top of page
Search

DASSK နဲ့ ဆွေးနွေးနေလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 15, 2021
  • 1 min read

ဒီသတင်းတက်လာတာ ကြာပါပြီ။ သတင်းဘယ်ကထွက်လဲ တကယ်ဟုတ် မဟုတ် စုံစမ်းနေလို့ ကြာသွားတာပါ။

ပထမဆုံးက စကစက သတင်းလုံခြုံရေးကို အထူးတင်းကြပ်ထားပါတယ်။ ဒါ့ကြောင့် ဘယ်သူမှ မသိနိုင်ပါ။ DASSK ကို ဘယ်မှာထားလဲဆိုတာလဲ မသိနိုင်ပါ။ ခန့်မှန်းချေက စစ်ရုံးဝင်းထဲမှာလို့သာ အကြမ်းဖျင်းသိတာပါ။

ဒါဆို DASSK နဲ့ တွေ့လား? ယခင်က ပြောခဲ့သလိုပါဘဲ။ တပ်ထဲက ဒုဗိုလ်ချုပ်ကြီးအဆင့်ကမြဝတီသတင်းမျိုး သွားဖတ်ပြလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာက ဗိုလ်ချုပ်အဆင့်ပါ။ ဘာမှDASSK နဲ့ ဆွေးနွေးတာမရှိပါ။ ဘာလို့ သေချာပြောနိုင်လဲဆိုတော့ DASSK က သူမရှေ့နေအဖွဲ့ကို နောက်ဆုံးရုံးချိန်းအထိ ဘာမှမပြောလို့ပါ။ သူမနဲ့ ရှေ့နေတွေစကားပြောတာကို စကစက ခိုးအသံဖမ်းနားထောင်လို့ သူမ မပြောခဲ့တာကို သိတာပါ။ သူမက ထူးခြားရင် ပြောပါတယ်။

ဘာလို့ သတင်းမှားကို ထုတ်တာလဲ? ရည်ရွယ်ချက်က ရှင်းပါတယ်။ တပ်ထဲမှာလဲ ကိုဗစ်ိကိုင်တွ်ပုံကြောင့် မအလကို အမြင်ကပ်သူက များလာနေပါပြီ။ သူတို့က ထွန်းတောက်နိုင်ဖုန်းကတဆင့် လက်နက်ဝင်တာကို ဖမ်းမိပေမယ့် သူတို့ဖမ်းမမိတာတွေ ရှိနိုင်တယ်ဆိုတာ သူတို့သိပါတယ်။ PDFက သူတို့ကိုတိုက်ရင် အထိနာမှာမိုလို့ ဇဝေဇဝါဖြစ်အောင် လုပ်တာပါ။ ဟာမင်းကလဲ PDF လောက် နိုင်ပါတယ်ဆိုရင် သူတို့ကြောက်တာက PDF က တရုတ်နိုင်ငံအကျိုးစီးပွါးကို ဝင်တိုက်လိုက်ရင် တရုတ်က ဝင်ချလာပြီး မအလ အချုပ်အခြာအာဏာ ဂွမ်းသွားမှာပါ။ သူဒါကိုသိပါတယ်။ ရှမ်းမြောက်ကအဖွဲ့တွေနဲ့ AA က တရုတ်အကျိုးစီးပွါးကို မထိဘူးလို့ တရားဝင်ပြောထားပေမယ့် ဒီမိုတွေက သူဘက်လိုက်ရင် အကိုင်ခံရနိုင်တယ်ဆိုတာတရုတ်နိုင်ငံကသိသလို တရုတ်နိုင်ငံရဲ့ အကျိုးစီးပွါးထိရင် မအလ အခြေအနေမကောင်းဘူးဆိုတာ မအလသိပါတယ်။ စင်ကာပူဝန်ကြီးချုပ်စကား ယူသုံးရရင်ါအမေရိကန်ရဲ့ တပ်မ၁၀၁ က မြန်မာပြည်ထဲ မဝင်နိုင်ပေမယ့် တရုတ်နိုင်ငံက အသင့်အနေအထားနဲ့ နယ်စပ်မှာစောင့်နေတယ်ဆိုတာ မအလသိပါတယ်။

ပုံမှန်​လေးဘဲ စဉ်းစားကြည့်ပါ။ စကစလုပ်နေတာ မိုက်ရိုင်းနေတာတွေက ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဉ်ပါ။ DASSK ကို စွဲတဲ့ ပုဒ်မတွေ၊ NLD CEC တွေကို တပ်တဲ့ ပုဒ်မတွေကို ကြည့်ပါ။ ယခုဟာက PDF အားကောင်းမလာအောင် လူတွေကိုဗစ်ကြောင့် သူတို့အသုံးမကျတာကိုဒေါသထွက်နေချိန်မှာ လမ်းပေါ်ထွက်မလာအောင် လုပ်တာပါ။ ယခုကောင်းတာက NUG က၊ဆရာဇော်ဝေစိုးတို့ Dr Sasa တို့က ယခင်ကလို အာဆီယံကိုယ်စားလှယ်လာတာ စောင့်မနေဘဲလုပ်စရာရှိတာကို လုပ်နေတာပါ။

ပြည်သူများလဲ ဂျင်းသတင်းအပေါ် မျှော်လင့်ချက် မထားပါနဲ့။ လောလောဆယ် ကိုဗစ်မဖြစ်အောင်သာ ဂရုစိုက်ပါ။ မအလ ဖက်ဆစ်ကို ဘယ်လိုတိုက်နိုင်မလဲသာ စဉ်းစားပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page