top of page
Search

DASSK နဲ့ တွေ့ခဲ့လား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 17, 2023
  • 1 min read

ယခုသတင်းတွေအရ DASSK နဲ့ ရာပြည့်တို့တွေ့တယ်ဆိုပြီးတက်လာတာတွေ့ရပါတယ်။ မဲလုံးနဲ့ NP News က မအလလော်ဘီ ကျော်မျိုးမင်းတို့က မတွေ့ဖူး ငြင်းတာတွေ့ရပါတယ်။ မေးခွန်းက တကယ်တွေ့လား မတွေ့လားဆိုတာပါ။ ဒီနေရာမှာ DASSK ရဲ့ တော်လှန်ရေးမှာ အရေးပါပုံကို စရဖထောက်လှမ်းရေးသတင်းတစ်ခုပေါ်မူတည်ပြီးရေးပြပါမယ်။

စရဖဟာ စင်ကာပူက အမျိုးသမီးထံက သူမထံလှူသူစာရင်းကို သူမနာမည်မပျက်ခင်က ရခဲ့ပါတယ်။ သူမဟာNLD အမာခံမဟုတ်ပါ။ သူမဟာ တိုင်းရင်းသားလိုလို တတိယအင်အားစုလိုလို အမျိုးသမီးပါ။ သူက သူမရဲ့ စရဖကိုပို့တဲ့ အလှူရှင်စာရင်းကနေ သူတို့ရဲ့ social media ကို လိုက်ကြည့်ရာမှာ နာမည်တုမဟုတ်သူ အများစုက အမေစုထောက်ခံသူ ဖြစ်နေတာကို မအလတပ်က သွားတွေ့ပါတယ်။ ဒါတောင် သူမဟာ NLD နဲ့ မပတ်သက်သူ NUG ဆဲသူဖြစ်ပြီး သူမထောက်ပံ့သူကလဲ တိုင်းရင်းသားနယ်အဓိကပါ။ ထိုလို သူမကိုလှူသူအများစုဟာ အမေစုထောက်ခံသူများဖြစ်ကြောင်း စရဖက သိသွားခဲ့ပါတယ်။ နောက်ပိုင်းသူမက NUG ဖောင်းထုချိန် အလှူခံရငွေနည်းသွားပြီးသူမဒလန်ဆိုတာသိချိန်မှာ ယခင်လိုအလှူခံမရတော့တာလဲ အားလုံးသိမှာပါ။ ဒါက DASSK ရဲ့ဩဇာဟာတော်လှန်ရေးအပေါ် ဘယ်လောက် သွယ်ဝိုက်ရှိလဲဆိုတာကို ပြနေပါတယ်။

ယခုအချိန်အထိ စာရေးသူအနေနဲ့ တွေ့ မတွေ့အထောက်အထားမရသေးလို့ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့် သေချာတာကတော့ မအလကငြင်းရင် မဲလုံးငြင်းရင် ကျော်မျိုးမင်းငြင်းရင်တော့ ပြောင်းပြန်ယူရင် မှန်ပါတယ်လို့ ပြောပါရစေ။ ဘာလို့လဲဆိုတော့ သူမကိုထောက်ခံသူပြည်ပက အများစုက ၇၅% က ယခုတော်လှန်ရေးကိုထောက်ပံ့နေတယ်ဆိုတာကို မအလကသိနေလို့ပါ။ ဒါပါဘဲ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page