top of page
Search

DASSK မြန်မာ့နိုင်ငံရေးမှာ အရေးပါသေးလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 17, 2022
  • 2 min read



ဒီနေရာမှာ မေးခွန်းက DASSK မြန်မာ့နိုင်ငံရေးမှာ အရေးပါနေသေးသလား (Is she still relevant in Myanmar politics) ဆိုတဲ့မေးခွန်းနဲ့ တော်လှန်ရေးဟာ DASSK မရှိတဲ့နောက် ဆက်ဖြစ်နိုင်သလား? လုပ်နိုင်သလား(Can Myanmar revolution continue without her?)ဆိုတဲ့ မေးခွန်းနှစ်ခုပါ။

ဒီမေးခွန်းတွေကို မဖြေခင် မနေ့က အာဆီယံက ဖိလစ်ပိုင်၊ စင်ကာပူနှင့် မလေးရှားတို့က သူမသာမြန်မာနိုင်ငံကို ငြိမ်းချမ်းရေးရအောင် လုပ်နိုင်သူလို့ ပေါ်တင်ပြောသွားခဲ့ကြပါတယ်။ ကမ္ဘာပေါ်ကသတင်းစာအချို့က DASSK ကို မကောင်းရေးကြပါတယ်။ သူတို့ရေးတာက သင်ဇာရွှန်းလဲ့ရည်နဲ့အင်တာဗျူးတာကို အခြေခံပါတယ်။ အထောက်အထားအနေနဲ့ သူမကိုမေးပြီးရေးထားတဲ့ The Sunday Telegraph သတင်းစာထဲက ဆောင်းပါးကို အောက်မှာ တင်ထားပါတယ်။

ပထမဆုံးက DASSK နဲ့ တော်လှန်ရေးကို ကိုယ်စားပြုသူ လူငယ်သုံးဦးကို လေ့လာကြည့်ရအောင်။ သူတို့က ကိုစည်သူမောင်၊ မအိသဉ္ဇာမောင်နဲ့ သင်ဇာရွှန်းလဲ့ရည်တို့ပါ။ ကိုစည်သူမောင်ဟာ သူ့မိဘတွေကအစ DASSK ကို ထောက်ခံသူပါ။ သူဟာကျောင်းသားသပိတ်မှာလဲ ကျောင်းသားဘဝက အိသဉ္ဇာမောင်နဲ့အတူ ပါဝင်ခဲ့သူပါ။ သင်ဇာရွှန်းလဲ့ရည်က ထိုအချိန်က မပါခဲ့ပါ။ ကိုစည်သူမောင်ဟာ ၂၀၂၀ရွေးကောက်ပွဲမှာ NLD က ဝင်အရွေးခံခဲ့တဲ့ ဘာသာမတူသူပါ။ သူဟာ ယခုအချိန်မှာလဲ NLD ဖြစ်ပြီးCRPH အဖွဲ့ဝင်အဖြစ် တိုင်းပြည်အတွက် ဆက်လက်လှုပ်ရှားနေခဲ့ပါတယ်။

ဒုတိယတစ်ယောက်က အိသဉ္ဇာမောင်ပါ။ သူမဟာ ကျောင်းသားဘဝက ကိုစည်သူမောင်လိုဘဲ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူပါ။ သူမဟာ တိုင်းရင်းသားမိဘတွေက မွေးဖွားလာတဲ့ တိုင်းရင်းသူပါ။ သူမဟာ ကိုစည်သူမောင်နဲ့ ပြိုင်ဖက်အဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ အခြားပါတီလူ့ဘောင်သစ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူမဟာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကိုဟောပြောစည်းရုံးခဲ့ပါတယ်။ သူမက DASSK ကို အကြီးအကျယ်ဆန့်ကျင်တာ မပြောပါ။ သူမဟာ လူ့အခွင့်အရေးအကြောင်းနဲ့ စစ်တပ်ဆန့်ကျင်ရေးသာ ဇောင်းပေးပြောခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းအပြီး လူတွေကိုစုပြီး လမ်းပေါ်ထွက်လာကာ DASSK နဲ့ သမ္မတကြီးကို ပြန်လွှတ်ပေးဖို့ အခြားသူများနဲ့ ပထမဆုံး တောင်းဆိုခဲ့တာက သူမပါ။ သူမဟာ မိမိပြိုင်ဖက်ပါတီ ဘာညာမဟုတ်ဘဲ သူမရဲ့ခံယူချက်နဲ့ စစ်တပ်ကိုဆန့်ကျင်ခဲ့ပါတယ်။ ယခု ပြည်သူ့အစိုးရ NUG မှာ ဒုဝန်ကြီးပါ။

