ ဘာကြောင့်လဲဆိုတော့ မခိုးရတော့လို့ပါ။ ယခင်ကဆို ရထားဝန်ကြီးမှသည် လျှပ်စစ်အထိ အကုန်ခိုးလို့ရခဲ့ပါတယ်။ ယခု ဖွတ်တွေဟာအစိုးရမဖွဲ့နိုင်တော့လို့ မခိုးရတော့လို့ NLD အစိုးရကို မကြိုက်ပါ။ သူတို့ဟာ တစ်ယောက်ကို တစ်နှစ်ဒေါ်လာတစ်သန်းလောက်ခိုးလို့ ငွေဝင်နေရာကနေ မဝင်တော့တာပါ။ ဘယ်သူမဆို နိုင်ငံခြားမှာ သေအောင်လုပ်တာတောင် တစ်နှစ်တစ်သန်းရဖို့ မလွယ်ပါ။

ထို့အတူ အဘနဲ့အဆင်ပြေစွာ ခိုးလို့ရခဲ့တဲ့ ခရိုနီတွေဟာလဲ NLD အစိုးရကို မကြိုက်ပါ။

ဘင်တွေကလဲ ယခင်ကလို အဘနဲ့ပေါင်းပြီး ခိုးဝင်ရုံမက လွှတ်တော်ထဲပါ ဝင်လို့ရပေမယ့် NLD အစိုးရလက်ထက်မှာ ဥပဒေနဲ့ တင်းကျပ်လာလို့ မကြိုက်ပါ။ သူတို့ဟာ ခိုးဝင်ရတာ ခက်လာသလို NLD အစိုးရက စည်းကမ်းနဲ့လုပ်လာလို့ အနေကျပ်လာခဲ့ပါတယ်။ ကိုဖီအာနန်ကြောင့် သူတို့အနေကျပ်လာတာကို မလိုလားပါ။

စတုတ္ထအုပ်စုကတော့ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်သူပုန်များပါ။ သမ္မတရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံကိန်းက သူတို့ရဲ့ ဝင်ငွေကို နည်းစေခဲ့ပါတယ်။ NLD တက်လာချိန်မှာ ငြိမ်းချမ်းရေးအတွက် ဦးစားပေးလုပ်ခဲ့ပါတယ်။ သူတို့စိတ်ဝင်စားတာက နယ်မြေများများ ရယူထားဖို့နဲ့ ကားသွင်း၊သစ်ခုတ်ရောင်း၊ သယံဇာတရောင်းဖို့ပါ။ နောက် DASSK ရဲ့ ငြိမ်းချမ်းရေးသာအောင်မြင်ခဲ့ရင်လက်နက်စွန့်ရမှာဖြစ်လို့ သူတို့ဟာ မလိုလားခဲ့ပါ။ ဥပမာ ရခိုင်မှာဖြစ်လိုတာက ဒေသခံအာဏာရှင်စနစ်ကိုသာ ထူထောင်လိုတာပါ။

နောက်နိုင်ငံခြားက တိုင်းရင်းသားအမည်ခံအဖွဲ့တွေကလဲ မြန်မာပြည်မှာသာ ငြိမ်းချမ်းရေးရခဲ့ရင် သူတို့ရဲ့ ဂွင်ပျောက်ပြီး လုပ်စားမရမှာစိုးလို့ အော်အော်ပေးနေရပါတယ်။ ယခင်က စစ်အစိုးရရှိချိန်မှာဒုက္ခသည်အဖြစ် နည်းမျိုးစုံနဲ့ လျှောက်လို့ရတဲ့ဂွင်ကို ကိုင်ထားကြပြီး ယခုအချိန်မှာ ဘင်ကလွဲရင် မရတော့လို့ ဆန္ဒပြပွဲလေးတွေလုပ်ပြီး ဂွင်ဖန်ရတာပါ။

သတင်းသမားတွေကလဲ မြန်မာပြည်ငြိမ်းချမ်းရင် သူတို့အလုပ်ပြုတ်မှာမိုလို့ မလိုလားပါ။ ဥပမာ ဘီဘီစီမြန်မာပိုင်းကို အင်္ဂလိပ်က လျှော့ချဖို့ ကြိုးစားခဲ့ပေမယ့် DASSK အဲ့ဒီအချိန်က ပြောထားခဲ့လို့ ဆက်ဖွင့်ဖြစ်သွားတာပါ။ ထိုဘီဘီစီမြန်မာပိုင်း၊ ဗီအိုအေမြန်မာပိုင်းမှာလုပ်သူများဟာ သူတို့တတ်တဲ့ပညာနည်းပေမယ့် ထိုနိုင်ငံတွေမှာ လစာကောင်းတွေရကြပါတယ်။ သူတို့သာ ဘီဘီစီတို့ ဗီအိုအေတို့မှာအလုပ်မရရင် ကုန်စုံဆိုင်မှာ လက်တိုလက်တောင်းလောက်သာ သူတို့ပညာနဲ့ အနောက်နိုင်ငံတွေမှာအလုပ်ရမှာပါ။ ဒါကြောင့်သူတို့ဟာလဲ မြန်မာပြည်မှာ ဇတ်ရှည်နေမှ သူတို့အလုပ်က မြဲနေမှာပါ။ မျက်ဖြုဆိုက်လေ ဆရာကြိုက်လေပါ။ နောက်အဆိုပါ သတင်းဌာနအချို့ရဲ့ ဌာနမှူးများဟာ ယခင်မဆလအနွယ် တွေနဲ့ ဆက်စပ်နေတာလဲ ရှိပါတယ်။ သူတို့က DASSK ကို J ဝင်နေသူများဆိုလဲ မမှားပါဘူး။

ယခုရေးတာက နိုင်ငံခြားတိုင်းပြည်တွေ မပါသေးပါ။ ဒါက မြန်မာပြည်မှာ မခိုးရသူများနဲ့ ခိုးတာကိုဝေစား မျှစား မလုပ်ရတော့တဲ့သူများရဲ့ ပြဿနာပါ။ အဆိုပါ အချက်များကြောင့် သူတို့ဟာ DASSK ရဲ့ NLD အစိုးရကို မကြိုက်ပါလို့ ပြောပါရစေ။

Photo Credit: Myanmar State Counsellor Office

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page