top of page
Search

DASSK နဲ့ ဒေါ်စန္ဓာမင်း ဘာတွေပြောခဲ့သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 5, 2023
  • 1 min read

DASSK ဟာ နှစ်ပေါင်းများစွာ ပါတီနိုင်ငံရေးကို လုပ်ခဲ့သူပါ။ ၁၉၈၈ ကနေစလို့ ဆိုရပါမယ်။ ကိုဗစ်စအပြီး အာဏာမသိမ်းခင်အထိ DASSK နဲ့ NLD CEC တွေ တွေ့ဆုံနိုင်ခွင့်ဟာ အကန့်အသတ်ရှိခဲ့ပါတယ်။ အကြောင်းမျိုးစုံကြောင့်ရယ်နဲ့ စရဖကသူ့နားက လူတွေကတဆင့် ထိန်းချုပ်နိုင်မှုရယ်ကြောင့်ပါ။

အာဏာမသိမ်းခင်မှာ ရွေးစရာလမ်းက နှစ်ခုပါ။ တူရကီက အာဒိုဂန်လို လူတွေကို စည်းလုံးပြီး တပ်ထဲက မိမိကိုထောက်ခံတဲ့လူတွေနဲ့ ခံချမှာလား ဒါမှမဟုတ် အဖမ်းခံမလားဆိုတာပါ။ အဆိုပါအချိန်ကအာဏာမသိမ်းခင်မိုလို့ တပ်ထဲမှာ သူမအမိန့်နဲ့ မအလကို ပြန်ဖမ်းလိုသူတွေလဲ ရှိနိုင်ခဲ့ပါတယ်။ ထိုအချိန်က သူမဝကခတွေနဲ့ သူမဆွေးနွေးဖို့ကို သူမအနားကလူတွေက ပေးမတွေ့ခြင်းဖြင့် တုန့်ပြန်ခဲ့ပါတယ်။ သူမခိုင်းလို့ မအလကိုပြန်ဖမ်းတာနဲ့ CDM က ကွာပါတယ်။ အာဏာသိမ်းလို့ လာဖမ်းရင် မခုခံဘဲ အဖမ်းခံဖို့သာ ညွှန်ကြားခဲ့ပါတယ်။ ဒါက ၂၀၂၀ အာဏာမသိမ်းခင်က သူမတွေးခေါ်ပုံပါ။ ဘထိန်ထံက စာလွတ်သွားတာက လွှတ်တော်မခေါ်ခင် ပါတီအစည်းအဝေးအချို့မှာ ဘထိန်ကို အဝင်မခံခဲ့ပါ။ဒါကြောင့် စရဖက ဘထိန်နဲ့ ကွဲပြဲပြီထင်ပြီး လွှတ်ထားခဲ့လို့ ဘထိန်က လွတ်ထွက်သွားတာကစပြီး ဘထိန်ထံက စာရလာခဲ့တာပါ။

DASSK ကို နေအိမ်အကျယ်ချုပ်၊ နောက်ပိုင်း မအလအိမ်အနားက တပ်ထဲမှာ အကျယ်ချုပ်ချထားချိန်အထိ DASSK က မအလဝါဒဖြန့်သတင်းတွေ ကြားခဲ့ပါတယ်။ ဒါတွေကို ပြောင်းပြန်တွေးရင် သူမအမှန်ကို သိမှာပါ။ သူမရှေ့နေတွေထံကလဲ ပြင်ပမှာ ဘာဖြစ်နေလဲဆိုတာ သိခဲ့ပါတယ်။ မအလကအသံဖမ်းထားတာကို DASSK က သူမရှေ့နေကတဆင့် သိသွားချိန်မှာ သူမနဲ့ သူမရှေ့နေနဲ့ သတင်းဖလှယ်မှုဟာ စကားပြောတာမဟုတ်ဘဲ အခြားနည်းပြောင်းသွားခဲ့ပါတယ်။ ဘာနည်းလဲ စာရေးသူသိပေမယ့် ဒီနေရာမှာ အများမသိသင့်လို့ ထည့်မရေးတော့ပါ။ စရဖလဲ သူမရှေ့နေကို မေးမှသာ သိမှာပါ။