တတိယကတော့ လူ့အခွင့်အရေးလှုပ်ရှားသူဆိုတဲ့ သင်ဇာရွှန်းလဲ့ရည်ပါ။ သူဟာ စစ်မိသားစုက မွေးဖွားလာတာပါ။ သူ့အဖေဟာ DASSK မကောင်းကြောင်းကို တပ်ထဲမှာ ထမင်းစားရေသောက် ပြောလာသူပါ။ တပ်ထဲအခေါ် အန်တီစု(anti Su) တွေပါ။ သူဟာကျောင်းသားဘဝမှာ ဘာကျောင်းသားသမဂ္ဂကိစ္စမှာမပါခဲ့ပါ။ ဘာကျောင်းသားလှုပ်ရှားမှုမှာမှ မပါခဲ့ပါ။ ဘစိန်လက်ထက် အာဆီယံလူငယ်ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီး အမေရိကန်ကို ပညာတော်သင်ဆုရခဲ့ပါတယ်။ သံအမတ်ရဲ့ လူငယ်အကြံပေးလုပ်ခဲ့ပါတယ်။ ဘယ်လူငယ်ညီလာခံကမှ သူ့ကိုတင်မြှောက်ခဲ့တာ မဟုတ်ပါ။ ဘစိန်လက်ထက် DASSK နဲ့ပြေလည်လို့ ပညာတော်သင်အပို့ခံရသူတွေထဲ ကျန်းမာရေးက ဒေါက်တာခင်ခင်ကြီးတို့၊ နောက် ကုလက ဦးကျော်မိုးထွန်းရဲ့နေရာကို လုနေတဲ့ စစ်သံဗိုလ်မှူးကြီး အောင်သူရိန်အစ်မဒေါက်တာတိုးသီရိအောင်တို့တွေဟာလဲ ဘစိန်လက်ထက် နိုင်ငံခြားအပို့ခံရသူတွေပါ။ ခင်ခင်ကြီးယောင်္ကျား စစ်ဗိုလ်ရော အောင်သူရိန်အဖေရော သင်ဇာရွှန်းလဲ့ရည် အဖေရောဟာ အကုန်လုံး ဒေါ်စုမကောင်းကြောင်းပြောတဲ့ တပ်ထဲက အန်တုစု(anti Su) ဒေါ်စုဆန့်ကျင်ရေးသမားတွေပါ။ သူမဟာDASSK လက်ထက် စစ်ပွဲရပ်ဆန္ဒပြပွဲမှာသာ ပါခဲ့ပြီး နိုင်ငံခြားသတင်းသမားတွေကို ရိုကိစ္စအပြီးDASSK ကို လူငယ်တွေက သူတို့ရဲ့ စံအဖြစ်မထားတော့ကြောင်း လိုက်ပြောလေ့ရှိသူပါ။ နိုင်ငံခြားသတင်းဌာနတွေကလဲ သူ့ကိုမြန်မာပြည်ရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် ဦးစားပေးရေးလေ့ရှိပါတယ်။ သူမဟာ စစ်တပ်အာဏာသိမ်းပြီး လူထုလမ်းပေါ်ထွက်ချိန်မှာ မအိသဉ္ဇာမောင်တို့လို ထွက်မလာခဲ့ပါ။ သူမထွက်လာချိန်ဟာ မင်းသားရန်အောင်တို့လို ဖောရှောမျိုးလူတွေ ထွက်လာချိန်မှာသာ ထွက်လိုက်တာပါ။ တပ်ကလဲ သူမကိုဖမ်းတဲ့စာရင်းထဲမထည့်ပါ။ သူမက တပ်နဲ့ DASSK ဆို DASSK ကိုဝေဖန်တာပိုများလို့ပါ။ သူမကို အာဏာသိမ်းခါစ ဖမ်းမယ့်စာရင်းထဲ မထည့်ခဲ့ပါ။ နောက်ပိုင်းလဲသာမန် ၅၀၅ လောက်သာ ကြေညာချိန်ထွက်ပြေးသွားခဲ့တာပါ။ သူမဟာအပြင်ရောက်ချိန်မှာလဲ NUG ကို ဆက်ဝေဖန်လို့ သူမမိဘတွေရဲ့အိမ်ကို မအလက ဘာမှမလုပ်ပါ။ သူမက ယူကေနိုင်ငံက The Sunday Telegraph သတင်းစာမှာ လူငယ်တွေက DASSK မရှိတဲ့ နိုင်ငံရေးကိုလုပ်နေပြီ သူမကအရေးမပါတော့သယောင် အင်တာဗျူးပေးပါတယ်။ အဆိုပါသတင်းထောက်က သူမကိုထင်ရှားတဲ့ လူ့အခွင့်အရေးသမား(High Profile 30 years old Rights activist) ဆိုပြီး နာမည်တပ်ပါတယ်။ သူမဟာ မြန်မာပြည်ထဲမှာ ဘာမှအကြီးအကျယ် လူ့အခွင့်အရေးအတွက် လှုပ်ရှားသူမဟုတ်တာ သာမန်ဒီမိုတွေသိပါတယ်။

