top of page
Search

DASSK၊ ကွီးဖြိုးနဲ့ ကွီးစိုးတို့ရဲ့ ပြည်သူသို့ တင်ပြချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 15, 2020
  • 1 min read

ယခုရက်ပိုင်း ရန်ကုန်မှာ ပိုးတွေ့သူ များလာသလို ရောဂါကြောင့် သေသူဟာလဲ တိုးလာခဲ့ပါတယ်။ကျန်းမာရေးဝန်ကြီးက ရန်ကုန်မြို့နယ်အချို့ကို စက်တင်ဘာ ၉ ရက်နေ့က Stay at home အမိန့်ထုတ်လို့နောက်ပိုင်း နှစ်ပတ်နေရင်တော့ ပိုးတွေ့တာ သေတာဟာ လျော့လာမှာပါ။

ဒီနေရာမှာ ရန်ကုန်မြို့မှာ ပိုးတွေ့သူများလာတာနဲ့အမျှ စိုးရိမ်သူပြည်သူများလဲ ရှိလာသလို ကောလဟာလထုတ်သူ အကောင့်တုများ၊ အဆိုးမြင်ဝါဒီများနဲ့ အမြင်မတူသူ ဆရာဝန်အချို့ကလဲ သူတို့အမြင်ကိုရေးကြ ရှယ်ကြပါတယ်။ ဒီနေရာမှာ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလိုရောင်တော်ပြန်နဲ့ ရောပြီး ကောလဟာလထုတ်သူများကိုလဲ တွေ့လာရပါတယ်။ အချို့ ခေတ်သစ်လိုအဆိုးမြင်ဝါဒီ သတင်းဌာနတွေကတော့ နဂိုကထဲက Q မဝင်ချင်သူတွေနဲ့ ဗျူးပြီး ပြည်သူကိုဖြဲခြောက်ဖို့ ကြိုးစားလာတာလဲ တွေ့ရပါတယ်။

ဒါဟာ ကပ်ရောဂါတွေမှာ ဖြစ်လေ့ရှိတဲ့ အနေအထားပါ။ သတင်းလစ်ဟာမှုနေရာမှာ ကောလဟာလကနေရာဝင်ယူလာတာပါ။ အစိုးရဆိုတာ ဖန်ဆင်းရှင်မဟုတ်လို့ အချို့လစ်ဟာမှုအနည်းငယ်ရှိနိုင်ပေမယ့်ဒါကိုဘဲ အဆိုးမြင်ဝါဒီတွေက ချဲ့ကားပြောကြတာပါ။



နိုင်ငံခြားတိုင်းပြည်တွေမှာ ဥပမာ အမေရိကန်မှာ ထရမ့်က သူ့ရဲ့ ကူးစက်ရောဂါဆရာဝန်ကြီး Dr Anthony Pauci နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သလို အင်္ဂလန်က ဝန်ကြီးချုပ် ဂျွန်ဆင်ဟာလဲ သူ့ဆေးပညာအရာရှိချုပ်၊ စကော့တလန် ပြည်နယ်ဝန်ကြီးချုပ်ကလဲ သူ့ဆေးပညာအရာရှိချုပ်၊ ဂျာမန်ဝန်ကြီးချုပ်ကလဲ သူ့ကူးစက်ရောဂါဌာနအကြီးအကဲ ပါမောက္ခ Wieler တို့နဲ့ သတင်းသမားတွေကို ရှင်းလေ့ရှိပါတယ်။


မနေ့ကညက DASSK က ပြည်သူသို့တင်ပြချက်ဆိုပြီး ပြောပြပါတယ်။ ဒီဟာက စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်။ သူက ဗဟိုအစိုးရက ဘာပံ့ပိုးမယ် ပြည်သူ့ထံက ဘာအကူအညီလိုမယ်ဆိုတာကို ချပြခဲ့ပါတယ်။ သူက မဟာဗျူဟာပေါ့။ ဒါပေမယ့် ဖြစ်နေတဲ့ ရန်ကုန်ကပြောတာကို ပြည်သူတွေက သိချင်မှာပါ။ ဒါကြောင့် မနေ့ညက ကွီးဖြိုးက ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ သတင်းစကားပြောပြီး political leadership နိုင်ငံရေးခေါင်းဆောင်မှုကို ပြခဲ့သလို ကွီးစိုး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးကလဲ သူတို့လုပ်နေကိုင်နေတာတွေကို ရှင်းပြသွားခဲ့ပြီး medical leadership ဆေးပညာအရ ခေါင်းဆောင်မှုကို ပြသွားခဲ့ပါတယ်။ ဒါဟာ ဒီရောဂါကို ကိုင်တွယ်ပုံမှာ ရန်ကုန်တိုင်းအစိုးရနဲ့ ကျန်းမာရေးက ရန်ကုန်အတွက်တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်ဟာ အမေရိကန်၊ အင်္ဂလန်၊ စကော့တလန်နဲ့ ဂျာမနီကဲ့သို့ good pandemic management ကပ်ရောဂါကို ကောင်းမွန်စွာ စီမံလုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားပါတယ်။


