top of page
Search
DASSK ရဲ့ ၇၅ နှစ်မြောက်မွေးနေ့မှာ ကွီးဖြိုးက ဘာလက်ဆောင်ပေးလိုက်လဲ?
  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 18, 2020
  • 1 min read
ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၅ နှစ်ပြည့်ပါတယ်။ ဒီမွေးနေ့မှာ ကမ္ဘာအရပ်ရပ်ကအဝေးရောက် မြန်မာများကလဲ အမေစု ကျန်းမာပါစေဆိုပြီး ဆုတောင်းကြတာ တွေ့ရပါတယ်။ ပြည်သူတွေက ချစ်ကြတာကတော့ အင်မတန်မှ သိသာပါတယ်။ ကွီးဖြိုးက သူ့အမေ DASSKကို ဘာလက်ဆောင်ပေးလဲ?
DASSK ဟာ ကွီးဖြိုးကို ရန်ကုန်တိုင်းကို အုပ်ချုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီလိုရွေးချယ်ရင်ကိုယ်စားလှယ်လောင်းကို နောက်ကြောင်းလိုက်ပြီး တိုက်လေ့ရှိပါတယ်။ ကွီးဖြိုးဟာ ဒီမိုကရေစီအတွက် ယုံကြည်ချက်နဲ့ ထောင်ကျခံခဲ့သလို ခရိုနီတွေနဲ့ လုံးဝ ကင်းရှင်းခဲ့လို့ သူ့ရဲ့ CV ဟာ ကောင်းခဲ့ပြီး ရန်သူက နောက်ကြောင်းရှာ တိုက်မရခဲ့ပါ။
သူအုပ်ချုပ်ချိန်မှာ အလုပ်သမားကိစ္စ၊ ကျူးကိစ္စကို ညင်သာစွာဖြေရှင်းပြီး အဆိုပါကိစ္စတွေကနေ အမေရိကန်က George Floyd ကိစ္စလို အကြီးအကျယ်မဖြစ်အောင်ထိန်းပေးခဲ့ပါတယ်။ ဘာပြဿနာကိုရှင်းရှင်း ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို သုံးရမှာဖြစ်ပြီး ရဲလုပ်တာမှားရင် အမေရိကန်မှာလို အမှိုက်ကစမီးလောင်သွားနိုင်ပါတယ်။ အမေရိကန်ကရဲဟာ အခြားတိုင်းပြည်တွေကထက်တော်ပြီး မြို့တော်ဝန်အောက်မှာရှိတဲ့ အဖွဲ့အစည်းပါ။ ဒါတောင် ရဲကနေ ပြဿနာတက်ခဲ့ပါတယ်။ အမေရိကန်လို မြန်မာပြည်မှာဖြစ်ခဲ့ရင် ဘာဖြစ်သွားမလဲ အားလုံးသိမှာပါ။ သူက တပ်ဟာ အစိုးရအောက်မှာ မရှိဘူးဆိုတာကို ညွှန်ချုပ်ကိစ္စနဲ့ပြခဲ့လို့ တိုင်းပြည်ဟာ စီးပွါးရေး အလုံးစုံ ပိတ်ဆို့မှုဒဏ်ကနေ လောလောဆယ် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ စာဖတ်သူများအနေနဲ့ ဒါတွေဟာ တိုက်ဆိုင်မှုလို့ ငြင်းနိုင်ပါတယ်။
အဓိကကတော့ မနေ့က သူ့ကိုဖွတ်နဲ့တပ်က လွှတ်တော်မှာ စွတ်စွဲပြစ်တင်ရတဲ့ကိစ္စကနေ သက်သေပြသွားတာတစ်ခုပါ။ သူတက်လာကထဲက နာရီကိစ္စနဲ့ သူ့ရဲ့ စာရိတ္တကို လူတွေအထင်မှားအောင် လုပ်ခဲ့ပါတယ်။ နောက်ကောလဟာလထုတ်ပြီးလဲ သူ့ရဲ့ အကျင့်သီလကို တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။
ကွီးကို နည်းမျိုးစုံနဲ့ထောက်လှမ်းပြီး အောက်လမ်းက လုပ်ဖို့ကြိုးစားခဲ့ပါတယ်။ သတင်းသမားတွေကိုမမှန်သတင်းပေးခဲ့ပြီး သတင်းသမားတွေက ကျင့်ဝတ်နဲ့မညီ ဖွဖို့ ရှာဖွေကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်သက်တမ်းလေးနှစ်ကျော်အထိ ဘာမှ ရှာမတွေ့ခဲ့ပါ။ အဘတို့ဟာ ကွီးမပြောနဲ့ DASSK ခြံထဲ ဘာဝင်လဲအကုန်သိပါတယ်။ အနည်းငယ် လုပ်နည်းမှားရင်တောင် အဂတိက ဟိုဝန်ကြီးတွေကို ဘယ်လိုစစ်ခဲ့လဲမှတ်မိမှာပါ။ အဂတိကလဲ မိုးကျတွေပါ။ ဦးပိုင်ရှယ်ယာရှင်လေးတွေပေါ့။ ကွီးမှားရင် ကိုင်ပြီလေ။ ဒါပေမယ့် လေးနှစ်ကျော် မြေလှန်ရှာအပြီးမှာ ဘာအပြစ်မှ အောက်လမ်းနည်းနဲ့ ရှာမရလို့ မနိုင်မှန်းသိလျက်နဲ့ လွှတ်တော်မှာ အယုံအကြည်မရှိအဆို မဲခွဲရတဲ့အထိဖြစ်ခဲ့ရတာပါ။