ပြန်အကျဉ်းချုပ်ရရင် အထက်ကပြောခဲ့တဲ့ လူငယ်သုံးဦးမှာ တစ်ယောက်က မျိုးနဲ့ရိုးနဲ့ ပြည်သူအတွက်လုပ် နောက်ပိုင်း NLD ပါတီထဲဝင် တိုင်းပြည်အတွက်လုပ်ပြီး ယခုအချိန်မှာလဲ CRPH ထဲဝင်ပြီးတိုင်းပြည်အတွက် ပေးဆပ်နေပါတယ်။ ဒုတိယတစ်ယောက်ကတော့ သူ့ရဲ့မူဝါဒအရ ကျောင်းသားလှုပ်ရှားမှုမှာပါခဲ့သလို ယခုစစ်တပ်ကိုလဲ ဆက်ဆန့်ကျင်နေပါတယ်။ သူမဟာ DASSK အဖမ်းခံရချိန်မှာ မိမိပါတီကမဟုတ်တဲ့ DASSK လွှတ်ပေးဖို့ ပထမဆုံး တောင်းဆိုခဲ့သူပါ။ ဒါကြောင့် ကိုစည်သူမောင်နဲ့ အိသဉ္ဇာမောင်တို့အတွက် DASSK က အရေးပါနေဆဲပါ။ ဒါပေမယ့် DASSK ကို ဖောင်းထုတဲ့ စစ်တပ်မိဘက မွေးဖွားလာတဲ့ DASSK ကို စစ်တပ်ထက်ပိုဖောင်းထုတဲ့ သင်ဇာရွှန်းလဲ့ရည်လိုလူမျိုးအတွက်ကတော့ DASSK က သူမတပ်ထဲမှာ နေစဉ်ကလဲ အရေးမပါခဲ့သလို ယခုလဲအရေးပါမှာမဟုတ်ပါ။

ဒါပေမယ့် ယခုနိုင်ငံခြားရောက် PDF ကို ပံ့ပိုးနေတဲ့ အမေရိကန်၊ စင်ကာပူကနေ ယူကေ၊ ဂျပန်အထိမြန်မာများရဲ့ ၇၅% ဟာ DASSK ကို အမေလိုကိုးကွယ်ပြီး သူမစကားနားထောင်သူများဆိုတာ မမေ့ပါနဲ့။ ထိုစင်ကာပူ၊တောင်ကိုရီးယားမှသည် ယူကေ၊ အမေရိကန်ရောက် NUG ပံ့ပိုးသူကိုယ်စားလှယ်တွေကို ကြိုက်တဲ့သူဖုန်းခေါ်မေးရင်သူတို့က DASSK ဟာ သူတို့ရဲ့ မိခင်နိုင်ငံရေးသူရဲကောင်းဆိုတာကိုပြောပြပါလိမ့်မယ်။ ၇၅% အနည်းဆုံးပါ။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့ကတောင် DASSK ဟာ မြန်မာ့ပြည်ငြိမ်းချမ်းရေးအတွက် အရေးပါသူဆိုတာ ပြောလာနေကြပါပြီ။