ကွီးဖြိုးက အမျိုးသားအဆင့်ဗဟိုညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေကြောင်း ပြည်သူကိုကျေးဇူးတင်ကြောင်းပြောပြီး နေရာ မလုံလောက်ဘူးဆိုတာကို မဟုတ်ကြောင်း ဖောင်ကြီးမှာ ၁၂၂၀လက်ခံနိုင်ပြီး ယခု ၈၄၃ သာလက်ခံထားရသေးကြောင်း၊ ဝေဘာဂီမှာ ၆၇ သာ ကုသမှုခံယူနေပြီးတောင်ဥက္ကလာဆေးရုံမှာ ၄၂ ဦးရှိကြောင်း၊ ရိုးမရိပ်သာကို ကုသဖို့အတွက် ပြင်ဆင်နေကြောင်း ပြောသွားခဲ့ပါတယ်။ ရိုးမရိပ်သာ အတည်ပြု လူနာနဲ့ ဆက်စပ်သူ Q ၁၂၀၆ဦးရှိပြီး ပိုးတွေ့ သူ ၂၇၂ ဦးထားထားကြောင်း ပြောသွားခဲ့ပါတယ်။ သူက လူနာ ၁၇၅၆ ဦးထပ်မံလက်ခံနိုင်တဲ့ အခြေအနေကို ပြောပြသွားခဲ့ပါတယ်။ သူကဆက်ပြီး လှိုင် Q စင်တာမှာ ၁၆၀၀ ဦး လက်ခံနိုင်ပြီး ယခု ၅၃၃ သာလက်ခံထားလို့၊ ၁၀၆၇ လက်ခံနိုင်သေးတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကြောင့် နောက် နှစ်ထောင်ကျော် သုံးထောင်လက်ခံနိုင်သေးကြောင်း စိတ်အေးဖို့ ပြောသွားခဲ့ပါတယ်။ သူ့ရန်ကုန်သူ ရန်ကုန်သားတွေကိုလဲစိတ်အေးအေးထားပြီး သတိရှိရှိနဲ့ ဖြတ်သန်းကြဖို့ တိုက်တွန်းသွားပါတယ်။ ဒါက နိုင်ငံရေးအပိုင်းပါ။သူဘယ်လောက်အထိပြင်ထားတယ်ဆိုတာကို ပြောပြသွားတာပါ။



ဆေးပညာမှာလဲ ကွီးစိုးက နေ့မအိပ် ညမအိပ်လုပ်နေရတာ မဟုတ်သေးပါကြောင်း ဆရာဝန်တွေအလုံအလောက်ရှိကြောင်း ပြောသွားခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက် နေရေး စားရေးစီစဉ်ပေးနေတာကိုလဲ ပြောပြသွားခဲ့ပါတယ်။ ဒါဟာအရေးကြီးပါတယ်။ နောက်ရောဂါပိုးတွေ့နှုန်းအနည်းငယ်တန့်လာတာကိုလဲ အသိမှတ်ပြုပြောသွားခဲ့ပါတယ်။ သူကလဲ ကွီးဖြိုးပြောသွားတဲ့ လူနာ၄၅၀၀-၅၀၀၀ အတွက် ကုသဖို့နေရာရှိတယ်ဆိုတာကို ပြောပြသွားခဲ့ပါတယ်။ ဒါဟာ အင်မတန်မှအရေးကြီးပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ တင်တာ ပြောတာကို သူတို့လိုဆရာကြီးတွေကသာထောက်ပြပြောဆိုနိုင်မှာပါ။ သူက အဓိက ပေါင်းစပ်ညှိနှိုင်းနေရသူ ဆရာဝန်များလေးစားတဲ့ပါမောက္ခချုပ်မိုလို့ အခြားဆရာဝန်ပါမောက္ခတစ်ယောက်က Facebook ပေါ်မှာ စေတနာကြောင့်ရေးရေးဘာကြောင့်ရေးရေး သူကသာ ရှင်းနိုင်မှာပါ။


