top of page
Search

DASSK နဲ့ ကျန်းမာရေးဝန်ကြီးရဲ့ပညာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 24, 2020
  • 1 min read

ပညာဆိုတာ အမှားအမှန်ကို ခွဲခြားနိုင်တာလို့ ပြောကြပါတယ်။ တချို့က ဆေးပညာပါမောက္ခ၊ အချို့က စင်ကာပူပြန်စစ်ဆေး စာရေးဆရာ ဒါပေမယ့် အမှားအမှန်မခွဲခြားတတ်ရင် အလကားပါဘဲ။ ဒီနေရာမှာ ဒေါက်ခိုင်ကို ယခင်က ကွီးကိုတိုက်ခိုက်ချိန်က အားပေးခဲ့သူအချို့တောင် ဒေါက်ခိုင်ဟာ ဆေးကျောင်းတက်ခဲ့သလားဆိုတာတောင် မယုံလို့ ပြန်မေးခွန်းထုတ်လာကြပါတယ်။ သူမက မန္တလေးဆေးကျောင်းမှာ စတက်ခဲ့ပြီး ရန်ကုန်ကို နောက်ဆုံးနှစ်လောက်မှာ ပြောင်းလာပြီး ၁၉၉၃ မှာ ကျောင်းပြီးခဲ့တာပါ။ ဒါပေမယ့် သူမမေးတဲ့ မေးခွန်းက မိမိအဆင့်အတန်းကိုပြသွားခဲ့တာပါ။ ဒီနေရာမှာ သူမမေးခဲ့တဲ့ ပိုးစစ်တဲ့ test kit အကြောင်းကို စာရေးသူရဲ့ စာမျက်နှာမှာ အာလာခြောင်တဲ့ ဖွတ်တစ်ယောက်ကိုလဲရှင်းပြခဲ့ပြီးပါပြီ။ ယခုလဲ ဝန်ကြီးက အဆိုပါစစ်တဲ့ test kit ဟာ ရောဂါလက်ရှိဖြစ်နေလား မဖြစ်နေလားဆိုတာကို စစ်မရကြောင်း ထပ်ရှင်းပြသွားပါတယ်။


ဒါတင်လားဆိုတော့ မဟုတ်ပါ။ အဆိုပါ test kit များရဲ့ အရည်အသွေးကလဲ ပြဿနာဖြစ်ခဲ့ပါတယ်။အိန္ဒိယက တရုတ်ထံက ဝယ်မယ်လုပ်ပြီးမှ ပြန်ဖျက်လို့ ပြဿနာတက်ခဲ့ပါတယ်။ ယူကေက ဒေါ်လာသန်း ၂၀ ဆုံးသွားသလို အီးယူက ဒေါ်လာ ၁၆ သန်း ပလုံသွားခဲ့ပါတယ်။ စပိန်ကလဲ မယူဘဲပြန်ပေးလို့ပြဿနာတက်နေပါတယ်။


DASSK နဲ့ သူမရဲ့ နိုင်ငံခြားပြန် ကျန်းမာရေးဝန်ကြီးတို့က ခေါင်းရှိစွာနဲ့ အရည်အသွေးမပြည့်တဲ့ test kit တွေကို မဝယ်မိလို့ တိုင်းပြည်အတွက် ဒေါ်လာသန်းပေါင်းများစွာ သက်သာသွားခဲ့ပါတယ်။ ဒါပေမယ့်ဒီလို ကမ္ဘာပေါ်က အသုံးမကျလို့မသုံးတဲ့ test kit ကို တပ်ထဲမှာဝယ်ထားတာ တရားဝင် စာရင်းပြတာကသုံးသောင်းရှိပါတယ်။ ဘယ်လောက်များ တိုင်းပြည်ပိုက်ဆံကို ဖြုန်းတီးလိုက်ပါသလဲ။


အချို့ကိစ္စတွေက ဦးနှောက်နဲသူများကို လှည့်စားရလွယ်ပေမယ့် ပညာရှိတွေက တိုင်းပြည်အကျိုးကြည့်ပြီး မကုန်သင့်တာ မကုန်အောင် စီမံခန့်ခွဲသွားတာပါ။ DASSK စီမံခန့်ခွဲမှုတော်တာကို ဒီကနေပြနေပါတယ်။


စာရင်းစစ်မခံနိုင်သူ ပညာမရှိသူများကတော့ နိုင်ငံတကာမှာ အသုံးမဝင်တဲ့ test kit ဝယ်ပြီး တိုင်းပြည်ပိုက်ဆံဖြုန်းသလို ဒေါက်ခိုင်လို အဘတများ ဖွတ်စစ်ဆေးများကလဲ ဝိုင်းထောက်ခံကြတာပါ။ အဘမှားဝယ်ထားတဲ့ နိုင်ငံတကာမှာလဲ အသုံးမဝင်တဲ့ test kit ကြောင့် ဒေါ်လာတစ်သန်းအနည်းဆုံး လေလွင့်ရင်တောင် ဒီပိုက်ဆံနဲ့ တစ်အိမ်ထောင် တစ်သောင်းဖိုး ဆီ ဆန် ဆား ဝေရင်တောင် အိမ်ထောင်စု တစ်သိန်းခွဲနီးပါး ဝေလို့ရမှာပါ။ ဒါက အဘရဲ့ ဆေးပညာအကြောင်း နားမလည်လို့ အဘနားမှာ John Hopkins ကအောင်လာတဲ့ ပညာတတ်မရှိဘဲ မော်စကိုပြန်လောက်သာ အမြင့်ဆုံးအဆင့်ရှိလို့ ယခုလိုလေလွင့်ရတာပါ။ ဒီလိုမျိုး တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လေလွင့်ဆုံးရှုံးမှု ဖြစ်ခဲ့တာကတော့၁၉၆၂ ကနေ ၂၀၁၆ ဒီမိုအစိုးရ မတက်ခင်အထိပါဘဲ။ ယခုမှားဝယ်တာက တပ်အတွက်သာဆိုတော့တော်သေးတာပေါ့။ သူသာ သမ္မတဆို ပလုံမှာ။


