top of page
Search

DASSK ကို ဘယ်မှာဖမ်းထားလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 5, 2021
  • 1 min read

DASSK က မနေ့က ရုံးချိန်းမှာ သူ့ရှေ့နေတွေကတဆင့် ကျန်းမာရေးမကောင်းလို့ နှစ်ပတ်တစ်ကြိမ်သာ ရုံးထုတ်ဖို့ ပြောလာပါတယ်။ ဘာကြောင့်လဲ။ သူမဟာ ကားစီးရင်လဲ မူးတယ်လို့ပြောပါတယ်။ ဒါဆိုသူမကို ဘယ်မှာချုပ်ထားလဲ? အာဏာသိမ်းခါစက DASSK ဟာ အကျယ်ချုပ်လောက်သာ ထင်ခဲ့ပုံပါ။ နောက်ပိုင်းမှာ သူမအိမ်ကနေ သူမကို မအလက အတင်းဖယ်ရှားခဲ့ပါတယ်။ အင်အားသုံး ဖယ်ရှားခဲ့တာပါ။ သူမပိုင်ပစ္စည်းထဲက အချို့ကိုသာ သူမနဲ့အတူ ယူခွင့်ပြုခဲ့တာပါ။ ဒါ့ကြောင့် နောက်တရားရုံးမှာ သူမထံက ရွှေတွေ့တယ် ဘာညာဆိုပြီး ဆက်လိမ်ပါမယ်။စီစဉ်သူက မိုးမြင့်ထွန်းနဲ့ ရဲဝင်းဦးပါ။

ယခုထားတဲ့နေရာက စစ်ရုံးချုပ်ထဲမှာဖြစ်ပြီး အဲ့ဒီနေရာက ယခင်မအလအိမ်နဲ့ သိပ်မဝေးပါ။နေပြည်တော်တိုင်း စစ်ဌာနချုပ်ထဲမှာ မဟုတ်ပါ။ အဲ့ဒီအဆောက်အအုံက သိပ်မကောင်းပါ။ သိသလောက် လေအေးပေးစက်တွေ ဘာတွေမရှိပါ။ အဲ့ဒီနေရာရဲ့ အရှေ့ဘက်က တောင်လိုမျိုးဖြစ်ပြီး ယခင်မြောက်ကိုရီးယားနဲ့ တူးထားတဲ့ မြေအောက်စခန်းအချို့ရှိပါတယ်။ သူမကို ရုံးထုတ်ရာမှာ ပုံမှန်လမ်းက မမောင်းခိုင်းဘဲ သူမမသိအောင် အပြင်တောလမ်းကမောင်းလို့ သူမကားမူးပါတယ်။ နောက်ခရီးစဉ်က မိနစ် ၄၀ ကနေ တစ်နာရီလောက်ကြာပါတယ်။ နေပြည်တော်ကရာသီဥတုပြင်းလို့ အအေးဒဏ် အပူဒဏ်တွေကို သူမခံရပါတယ်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကဆိုရင် မြန်သလို လမ်းမကြမ်းနိုင်ပါ။

နောက်အစားအသောက်ကလဲ သူမကိုဖမ်းထားတာဟာ ကန့်သတ်နယ်မြေဖြစ်လို့ သူမနဲ့အတူနေသူတွေ စျေးထွက်ဝယ်လို့မရပါ။ တပ်ထဲကပေးတာနဲ့ ချက်ရပါတယ်။ သူမက ခြေလေးချောင်းမစားလို့ အသီးအရွက်သာ စားရသလိုဖြစ်နေပါတယ်။ သူမကတော့ ဒါတွေကို ထုတ်ပြောမှာမဟုတ်ပါ။ဒါတွေကို ရေးလိုပေမယ့် အကျိုးအပြစ်ကို ချိန်နေလို့ရယ် နောက်နေရာအတိအကျသိလိုလို့ရယ်စောင့်နေရလို့ ကြာသွားတာပါ။ ဒါတွေကြောင့်လဲ သူမကို အာဆီယဲကိုယ်စားလှယ်နဲ့ ပေးမတွေ့တာပါ။

ယခုမအလလုပ်နေတာက သူမကို မသေသေအောင် အနုနည်းနဲ့ လုပ်နေတာပါ။ ဒါက စာရေးသူတို့ရဲ့ ဒီမိုမိခင်ကြီးကို မအလနဲ့ သူ့မိန်းမက အငြိုးထား ယုတ်မာနေတာပါ။ သူမကိုတောင် ယခုလိုလုပ်ရင် အခြားအဆင့်ကတော့ မတွေးဝင့်စရာပါ။ ဒါ့ကြောင့်စာရေးသူတို့အနေနဲ့ ဘာမှတွေဝေမနေဘဲ မအလကို ဖြုတ်ချနိုင်အောင်သာ ဆက်လုပ်ရမှာပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


ayeyarr
ayeyarr
Oct 06, 2021

Please write this article by English more detail as much as you can. International Media and all of the people think she is under house arrest (Even not in her home the status is house arrest level).

