top of page
Search

DASSK ယခုဘယ်မှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 14, 2023
  • 1 min read

မအလက မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ ပြောအပြီးမှာ ကွီးဖြိုးနဲ့ သူ့မိန်းမကိုလုပ်ပြပါတယ်။နောက်ဒုသမ္မတကို အစည်းအဝေးမတက်တာ ဆွဲခေါ်ပါတယ်။ ခေါင်းပေါက်ပါတယ်။ နောက်သူ့မိန်းမကိုခြိမ်းခြောက်ပါတယ်။ ကာလုံအစည်းအဝေးတက်ပါတယ်။ ဒီမိုအချို့က ဝိုင်းဆဲပါတယ်။ အဖွဲ့ကထုတ်ပါတယ်။ဘာမှဝေဖန်စရာမရှိပါ။ သူတို့လုပ်တာလဲ မှန်သင့်သလောက်မှန်ပါတယ်။ သမ္မတကြီး ဦးဝင်းမြင့်ကို ထားထားတာကလဲ သာမန်ထောင်သားနီးပါးပါ။ ဒါက မအလရဲ့ စိတ်ရင်းအမှန်ကိုပြတာပါ။

DASSK ကိုတွေ့ဖို့ တရုတ်ကတောင်းထားတာ ယခင်ဝမ်ရီကထဲကပါ။ သူမက NLD CEC နဲ့တွေ့ပြီးမှလို့သာ တောင်းဆိုခဲ့ပါတယ်။ ယခုနောက်ဆုံး ထိုင်းနဲ့မတွေ့ခင်မှာ သူမက သမ္မတကြီးနဲ့ မန်းဝကခတို့နဲ့ တွေ့ပြီးမှတွေ့မယ်လို့ ပြောခဲ့ပေမယ့် သူမကို အပြင်ခေါ်ထုတ်သွားပြီး ထိုင်းဝန်ကြီးနဲ့ မလိမ့်တပတ် ပေးတွေ့ခဲ့ပါတယ်။ ဒါအပြီးမှာ တရုတ်ကိုယ်စားလှယ်ရောက်ချိန် DASSK ကို ပေးတွေ့ဖို့ ကြိုးစားခဲ့ပုံရပါတယ်။ ထိုင်းနဲ့အတွေ့ခံအပြီး ဖိအားများလာလို့ပါ။ တရုတ်ကို မကြိုက်သောလဲ ရုရှားက တရုတ်ကို မကျော်နိုင်လို့ မအလလဲ ကျော်ဖို့ခက်ပါတယ်။ တွေ့ခါနီးမှ ခေါ်ထုတ်ခဲ့ရင် DASSK က ငြင်းတာ သူမတောင်းဆိုထားတာကို မလုပ်ပေးဘဲ တွေ့ခိုင်းတယ်ဆိုတာ တရုတ်ကိုပြောမှာစိုးလို့ ကြိုပြီး နေပြည်တော်စစ်ဌာနချုပ်ထဲကို ခေါ်ထားခဲ့ပုံပါ။ ဒါက ရက်အနည်းငယ်ကြာခဲ့လို့ အားလုံးအကျယ်ချုပ်ပြောင်းသလို ထင်သွားပုံပါ။ ယခုအချိန်အထိ တရုတ်ကိုယ်စားလှယ်နဲ့ DASSK တွေ့ခဲ့လားဆိုတာစာရေးသူမသိပါ။ ဘာအစီရင်ခံစာမှ ဘာအသံဖိုင်မှ တက်မလာသေးလို့ မတွေ့ဖြစ်ဘူးလို့တော့ထင်ပါတယ်။DASSK ထံ နေပြည်တော်ထောင်ထဲမှာ လာတွေ့တင်ပြလေ့ရှိတာက ရာပြည့်ပါ။ ရာပြည့်ဟာ PDF/NUG မကောင်းကြောင်း တိုင်းပြည်ကို ဘယ်လိုဖျက်ဆီးကြောင်း လာတင်ပြလေ့ရှိပါတယ်။ မအလက ရာပြည့်ကိုယုံကြည်တာကရာပြည့်ဟာ DASSK နဲ့ တွဲလုပ်ခဲ့ပေမယ့် အခြားလူတွေလို ယခုအထိ မယိမ်းသွားလို့ စိတ်ခိုင်သူလို့ မှတ်ယူထားပါတယ်။ ရာပြည့်က PDF မကောင်းကြောင်းပြောအပြီးမှာ DASSK က လက်နက်ကိုင်လမ်းစဉ်မကောင်းကြောင်းပြောစေချင်ပုံပါ။ DASSK က ငြင်းခဲ့ပုံရပါတယ်။ ပြီးခဲ့တဲ့အပတ်က DASSK ထောင်ထဲမှာပြန်ရောက်နေပါတယ်။ ဒါပေမယ့် နောက်လာတွေ့မယ့်သူလာရင် သူမကို ပြန်ခေါ်ထုတ်သွားနိုင်ပါတယ်။ သူမကိုလဲ ထောင်ဆရာဝန်လောက်နဲ့သာပေးတွေ့ပြီး ထောင်ဆရာဝန်က အကိုက်အခဲပျောက်ဆေးပေးရာမှာ ထိုဆေးက အစာမရှိလို့ အစာအိမ်နာတာအန်တာကို ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါက အနုနည်းနဲ့ သူမကို ခံစားရအောင်လုပ်နေတာပါ။ သွားဆရာဝန်နဲ့လဲပေးမတွေ့ခဲ့ပါ။ သူမရှေ့နေနဲ့လဲ ပေးမတွေ့လို့ သူမထံက ဘာမှသတင်းစကားမှ မရနိုင်ပါ။ အားလုံးသိဖို့က မအလက လူထုခေါင်းဆောင်ကိုတောင် ဒီလိုတွေလုပ်နေတယ်ဆိုတာပါ။ ကုလက စာရေးသူတို့တွေကိုကိစ္စကို စိတ်မဝင်စားပါ။ ပြည်သူကသာ NUG ကတဆင့် သူ့လက်အောက်ခံ PDF ကိုလှူပြီး တိုင်းပြည်လွတ်မြောက်အောင်သာလုပ်ကြပါ။ အထဲမှာလဲ ဖရဲသီးရှာနေလို့ လုပ်စရာရှိတာသာ ဆက်လုပ်ပါ။ Live တွေသိပ်မကြည့်ပါနဲ့။ ဗီတာမင်တွေသိပ်မသောက်ပါနဲ့။ ဘဲဥပုတ်တွေ သိပ်မစားပါနဲ့။ တတိယအင်အားစုကိုရှောင်ပါ။ NUG အောက်က PDF ကိုသာထောက်ပံ့ပါ။ တပ်တော်တွေနောက်လိုက်ရင်တော့ ဇတ်တော်တွေနဲ့သာ အချိန်ကုန်သွားမှာပါ။ ပြည်သူကသာပန်းတိုင်မြန်မြန်ရောက် မရောက်ကို ဘယ်သူ့ထောက်ခံမှာလဲ ထောက်ပံ့မှာလဲဆုံးဖြတ်ပြီး စီရင်ချက်ချသွားမှာပါ။ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