ဒါကြောင့်မိုလို့ DASSK အတွက် ကွီးဖြိုးက ပေးတဲ့မွေးနေ့လက်ဆောင်ကတော့ သီလ သမာဓိရှိစွာနဲ့တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါိကိုမနေ့က ပြသလိုက်တာပါဘဲ။ သူတို့ဟာဘယ်လိုနည်းနဲ့မှ ကွီးဖြိုးကို ကောလဟာလတွေ၊ မဟုတ်မမှန်လုပ်ကြံသတင်းတွေနဲ့ လုပ်လို့မရတော့ဘဲနောက်ဆုံးမှာ မနိုင်မှန်းသိပေမယ့် ငါးမရ ရေချိုးပြန်ခဲ့ကြတာပါ။ ရေချိုးခွင့်တောင်မရခဲ့လိုက်ပါ။
အမေစု ကျန်းမာချမ်းသာပြီး အသက်ရာကျော်ရှည်ပြီး တိုင်းပြည်တာဝန်ကို ခရိုနီနဲ့ မပတ်သက်ခဲ့သူများ တိုင်းပြည်အတွက် မှတ်ကျောက်တင်ခံနိုင်သူများနဲ့ လက်တွဲဆောင်ရွက်နိုင်ပါစေ။ အနားက မိုးကျများရဲ့ လိမ်လည်ခံရခြင်းမှလဲ ကင်းဝေးပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Recent Posts
See All
ဗလောင်ဆူတဲ့တောင်ငူ
လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။
4 Comments
Sunny Aung
Sunny Aung
Jun 19, 2020
Like
Mr.Myo Min Hlaing
Mr.Myo Min Hlaing
Jun 19, 2020
ကွီး ရွေးကောက်ပွဲမဝင်ဘူးဆိုရင် အားတခု လျှော့သလိုခံစားရပါတယ်
Like
Myint Soe Oo
Myint Soe Oo
Jun 19, 2020
ဦးမြတ် !
***ဘုရားတည် ကျောင်းဆောက်မှ ကုသိုလ်ရတာမဟုတ်ဘူး။ အများချမ်းသာဖို့ ဆောင်ရွက်တာဟာ မှန်သမျှဟာ အင်မတန်ကြီးမားတဲ့ ကုသိုလ်တွေပါ။***
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ။
! ! ! ! ! ! ! !
ကုသိုလ်(ကံ)= ကောင်းသောအမှု/အလုပ်။
၂၀၀၀ပြည့်ဝန်းကျင်က မဟာဗန္ဓုလပန်ခြံနှင့် ၂၀၂၀ ပန်းခြံ အခြေအနေခြင်း ?
ဆိပ်ကမ်းသာလမ်း % ၂၀၀၀ပြည့်ကာလနှင့် ၂၀၂၀(ဝကခ ဦးဖြိုးကာလ) ?
ဆူးလေအပါအဝင် (ကားလမ်းပေါ်ဖြတ်) လူကူးဂုံးကျော် တံတားများ
အမိုးနဲ့ အကာနှင့်! ဥတုမရွေးအတွက် အကာအကွယ်များနှင့် ?
မြင်သာထင်သာသော သက်သေပြ **အလုပ်** အချို့မျှသာ။
<<><<<<<<>>>>>>>>>>
ရိုးသား ကြိုးစား လုပ်အားဖြင့် နိုင်ငံတည်
ဆောင်ပုဒ် က ကောင်းပေမယ့် လက်တွေ့မှာ ပါမလာတော့ ?
ရိုးသား =မခိုး / မလိမ် / မယုတ်
(မည်သည့်ဘာသာဝင်မဆို လက်ခံသည့် ရိုးသားမှု) { #သီလ# }
ကြိုးစား = ဝိရိယ ဇွဲ နှင့် (အာရုံပေါ် အစဥ်စူးစိုက်မှု) သတိ။
သတိထား ဝိရိယစိုက် မိုးကုတ်ဆရာတော်ကြီး၏ အဆုံးအမ)
သတိ ဝိရိယပြည့်စုံလျှင် #သမာဓိ#
ကာလ ဒေသ ပယောဂပေါ်မူတည်၍ ကောင်းကျိုးပေါ်အောင် စီမံခန့်ခွဲမှု။ [ #ပညာ# ]
သီလ. သမာဓိ ပညာ
**********
သီလအရာ လက်ပတ်နာရီနဲ့ သက်သေပြခဲ့ပြီ။
သမာဓိအရာ (အနီးစပ်ဆုံးသာဓက) CV19 ကာလ ဖြစ်ပွားရာနေရာများအထိ လူကိုယ်တိုင့် ကွင်းဆင်း၍ ပကတိမြေပြင်အခြေအနေမှန်ကို သိ အောင် ကြိုးစားအားထုတ်မှု။
ပညာအရာ(စီမံခန့်ခွဲမှုကောင်းတွေကြောင့်) မိုးကာလ ရေမြုတ်နေကျ အလုံဘူတာ အဆင်းနဲ့ အချင်းနဲ့။
ရေမြုတ် ဆိုလို့ မိုးသည်းရက်ပိုင်းက…
Like
naynanmyint629395
naynanmyint629395
Jun 19, 2020
အမစု အနားမှာ မခင်ခင်ဝင်း
ပြန်သွားပီနောက်ပိုင်းဘယ်သူမှ
မရှိဘူးလားဆရာ
အဲ့ဒါတော်ဆိုးတာဘဲ
Like
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page