အပေါ်ကမေးခွန်းကို ပြန်ဖြေရရင် DASSK ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါနေပါသေးတယ်။ Daw Aung San Suu Kyi is still relevant in Myanmar politics ပါ။ နောက်မေးခွန်းက သူမ မရှိလဲတော်လှန်ရေးဆက်ဖြစ်မှာလားဆိုရင်တော့ ဒီအဖြေက ယခုစာရေးသူတို့အားလုံးဟာ သူမအဖမ်းခံရလဲတော်လှန်ရေးလုပ်နေတာက သက်သေပြပြီးသားပါ။ ဒီစာကို မရေးခင်မှာ ရေးသင့် မသင့်စဉ်းစားပြီးDASSK ကို စော်ကားတာ များလာတယ်ထင်လို့ရေးလိုက်တာပါ။ စာဖတ်သူတို့တွေ အင်္ဂလိပ်သတင်းစာသိပ်မဖတ်ကြလို့ မသိနိုင်ပေမယ့် DASSK မကောင်းကြောင်း အင်တာဗျူးပေး သိက္ခာချတာများလာလို့ရေးလိုက်တာပါ။ အချို့က ဇော်မဲလုံးနဲ့ မဘသက DASSK ကို ဗမာလိုရေးပြော အပုတ်ချသလို အချို့က လူ့အခွင့်ရေးသမား(high profile 30 year old rights activists according to the Sunday Telegraph)လိုနဲ့ အင်္ဂလိပ်လိုအင်တာဗျူးပေးပြီး အပုတ်ချလို့ပါ။

(Source: The Subday Telegraph for activist interview)

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

5 Comments


Ato Sonny
Ato Sonny
Jan 18, 2022

The weekend Australian Magazine ( 26 June 2021 interview by Richard Lloyd Parry) မှာလဲ ဒေါ်စုကို အပုပ်ချထားပါသည်။ SBS world news interview မှာ ၂၀၁၉ထဲက အင်တာဗျူး မှာ ဒေါ်စုကို မကောင်းပြောပါသည်။ Twitter မှာသူရေးတိုင်း တန်ပြန် Tweet ခဲ့ပါသည်။ France မှာလဲ မြန်မာ activist ဆိုပြီးစာအုပ်ထွက်ထားပါပြီ။ သူ့အကြောင်းဖေါ်ထုတ်တာကျေးဇူးပါ။ she’s an imposter, opportunist.

Like

Myint Soe Oo
Myint Soe Oo
Jan 18, 2022

ဦးမြတ်!!! ပိုထင်ရှားစေတာက ဗောဓိ ဆိုသော ပါဠိစကားကို အနက်အဓိပ္ပါယ်ပါသိသည့် အိုင်စီဂျေ ရှေ့နေကြီးမြန်မာဖက်မှ လိုက်ပါဆောင်ရွက်သူ ဝီလီယံ ရှားဘာစ်ကတော့ နှုတ်ထွက်သွားခဲ့ပါပြီ။


Like

Myint Soe Oo
Myint Soe Oo
Jan 18, 2022

ဦးမြတ်!!!အတိတ်ကလည်း အရေးပါခဲ့သလို၊ ပစ္စပ္ပန်မှာလည်း အရာရောက်နေပါသေးသည်။ အနာဂါတ်မှာလည်း ပတ်သက်သင့်သလောက် ပါဝင်ပတ်သက်နေပါဦးမည်ဟု မြင်မိပါသည်။ အကြောင်းမူကား

~အာဆီယံမူ ၊ဘုံသဘောတူညီချက်က အရေးပါဆဲဖြစ်နေကြောင်း ပြသနေပါသည်။

~အလားတူ အီးယူ၏ သဘောထား(ဟွန်ဆန်ကို ညိုညင်မှုတွေပြသလိုက်ပါသည်)