သူမဟာ အစပိုင်းရုံးချိန်မှာ ကွီးဖြိုးက စွပ်စွဲတာတွေဘာတွေအတွက် အင်မတန် ဒေါသထွက်ခဲ့ပါတယ်။ထိုဒေါသဟာ စရဖရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ အင်မတန် သိသာခဲ့ပါတယ်။ ထိုအချိန်မှာ DASSK ကGz တွေ ဆန္ဒပြတာ၊ ပြန်ခံချတာကို အံ့ဩဂုဏ်ယူနေခဲ့ပါတယ်။ သူမ မမျှော်လင့်ထားခဲ့တာလဲ ပါပါလိမ့်မယ်။ သူမသာ ထင်ထားခဲ့ရင် ပြန်ခံချတဲ့လမ်းကို ရွေးခဲ့နိုင်ပါတယ်။ သူမရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားစေခဲ့တာက ကိုဂျင်မီတို့၊ ကိုဖြိုးဇေယာသော်တို့ကို ကြိုးပေးသတ်လိုက်တယ်ဆိုတာကြားအပြီးမှာလို့ ယူဆရပါတယ်။ ထိုသတင်းကြားချိန်က သူမ ဝမ်းနည်းတာကို ဗီဒီယိုတွေမှာ တွေ့ခဲ့ရပါတယ်။ သူတို့နဲ့ဆက်စပ်ပြီး NUG၊ PDF ရဲ့ အတိမ်အနက်၊ ရွာတွေမီးရှို့ခံရတဲ့ အတိမ်အနက်ကိုလဲသူမသိသွားပုံရပါတယ်။ အချို့သတင်းက သူမရှေ့နေထံကမဟုတ်ဘဲ သူမအနားနေသူများစွာထဲကတစ်ယောက်က ပြောပြခဲ့လို့ပါ။ နောက်စစ်တပ်က သူမကို ထိန်းပေးဖို့ သွားပြောချိန်မှာ ပြောတဲ့စကားတွေအပေါ်မှာလဲ သူမဆက်စပ်ကောက်ချက်ဆွဲနိုင်ပုံရခဲ့ပါတယ်။ မအလတပ်က အဖွဲ့ကိုတော့ သူမကထုံးစံအတိုင်း NLD CEC အဖွဲ့ထိုင်ပြီးမှ သဘောထားပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။ ထိုအချိန်မှာ မအလတပ်က NLD CEC အချို့ ပြည်ပမှာ ရောက်နေကြောင်း ကွီးဖြိုးကို ထုတ်ထားကြောင်း သူမကိုပြောချိန်မှာ သူမက ပြည်တွင်းမှာရှိတဲ့ NLD CEC အားလုံးနဲ့ တွေ့ခွင့်ရပြီးမှသာ ဆုံးဖြတ်ချက်ပေးမယ်လို့ဖြေခဲ့ပါတယ်။ ဒါကြောင့် ဒါက NLD စာထုတ်အပြီးမှာ တွေ့တာဖြစ်ဖို့များပါတယ်။ ဒါက သူမအပေါ် မအလက ဖိအားပေးဖို့ ကြိုးစားတာနဲ့ DASSK သဘောထားကို လေ့လာမိသလောက် ရေးပြတာပါ။

ဒီကြားထဲမှာ ယခင်လတွေက ဒေါ်စန္ဒာမင်းနဲ့တွေ့တဲ့သတင်း တက်လာခဲ့ဖူးပါတယ်။ အစပိုင်းမှာ စန္ဒာမင်းက သူမနဲ့ သိသူတွေထံ မတွေ့ခဲ့ကြောင်း ငြင်းပါတယ်။ ဟိုNP News က ကျော်မျိုးမင်းတို့ကလဲစစ်တပ်ကိုယ်စား မတွေ့ကြောင်း ဂျင်းဆက်ထည့်ခဲ့ပါတယ်။ စာရေးသူက သူမတွေ့ကြောင်းကိုတော့NUG ဝန်ကြီးထံ တင်ပြခဲ့ပါတယ်။ အစပိုင်းမှာ သူတို့ဘာတွေပြောတယ်ဆိုတဲ့ ဗီဒိယိုဖိုင်က ရှာမရခဲ့ပါ။အသံဖိုင်ထဲမှာတော့ ဒေါ်စန္ဒာမင်းက NLD ပြည်ပက CWC ဖွဲ့တာတွေ ရွေးကောက်ပွဲတွေ၊ တိုင်းပြည်အခြေအနေကို မြဝတီလေသံအတိုင်း တင်ပြခဲ့ပါတယ်။ DASSK ကတော့ ပါတီ CEC စုံညီတွေ့ပြီးမှသာဆုံးဖြတ်မယ်လို့ သူမကိုပြောခဲ့ပါတယ်။

အကျဉ်းချုပ်ရရင် မအလက စန္ဒာမင်းကို ယခုအချိန်မှာ ဗျူးခွင့်ပေးတာက သူတို့ကြိုးစားခဲ့တယ်ဆိုတာကို တရုတ်သိအောင်ပါ။ DASSK ကလဲ သူ့ ပြည်တွင်းက CEC အားလုံးနဲ့ တွေ့ပြီးမှသာ ဆုံးဖြတ်မယ်ဆိုတဲ့မူကို ဆက်ကိုင်ထားခဲ့ပါတယ်။ ယခုနောက်ဆုံး တရုတ်ကိုယ်စားလှယ် တွေ့ခွင့်တောင်းချိန်မှာလဲ ဒီမှုကို DASSK က ဆုတ်ကိုင်းထားတယ်ဆိုတာ သိရပါတယ်။ ဒါကဘာကိုပြလဲဆိုတော့ သူမဟာNUG/PDF အတွက် အတားအဆီးမဖြစ်အောင် နေမယ်ဆိုတာကို ချပြလိုက်တယ်ဆိုတာ သိသာနေပါတယ်။ ပြည်သူတွေအနေနဲ့ လုပ်စရာရှိတာ ဆက်သာလုပ်ပါ DASSK ကလဲ ပြည်သူနဲ့အတူပါလို့သာပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


pyaephyothu966
Apr 09, 2023

ဆရာ


စစ်ကိုင်းမှာ PDF စခန်းအချို့ကို mi35 နဲ့ပစ် စစ်သားချပေးပြီး တိုက်နေတာ တချို့ pdf စခန်းတွေ အသိမ်းခံနေရပါတယ်


ဆရာ အကြံဉာဏ်ဗျူဟာ မရှိဘူးလားခင်ဗျ

ဒါက တော်လှန်ရေးအတွက်အရေးကြီးပါတယ်ဆရာ တချို့ကသတိမထားမိဘူး

ခုနောက်ပိုင်း ခက်စိတ်စိတ်ဖြစ်လာတာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page