အချို့ကိစ္စတွေက ဖော်ရှိုးထက် ပိုလုပ်ရပါတယ်။ ဆေးပညာမှာ အထောက်အထားပေါ်မူတည်တဲ့ ဆေးပညာ Evidence Based Medicine နဲ့ လုပ်ရပါတယ်။ ဖော်ရိူးဆေးပညာ For Show Based Medicine နဲ့ လုပ်မရပါ။ ဖော်ရိူးက ဒေါက်ခိုင်းတို့ ဖွတ်တို့ စစ်ဆေးက လူပြိန်းအကြိုက်ပါ။ နောက်ပြီး ဝါ၊ စိမ်း၊ နီက ကပ်ရောဂါမှာ မသုံးဘဲ အကြမ်းဖက်တိုက်ဖျက်ရေးမှာသာ သုံးတာပါ။ အကြမ်းဖက်မှာတော့ အရောင်ငါးမျိုးနဲ့ သတ်မှတ်ပါတယ်။ ဥပမာ ရခိုင်မင်းပြားဆို အနီရောင်အဆင့်ပါ။ အဘက ကပ်ရောဂါနဲ့အကြမ်းဖက်တာ အရောင်တွေမှားပုံပါ။ စာက မတတ်သလို သူ့နားကလူတွေကလဲ မတတ်တာပါမှာပါ။ဒါကိုလဲ ဝန်ကြီးက ရှင်းခဲ့ပါပြီ။


အကျဉ်းချုပ်ရရင် ယခုလို ကပ်ရောဂါဖြစ်ချိန်မှာ တကယ်တော်တဲ့ ဝန်ကြီးက ကျန်းမာရေးဝန်ကြီးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့ခေါင်းဆောင် ဖြစ်နေတာက စာရေးသူတို့ ကံကောင်းသွားတာပါ။


Photo credit: Myanmar Harp, BBC, The guardian, ICRM, Independent, EURACTIV, Bloomberg, Reuters

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


naynanmyint629395
naynanmyint629395
May 25, 2020

ကျမ.မှာ ရှိတဲ့ documents. များ

ကို deleted လုပ်လိုကိမိ လို့ပြစရာ မ ရှိပေမဲ့ ဒေါက်ခိုင် ဟာ

စီးပွာရေး ဘွဲ့ရ. လို့ ဘဲ မှတ်မိပါတယ်

1990.နောက်ပိုင်း ကာလ များမှာ

Doctotates.ဖောင်းပွ တဲ့ ကာလပါ


ပါရဂူ တန်းတက်ဖို့ ဝင်ခွင့်အတွက် ကျူရှင်တက်

ကြရတယ် ဆိုတာ ဆရာမြတ်

သိပါသလား


နဝတ. လက်အောက် မှာ ပျက်စီး

သွားတဲ့ ပညာရေး အဆင့်

ကြောင့် unqualified. များနေရာ

ယူကြလို့ ပြဿနာများတောင်လို

ပံ ု လာတာ ပညာတတ်လူတိုင်း အသိပါ


မိုးကျ မျးာကြောင့် တကယ့် အရည်အချင်း ရှိသူ တော်များများ ကပြင်ပရောက်သွားကြ ပါတယ်


ကျန်သူ များကလဲထိပ်မှာ ပိတ် ထိူင် ပီးနေ တဲ်မိုးကျများကြောင့်

အလုပ် ခွင် ဟာ ငရဲခန်း ဖြစ် လာပါတယ်


စာတတ်ပေမဲ့

မဖတ်ရင်

မလေ့လာရင်

စေတနာ မမှန်ရင်

အလကားပါဘဲ


Like

naynanmyint629395
naynanmyint629395
May 25, 2020

တခု စဥ်းစားမိတာက

NLD ကိုသာ စစ်စစ်ပေါက်ပေါက်

နေပေမဲ့အဘ ရဲ့ စက် က useless

ဖြနေတာကို ဒေါက် ခိုင် က ဘာလို့

မေးခွန်းမထုတ်တာလဲ


သူမ.ပြောသလို သူမ ရဲ့ အလုပ်

ဖြစ်တဲ့ ဘဏ္ဍရေး ကိစ္စ ကို လုပ်

တာပါဆိုရင် အဘ ရဲ့ useless

စက် ကြောင်း ကိုမေးကိုမေးရ

ပါမယ်


ဝန်ကြီးကလဲ အဲ့ဒီစက် သံ ုး မရ

တာ ကို ကမ္ဘာ ရောပြည်သူ ကိုပါ

ပြောပြသင့်ပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page