Like

Myint Soe Oo
Myint Soe Oo
Oct 05, 2021

ဦးမြတ်!!!ကြားရတာ နားဝမှာဖြင့် မသက်သာလှပါ။ ကြည်ညိုသူတစ်ဦး

ကိုယ်နွမ်း​နေမှု​ကြောင့်ပါ။ြကည်ညိုရခြင်းအ​ကြောင်းကို တင်ပြခဲ့ြပီးဖြစ်၍ ဘုရားရှင်၏ အဆုံးအမမျာယြဖင့်စတင်ပါရ​စေ။

သတ္တဝါမှန်သမျှ ကံ စိတ် ဥတု အာဟာရ (အ​ခြေခံ အ​ကြောင်းတရား)​လေးပါးအ​ပေါ် မူတည်ပါသည်။

​ဆောင်းပါးပါ အချက်များအရ ဥတု နှင့် အာဟာရ အ​ထောက်အပံ့ ညံ့ဖျင်း​သော​ကြောင့် မူး​​​ဝေခြင်းဟူသည့် ရုပ်ခန္ဓာ ​ဖောက်ပြန်ရြခင်းဖြစ်ပါသည်။

အာဟာရ ဆိုရာဝယ် အစားအစာများအပြင် ဗီတာမင်စုံ အား​ဆေးများလည်း ပါဝင်ပါသည်။အ​ခြေ​လေး​ချောင်းသားမစားသဖြင့် အသားဓါတ် ပြည့်ဝရန် အစားထိုးအစာမှာ **ပဲ မျိုးစုံ**ဖြစ်ပါသည်။ ကုလားပဲ တစ်မျိုးထဲ မဟုတ်ပါ။ ကုလားပဲ ​​တောင်မှ မိှုတက် ပိုးထိုး​နေလျှင် ​ဆေးမဖြစ်ပဲ ​ဘေးဖြစ်တတ်ပါသည်။အသားဓါတ်ပြည့်စုံစွာမရ၊ ဟင်းသီးဟင်းရွက်(သက်​​စောင့် ဗီ)ကလည်း မလတ်ဆတ်ပါက ငယ်ရွယ်သူပင် ကျန်းမာ​ရေး ချို့ယွင်းပါသည်။သည်အချက်များကိုကြည့်ခြင်းအားဖြင့် မစားနိုင် မ​သောက်နိုင်ဖြစ်ကာ???

ယခုတိုင် (အသက်အရွယ်အရ)ရှင်သန်​နေရခြင်းမှာ ကံ*(အတိတ်နှင့် ပစ္စုပ္ပန် လုပ်​ဆောင်​သော ကာယ ဝစီ မ​နော ​ဆောင်ရွက်ချက်များ)နှင့် *စိတ်* ​ကြောင့်ဖြစ်ပါသည်။

​လောကကို စိတ် ဦး​ဆောင်၏။(ဘုရားရှင်၏ အဆုံးအမ သြဝါဒ)

စိတ် ကျန်းမာ​ရေး ​ကောင်းလွန်း​နေ​သော​ကြောင့်သာ ခံသာ​ခြင်းဖြစ်ပါသည်။ အ​ခြေခံ အ​ကြောင်းရင်းသည် စိတ်ဓါတ်ကြံ့ခိုင်ကျန်းမာရန် တခုတည်း​သော ​ဆေးမှာ**သတိပဌာန်အလုပ်**ြြြဖြစ်ပါသည်။

ပွားများအလုပ် လုပ်လွန်း၍ အတိုင်းအတာ တစ်ခုအထိ ​ရောက်လျှင် ​ကောင်းဆိုး ​ရောပြွန်း ​လောကဓံ၏ ရိုက်ခတ်မှုကို တုန်လှုပ်မှု မရိှ၊ တည်ငြိမ်စွာ လက်ခံနိုင်၏။

**ဖုဌသ ​လောကဓ​မ္မေဟိ၊ စိတ္တံ ယသ န ကမ္ပတိ။

**အ​သောကံ ဝိရဇံ ​ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ (မင်္ဂလသုတ်)

{{ ကီးဘုတ်မှာ သကြီး အက္ခရာ မပါမှုအ​ပေါ် နားလည်​ပေးပါရန် }}

အသက် ၇၅ နှစ် ၊ သက်တူရွယ်တူ မှန်သမျှ ပုပ္ပါး​တောင်ကလပ်​ပေါ်သို့ တချီတည်း…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page