top of page
Search

DASSK ရန်ကုန်တိုင်းအစိုးရကို ဘာတွေပြောခဲ့လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 4, 2020
  • 1 min read

ပထမဆုံး ဒီကိစ္စမဖြစ်ခင် လွှတ်တော်ထဲမှာ စာရင်းစစ်ချုပ်အစီရင်ခံစာအကြောင်းပြောကြတယ်။ ပြီးတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ DASSK တွေ့ဆုံပွဲဆိုပြီးလုပ်တယ်။ အပြီးမှာ သတင်းဌာနတွေကနေDASSK က ရန်ကုန်တိုင်းအစိုးရကို ပွင့်လင်းမြင်သာဖို့ပြောတယ်ဆိုပြီး ရေးကြပါတယ်။ ဖွတ်တွေ၊ အဘနွယ်နဲ့ ကွီးဖြိုးဆန့်ကျင်ရေးသမားတွေကလဲ အားရဝမ်းသာဖွကြပါတယ်။

ယခုစာရေးသူအနေနဲ့ DASSK နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘာတွေပြောခဲ့လဲဆိုတာ အစအဆုံးနားထောင်ပြီးပါပြီ။ ဘယ်ကရလဲဆိုတော့ အဘတို့က အမဘာလုပ်လုပ် အကုန်သိပါတယ်။ ပထမဆုံးပြောချင်တာက ရန်ကုန်တိုင်းအစိုးရအဖွဲ့လုပ်တာ ရန်ကုန်မှာဖြစ်တာတွေကို DASSK သိလားဆိုတာပါ။သူမရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ NLD က CEC က မရှိသလောက်ပါ။ CEC အများစုကဝန်ကြီးချုပ်တွေပါ။ ဝန်ကြီးက ယခင်ကလူတွေနဲ့ အရာရှိဟောင်းတွေများပါတယ်။ သမ္မတရုံးကဝန်ထမ်းအများစုက တပ်ကပါ။ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးကလဲ တပ်ကပါ။ ဒါကြောင့် ကွီးမဟုတ်တာလုပ်ရင် ဦးဇော်ဌေးတို့အဖွဲ့က ရက်ပိုင်းအတွင်းတင်ပြပါတယ်။ ဒါပေမယ့် အခြားတပ်နဲ့ပတ်သက်ရင် ကြာတတ်ပါတယ်။ ဒါကြောင့် ရခိုင်ကိစ္စက ကမ္ဘာပေါ်ရောက်ခဲ့တာပါ။

နောက် ဒီDASSK နဲ့ တွေ့ဆုံတဲ့ အစည်းအဝေးကို ကွီးဖြိုးက တင်ပြချင်လို့ စီစဉ်ခဲ့တာပါ။ DASSK ကသူပြောစရာရှိတယ် ဆုံးမစရာရှိတယ်ဆိုပြီး စီစဉ်တာမဟုတ်ပါ။ ဒီပွဲမှာ ကွီးဖြိုးက လုံခြုံရေး၊ လျှပ်စစ်၊လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ အငှါးကား၊ YBS အမြတ်အရှုံး၊ Water Bus ၊ အရေးပေါ်ကား ၊ လူ့စွမ်းအား အရင်းမြစ်၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍအလိုက်တင်ပြခဲ့ပါတယ်။ သူက အစည်းအဝေးမှာ လက်တန်းပြောသွားတာပါ။

ဒီကနေဘာကိုသိလိုက်ရလဲဆိုတော့ ဘက်ရှိခြေဥကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ လုပ်ရတဲ့အခက်အခဲကိုပါ။ အစည်းအဝေးမှာ DASSK က သူမနဲ့ပါလာသူ ဝန်ကြီး ဒုဝန်ကြီးတွေကို ဘာလုပ်ပါဆိုပြီး ကွီးဖြိုးရဲ့ တင်ပြချက်အပေါ်မူတည်ပြီး ဖြည့်စည်းဆောင်ရွက်ပေးခဲ့ပါတယ်။ အချို့ကိစ္စတွေကလဲအကျိုးရှိပါတယ်။ ဥပမာ လူ့စွမ်းအားဖွံ့ဖြိုးမှုအတွက် သက်မွေးဝမ်းကျောင်းပညာကျောင်းတွေကိုတည်ဆောက်ရာမှာ supply base နဲ့ လုပ်မလား demand base နဲ့ လုပ်မလားဆိုတာပါ။ DASSK ကအစည်းအဝေးမှာ Winston ဆိုသူကို ထင်တာက စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်ကိုမေးပြီး စီစဉ်ပေးပါတယ်။ ဒီမှာ DASSK ဟာ ပြောတာတွေကို ဘက်ပေါင်းစုံကနားထောင်စီမံတတ်သူဖြစ်တာကိုလဲပြခဲ့ပါတယ်။

အသံဖိုင်ထဲမှာ DASSK က ပြုံးပြုံးရွှင်ရွှင်ဘဲ ပြောသွားတာပါ။ အဆုံးမှာ သူမက အစိုးရအဖွဲ့တွေကိုမိမိလုပ်တာကို ပြည်သူကိုချပြဖို့ ပွင့်လင်းမြင်သာဖို့ပြောပါတယ်။ သူမဆက်ပြီး အဲ့ဒီလိုပြောရတာကပညာရေးမှာ မြန်မာပြည်မှာ ၆ လလောက်ပိတ်နေတာကို သူမ ပြီးခဲ့တဲ့နှစ်က သိကြောင်း ဒါကြောင့်ကျောင်းဖွင့်ပြီး သေချာသင်ဖို့ လုပ်ကြောင်း ဒါပေမယ့် ပညာရေးဝန်ကြီးက ပြည်သူကိုချပြမှုအားနည်းခဲ့လို့ ပြဿနာဖြစ်ကြောင်း ဒါကိုသာ အဓိကပြောသွားတာပါ။ ရန်ကုန်တိုင်းအကြောင်းမပါပါ။ သူမကအားလုံးကို ယေဘူရသဘော မှာတာပါ။

ဒါကြောင့်အကျဉ်းချုပ်ပြောလိုတာက DASSK နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့အစည်းအဝေးဟာအောင်မြင်စွာပြီးဆုံးကြောင်းနဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာအကြောင်း မပါပါကြောင်း ပြောလိုပါတယ်။

ဖွတဲ့လူကတော့ ဖွမှာပါ။ ဒါပေမယ့် လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ တည်ဆောက်ပုံအရ တိုင်းဒေသကြီး ဝကခတွေ မဟုတ်တာလုပ်ရင် ဝိုင်းတွန်းမယ့်လူတွေက သူမအနားမှာ အများကြီးမို့ မပူရပါ။ ပြည်သူတွေအတွက် အကျိုးများစေတဲ့ ကွီးဖြိုးရဲ့ လုပ်ရည်ကိုင်ရည် ပြလိုက်နိုင်တဲ့ပွဲပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Kommentare


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page