ပြည်တွင်းမှာက

~ကေအိုင်အို ဗခ ဂွမ်မော်က

ဒေါ်အောင်ဆန်းစုကြည် မရှိခဲ့ရင်၊ သည်တိုင်းပြည် ပျက်တာကြာပြီ။

~ကရင်အမျိုးသားကြီး ဖထီးမန်းဂျော်နီက**အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်၊ တော်လှန်လိုစိတ် ရှိဖို့ပဲ လိုတယ်။**


လာအိုကတော့ လျှပ်စစ်ရထားရပြီးကတည်းက နယ်စပ်စီးပွါးရေးဂိတ်တွေ *အတီး*း အလိုကျ ကပြနေရပါသည်။

အလှမ်းဝေးတဲ့အာဖရိကတောင် အတီးစက်ကွင်းအတွင်းသက်ဆင်းခဲ့ပါသည်။

မြန်မာသည်သာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ပါးရည်နပ်ရည် ကြွယ်ဝမှုကြောင့် အတီး၏ ကြွေးမြီ ထောင်ချောက်မှ လွတ်ခဲ့ရပါသည်။

ကိုစည်သူမောင် မသဉ္ဇာမောင်အစပြု၍

ဂျီဇက်လူငယ်များကြားတွင်လည်း ဆက်လက်အရေးပါနေဆဲဖြစ်ပါသည်။

အဘယ်ကြောင့် ဆိုသော်

**အမေမှာတဲ့ ဆန်တခွဲ (ဆန် ၈ ပြီ)

***သုံးစိတ်(ဆန် ၁၂ ပြီ )နဲ့ မလဲနိုင်သောကြောင့်ဖြစ်ပါသည်။

အမေကျွေးခဲ့တာက ရွေဘိုပေါ်ဆန်းမွှေး

အဆင်း ဖြူလွလွ၊ အချင်းက ဆိမ့်ရုံမျှ

သည်လို အရည်အသွေးရှိဆန်စားဖူးခဲ့ကြသော သားသမီးများသည်

ဆန်ကွဲရော ကြွက်ချေးနှော ထက်ပိုင်းကျိုး ဖွဲထူသော ဆန်ကြမ်းမျိုး မစားလိုကြတော့ပါ။

အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးကြောင်း DASSKက ဦးဆောင်လမ်းညွှန်ပြခဲ့ပါသည်။

သုံးစိတ် နှင့် တစ်ခွဲ

မလဲနိုင်ကြသောကြောင့်

နွေဦးမှသည်

ယခုအခြေတိုင် ခရီးပေါက်ခဲ့ရခြင်းဖြစ်ပါသည်။

အရိပ်ကြီးကြီး ပေးစွမ်းနိုင်သော ဗောဓိညောင်သည် နေအပူဒါဏ် ခံနေရသူများအတွက်

အတိတ်ကလည်း မရှိမဖြစ်ပါ

ပစ္စုပ္ပန်မှာလည်း လိုအပ်နေပါသည်

အနာဂါတ်အတွက်တော့ မလဲမပြိုစေလိုသောကြောင့် ဝိုင်းဝန်း ထောက်(ညောင်ထောက်/ယတြာသဘောသက်ဝင်သော ညောင်ထောက်ခြင်းမျိုးမဟုတ်)ပံ့မှု‌ေကြာင့်ဆက်လက် ရှင်သန်နေစေပါလိမ့်မည်။


Like

kmnyo2
Jan 18, 2022

I have been in US since 2002 and never heard about that girl Thinzar whatever. All the supporters of the world most notorious greedy military thugs terrorists will try to destroy our Leader and the revolution. Whatever they called us NeePain or Neepate we are fighting for the Freedom and Federal Democracy. NLD is the only party fighting for the people from the notorious military thugs terrorists dictatorship. Our Leader is always in our hearts and no one can take her away. The only thing that I worry about is that MAL and the gangsters will use her as bargaining chip and released from all the crimes he did.

Like
Myat Tun Oo
Myat Tun Oo
Jan 19, 2022
Replying to

It won’t happen this time. MAL is going one way. He is going to hell. DASSK will let people decide.

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page