4 Comments


Scarlet Scarlet
Scarlet Scarlet
Sep 15, 2023

အ​မေ စု လဲ နိုင်ငံ​ရေး

ပရိရယ် ကြွယ်ဝ, ပါတယ်...

သူ့ကုသိုလ် ​ကြောင့်လဲ...

ဘယ်​ခွေးကိုက်လို့မှ...

မရ နိုင်ပါဘူး...

​နေ​ကောင်း,ကျန်းမာဘို့​တော့

ဆု​တောင်း​ပေးရုံအပြင်မတတ်နိုင်လို့...

မပျက်မကွက်လုပ်ပါတယ်...

ဗီတာမင်​တွေ, ဘဲဥပုတ်​တွေမစားဘို့

​ပြောတာ​တော့ အကြိုက်ဆုံးပါ...

ဆရာမြတ်​ရေ...

မြန်မာပြည်လဲဘယ်​လောက်​တောင်

အာဏာသိမ်းလိုက်သလဲဆို​တော့...

စဆရက, ​တွေ...

လုပ်စားဂွင်​တောင်

​ပေါ်လာရ တဲ့အထိ...

Like
Angelina Thane
Angelina Thane
Sep 15, 2023
Replying to

Ohh!! , I see .

Thanks a lot . ❤️❤️❤️


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page