မနေ့က သတင်းစာရှင်းလင်းပွဲကို ကြည့်လိုက်ရတာ အင်မတန်မှ အားတက်မိပါတယ်။ ကွီးဖြိုးဟာလဲအခက်အခဲကြား crisis မှာ rise to the occasion အရည်အချင်းတွေ ပိုထုတ်ပြလာတာ တွေ့ရပါတယ်။ ကိုဗစ်ဟာ အနောက်နိုင်ငံတွေနဲ့ အမေရိကန်မှာတောင် အခက်အခဲရှိခဲ့လို့ မြန်မာမှာလဲရှိမှာပါ။ ဒါပေမယ့်စာရေးသူတို့မှာ နိုင်ငံရေးအရ DASSK လို ကွီးဖြိုးလို ခေါင်းဆောင်ကောင်းတွေရှိသလို ဆေးပညာမှာလဲ ကျန်းမာရေးဝန်ကြီးလို ကွီးဇော်လို ခေါင်းဆောင်ကောင်းတွေရှိလို့ အဆင်ပြေမှာပါ။


ရန်ကုန်မြို့နဲ့ မြန်မာပြည်ကြီး ကိုဗစ်စစ်ပွဲကို အောင်နိုင်ပါစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 16, 2020

ဦးမြတ်! MYANMAR UNITED

လုံးဝ ငြင်းပယ်၍ မရပါ။ အခိုင်အမာတွေ ၊ အမာခံတွေ ၊ အမှန်တရားသစ္စာကို ရိုသေစောင့်သိသူများနှင့်သာ ဖွဲ့စည်းထားပါသည်။

အသစ်ဝင်လာသော တိုက်စစ်မှုး၏ စွမ်းဆောင်ရည် (ပါချုပ်ကြီး Dr ဇော်ဝေစိုး)

ရန်ကုန်မှာ တာဝန်ထမ်းဆောင့်မည့် မကွေးတိုင်း Nurse Volunteer Team ကိုလာရောက်နှုတ်ဆက် အားပေးစကားပြောသွားပါသည်။

***အိမ်ယာကိုပစ်ပြီး ဒုက္ခများမှာ

သိသိကြီးနဲ့ အန္တရာယ်များတဲ့ ဒီလိုနေရာမျိုးကို လာပေးလို့ ကျေးဇူး အထူးတင်ပါကြောင်း ***

တိုက်ပွဲအတွက် တိုက်ပွဲဝင်စိတ်ဓာတ် TEMPO မြင့်စေရန်

မြှင့်တင်ပေးလိုက်ပါပြီ။ ကိုယ့်ခြေစွမ်းကို ယုံ ၊ ပုံ အပ် ပေးဆပ်ချင်သူတွေကို ဇွဲ စိတ်မာန် ထက်သန်မှုနှင့်အတူ ဝင်ရောက်ကစားနိုင်ဖို့ တိုက်ပွဲဝင်စိတ်ဓာတ်အတွက် ခွန်အားဆေး ၊ မျက်စိနဲ့ မမြင်ရပေမယ့် ဗီတာမင်များ ပါပြီးသား။


~~~~~~~~~~~~~~~~~~~~~~~~~~~


ဇေယျာသီရိ ဆိုင်းဘုတ်ဖျက်ဆီးခံရပေမယ့် ဆိုင်းဘုတ်ရှင် ကိုယ်စားလှယ် Dr(ဦး)မိုးဆွေ က ဖျက်ဆီးသူ ကလေးအားပြောကြားသော ဆုံးမစကား ။

%%ဦးက ဆရာဝန့်မို့ လူတွေ့ရင် လူနာလိုမြင်တတ်တယ်။လူနာဆိုတာ နေထိုင်မကောင်းတဲ့သူတွေကို ပြောတာမဟုတ်ဘူး။လူတွေကို မေတ္တာ ထားပြီး စေတနာနဲ့သာ ဆေးကုသပေးတဲ့ အမြင်သဘောမျိုးနဲ့ပြောတာ။ သား! နားလည်လား? %%

%%%ဦးက အသက် ၅၉ နှစ်ရှိပြီ၊သားတို့က လူငယ်တွေ ၊ တိုင်းပြည်အတွက် အရေးကြီးတယ်၊လူငယ်တွေ လက်ထဲ တိုင်းပြည်ကို ထိုးအပ်ခဲ့ရမှာပါ။နောင်ကို ဆုံးဖြတ်ချက် မမှားပါစေနဲ့%%%

အသင်းကို ရောက်လာပြီဆိုကတည်းက ပေးဆပ်ပြီးသား။

သူ ရဲ နီ တို့၏ စု စည်းအား။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


ရဲဝံ ပါ၏။

စွန့်လွှတ် ပါ၏။

စွန့်စား ပါ၏

အနာခံ ပါ၏။

အသာမစံပါ။

အသာဖြင့် မစံ ၊ အနာခံကာရယ်

***ရဲဝံ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page