top of page
Search

DASSK ဒေါ်စုစုလွင်ကို ဘာပြောခဲ့လဲ?

Writer's picture: Myat Tun OoMyat Tun Oo

စာရေးသူက မအလရဲ့ ဆိုက်ဝါးတွေကို အကွက်ကြိုမြင်လေ့ရှိပါတယ်။ မြင်ရတာကလဲ အသိုက်တူလို့ပါ။ မအလဟာ အငြိုးကြီးပါတယ်။ သူ့ကို ဟောင်ပွါဟောင်ပွါလုပ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာအောင်မိုးညိုတို့ကို နှစ်ရှည်ထောင်ချခဲ့ပါတယ်။ DASSK ကို စွဲထားတဲ့ ပုဒ်မတွေကလဲ ထောင်ထဲကထွက်ဖို့လမ်းမမြင်ပါ။ ကွီးဖြိုးကို ထောင်ချရင် တစ်ခါသာချလို့ရမှာဖြစ်ပေမယ့် ဘဝသေအောင်နိုင်ငံရေးသေအောင် သူတင်ဖမ်းတာမဟုတ်ဘဲ သူ့မိန်းမပါဖမ်းပြီး အကျပ်ကိုင်ပါတယ်။ ကွီးဖြိုးဟာDASSK ကို အမှုဆင်ရာမှာသုံးလို့ နိုင်ငံရေးအရ NLD ပါတီကနေ သုံးမရတော့ပါ။ ကွီးဖြိုးက သူကိုယ်တိုင် အမှုမတပ်ဘဲ အဖမ်းခံနေရသလို အခြားဝန်ကြီးချုပ်တွေလို သူတစ်ယောက်ထဲ အဖမ်းခံရတာမဟုတ်ဘဲ သူ့မိန်းမပါ အဖမ်းခံထားရတာပါ။ ဒါတင်မဟုတ်ဘဲ DASSK ကို အမှုဆင်ရာမှာသုံးပြီးပြည်သူ့အမုန်းပါ ထပ်ခံရပါတယ်။ ကွီးဖြိုးလို အစိုးရသက်သေထွက်ပြီး မအလမီဒီယာရော ဒီမိုမီဒီရာကရော လောဘီတွေကပါ ကွီးဖြိုးလို ရှုတ်ချတာကို မခံရတာက ဒေါ်စုစုလွင်ပါ။ သူမကို ဖောင်ဒေးရှင်းကိစ္စမှာ အစိုးရသက်သေအဖြစ် မအလက ကွီးဖြိုးလို သုံးခဲ့ပါတယ်။ ဘယ်လော်ဘီကမှ ကွီးဖြိုးကိုဆဲသလို မဆဲခဲ့ပါ။ မအလမီဒီယာကလဲ သူမထွက်ဆိုချက်ဘာညာဆိုပြီး မတင်ခဲ့ပါ။

သူမဟာ တရားရုံးမှာ DASSK ကို ကန်တော့ခဲ့ပါတယ်။ ပြီးတော့ အစိုးရသက်သေ ထွက်ဆိုခဲ့ပါတယ်။သူမက DASSK ကို ဆာဆာကာဝါနဲ့ တွေ့ရမလားလို့မေးပါတယ်။ DASSK က ဒေါ်စုစုလွင်ကို NLD ပါတီကို ကိုယ်စားပြုပြီး ဘယ်သူနဲ့မှ မတွေ့ပါနဲ့လို့ ပြောလိုက်ပါတယ်။ မိမိဖာသာ လူပုဂ္ဂိုလ်အနေနဲ့တွေ့တာက မိမိဆုံးဖြတ်ချက်ဖြစ်ကြောင်း NLD ကို ကိုယ်စားပြုပြီး မတွေ့ရလို့ သူမကို ပြောလိုက်ပါတယ်။ဒေါ်စုစုလွင်က ဒီကိစ္စကို ပြင်ပကိုထုတ်မပြောဘဲ အာဆီယံကိုယ်စားလှယ်နဲ့တွေ့ရင် ဒါဟာ NLD ကိုကိုယ်စားပြုသလို ပုံမှားရိုက်သလို ဖြစ်နေပါတယ်။

တကယ်က အာဆီယံကိုယ်စားလှယ် ဘယ်သူမှမတွေ့ဘဲ ပြန်သွားရရင် ပိုကောင်းပါတယ်။ အာဆီယံထံက ဘာမှမျှော်လင့်ချက်မထားပေမယ့် အာဆီယံက သူမြန်မာပြဿနာကို မရှင်းနိုင်ဘူးဆိုပြီး တရုတ်နဲ့အမေရိကန်ကို ပြောခဲ့ရင် စာရေးသူတို့ အကူအညီရဖို့ ပိုမြန်သွားနိုင်ပါတယ်။ မဟုတ်ဘဲ အာဆီယံက ဇတ်မြောလုပ်နေပြီး NLD ထဲက အဖမ်းမခံရဘဲ ကျန်ခဲ့သူအချို့က တွေ့သလိုလုပ်နေရင် အာဆီယံက သူတွေ့နေတယ်ဆိုပြီး ဂျင်းထည့်ခွင့်ရနေမှာပါ။ ဒေါ်စုစုလွင်အနေနဲ့ မိမိက မိမိသဘောနဲ့တွေ့ခဲ့ရင်တောင် မီဒီယာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောသင့်ပါတယ်။ ပန်းပုသမားတွေက တော်လှန်ရေးမှာ အသုံးမဝင်တော့ပါ။ တော်လှန်ရေးမှာ လိုနေတာက သစ်ခုတ်သမားတွေပါ။ မုန့်ဟင်းခါးကျွေးနိုင်မယ့်လူတွေပါလို့ပြောပါရစေ။

418 views2 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

2 Comments


virathu
Mar 23, 2022

DSSL is a turncoat and opportunist. It runs in her family starting with her late father, U Lwin, who was part of the military coup in 1962 that started the horrible trend of power grabs at will by military generals for years to come. Her husband is a better person but did not deliver much for the people of Myanmar while he was a President. People like DSSL and some of the CEC members are the reason why NLD has not been successful at recruiting and retaining young talents. These useless people have won the trust of DASSK and became gatekeepers of NLD. The gatekeepers of NLD make sure that only people aligned with their agenda can get close to…

Like

Nay Nann myint
Nay Nann myint
Mar 22, 2022

I have no idea why DSSL acted

as a witness prosecute .

What is the loyalty ?

What is the dignity ?

What is the faith in ?

So amazing .

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page