top of page
Search

DASSK ရုံးချိန်းမှာ ထွက်ဆိုခိုင်းထားတဲ့ ကွီးဖြိုးမိန်းမ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 6, 2021
  • 1 min read

DASSK ရုံးချိန်းမှာ ကွီးဖြိုးကို သူ့မိန်းမအသက်ကို ရန်ရှာမယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ DASSK ကိုရွှေနဲ့ဒေါ်လာ ပေးရတယ်ဆိုပြီး လိမ်ထွက်ခိုင်းတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမယ့် ထိုထွက်ချက်မှာ ဟာကွက်တွေများစွာရှိနေခဲ့ပါတယ်။ ဒါကိုဖာထေးဖို့အတွက် ကွီးဖြိုးကို ဒေါ်လာတွေ ရွှေတွေ ပေးရပါတယ်ဆိုပြီး သူ့မိန်းမ မကြွယ်ကို အောက်တိုဘာ ၈ ရက်နောက်ပိုင်းရုံးချိန်းမှာထွက်ဆိုဖို့ သူ့ယောင်္ကျားအသက်နဲ့ ခြိမ်းခြောက်ပြီး ဖိအားပေးထားပါတယ်။ ဘာထွက်ဆိုချက်ဖတ်ရမယ်ဆိုတာကို စရဖညွှန်ချုပ် ရဲဝင်းဦးက သူ့ PSO က တဆင့် ရေကြည်အိုင်ကို ပို့ထားပါတယ်။

စာရေးသူအနေနဲ့ ဆရာမ မကြွယ်ကို မတ်လ ၈ ရက်နေ့က စရဖက စောင့်ကြည့်နေလို့ ထွက်ပြေးဖို့ပြောဆိုတိုက်တွန်းခဲ့ပါတယ်။ သူမထွက်ပြေးလိုရင် စာရေးသူအောက်က လူအချို့နဲ့ သူမကို လုံခြုံရာပို့ပေးမလို့ပါ။ ဒါပေမယ့် သူမနဲ့စာရေးသူ အပြင်မှာမသိတာရယ် သူမက သူမယောင်္ကျား ဘာမှမဟုတ်တာမလုပ်ထားဘူး သူမယောင်္ကျားက ပြောခိုင်းလို့ ပြောရင်လဲ အပြင်ကနေ ရှင်းမယ် ဖမ်းရင်လဲ အဖမ်းခံမယ် သူ့ယောင်္ကျားကို ထားမသွားဘူးဆိုပြီး အဖမ်းခံသွားတာပါ။ သူမနဲ့စကားပြောခဲ့တဲ့ အထောက်အထားရှိပါတယ်။ သူမလဲ စရဖနှိပ်စက်တာကို လျှော့တွက်ခဲ့ပုံပါ။

DASSK ကို သူမအိမ်ကနေ အတင်းပြောင်းခိုင်းခဲ့တာက ထိုပြောင်းတဲ့နေ့က DASSK အိမ်ထဲကို ဝင်ရှာပြီး ဒေါ်လာတွေ ရွှေတွေ တွေ့တယ်ဆိုပြီး ဂျင်းကားရိုက်ထားပါတယ်။ မအလနဲ့ သူ့တပည့် စရဖရဲဝင်းဦးတို့ မိုးမြင့်ထွန်းတို့က အင်မတန် ယုတ်မာပါတယ်။ ဒါက ပြည်သူတွေသိအောင်သာ တင်ပြတာပါ။

အချို့က စာရေးသူကိုမေးကြပါတယ်။ ကွီးဖြိုးက သက်သေထွက်လို့ စာရေးသူ ကွီးဖြိုးကိုထောက်ခံတဲ့ သဘောထားပြောင်းမလားပေါ့။ စာရေးသူက မအလနဲ့ ဇော်မဲလုံးအကွက်လောက်ကအေးဆေးပါ။ မအလလုပ်မှာကို ကွက်ကြိုမြင်ပါတယ်။ အာဏာသိမ်းတာကအစပါ။ ယခုအချိန် မအလရဲ့ လုံခြုံရေးက များနေလို့ ဘာမှလုပ်မရသေးပေမယ့် ကွီးဖြိုးသူ့လက်ထဲမှာ အဖမ်းခံရချိန်သေရင် မအလကို မမှီရင်တောင် သူ့သားသမီး သူ့မြေးမတွေကို သွေးကြွေးဆပ်မှာပါ။ရင်ကြားစေ့ပြီး နေဝင်းမြေးတွေလို အလွတ်ပေးတော့မှာမဟုတ်ပါ။ ဒါတွေက အချိန်ကစကားပြောမှာပါ။ ယခုပြောတာက လူပုဂ္ဂိုလ်အနေနဲ့ပါ။ တော်လှန်ရေးအနေနဲ့ ယခုအချိန်မှာအနာဂတ်ခေါင်းဆောင်အသစ်တွေ NUG ထဲမှာ ပေါ်နေပါပြီ။ ပြည်သူ့တော်လှန်ရေးက အခြေခိုင်နေပါပြီ။ ယခုအချိန်မှာ ပြည်သူတွေက နေရာတိုင်းမှာ တိုက်နေကြပါပြီ။ ပြည်သူအားလုံးက မအလဖက်ဆစ်ကို ဖြုတ်ချဖို့က အရေးကြီးဆုံးကိစ္စဆိုတာ သိကြပါတယ်။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 06, 2021

ဦးမြတ်!!!ဉာဏ်မီသမျှဖြင့်~~


အမေအရင်းနှင့် မခြား

ပမာထားကိုးကွယ်

သူမ၏ ဉာဏ်အကျယ်

နက်ထယ်ပုံသိ

ပညာရှိမို့။

ရုံးထုတ်တခိုက်

မျက်နှာကို မကြည့်

ရှေ့နားအရောက်

ခေါင်းငုံ့ဝပ်တွား

ဂါရဝနှင့် နိဝါတထား

မင်္ဂလာတရား

သူ၏ ကိုယ်ကျင့်

မြင့်ခဲ့ပါပြီ။

ဤသည့်ဖြစ်အင်

ပမာဆင်သော်

နှလုံးသား မဲ့

အသိ ပျောက်ပျက်

ကြိုးဆွဲအရုပ်

အထိုက်အလိုက် လှုပ်ရ

ကြိုးဆွဲလက်က

မိစ္ဆာစက်မို့။


ကံ စိတ် ဥတု အာဟာရ

လေးပါးအကြောင်းရင်းက လူ၏ရုပ်နှင့်

စိတ်ကို အဓိကအထောက်အပံ့ပေးပါသည်။

အာဟာရဆိုရာဝယ် ဆေးဝါးများပါပါသည်။ဖမ်းဆီးခံကာလအတွင်းမည်သည့်ဆေးဝါးမျိုးများ သောက်ခဲ့ရပါသနည်း???ခုခေတ်က ဆေးဝါးများမှာ

ခေတ်မှီလွန်းလှပါသည်။အဖြေတစ်ခု တွေ့မြင်နိုင်ပါလိမ့်မည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page