top of page
Search

DASSK ကို ပြန်လွှတ်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 8, 2023
  • 2 min read

ဒီ ၂၀၂၃ မစခင်မှာ သတင်းဌာနတွေ ဖွတ်လော်ဘီ တတိယအင်အားစုတွေက DASSK ကို ပြန်လွှတ်နိုင်တယ် ရန်ကုန်ရွှေ့နိုင်တယ် ဘာညာဆိုပြီး သတင်းလွှင့်တာ အားလုံးသတိထားမိမှာပါ။ နောက်ဆုံး ဖွတ်ဘာမ ပေါ်ပြူလာကပြန်ပြီး မဟုတ်ပါဆိုပြီး ပြန်ပြောယူရတဲ့အထိပါ။ ဒါဆိုရင် DASSK ကို ၂၀၂၃ဩဂုတ်လမတိုင်ခင် ပြန်လွှတ်နိုင်ခြေရှိ မရှိ လေ့လာကြည့်ရအောင်။

မအလဟာ အာဏာသိမ်းအပြီးမှာ ဦးဝင်းထိန်ပြောတဲ့ ပြည်သူတွေပုန်ကန်ဆိုတာ သူမရေးတာမဟုတ်ပါဘူးဆိုပြီး ကြေညာပေးဖို့ စိုးထွဋ်နဲ့ မိုးမြင့်ထွန်းကို သွားပြောခိုင်းခဲ့ပါတယ်။ ဒါပေမယ့် သူမက ငြင်းဆိုခဲ့ပါတယ်။ နောက် NLD CEC ကြေညာချက်ကိုလဲ မထုတ်ကြောင်း အတုဖြစ်ကြောင်းပြောဖို့ သူမကိုပြောခဲ့ပါတယ်။ သူမက NLD CEC အစည်းအဝေးထိုင်ပြီး အားလုံးက ထုတ်တယ်ဆိုရင် အများဆန္ဒအရဖြစ်လို့ သူမက ဒီမိုသဘောအရ အများဆန္ဒအရလိုက်နာရမှာဖြစ်ကြောင်း ပြောဆိုငြင်းခဲ့ပါတယ်။အဲ့ဒါအပြီးမှာ သူမကို ပုဒ်မတွေမျိုးစုံထပ်တပ်ခဲ့ပါတယ်။ အခြား NLD CEC တွေကို ဖမ်းထားတဲ့အထဲကတစ်ခုကလဲ အဆိုပါကြေညာချက်ကိစ္စပါပါတယ်။ နောက်ပိုင်းမှာ PDF၊ CRPH၊ NUG ကိစ္စသဘောထားထုတ်ပြောဖို့ ရာပြည့်ကနေတဆင့် ဖိအားပေးခဲ့ပါသေးတယ်။ ဒါကိုလဲ DASSK က NLD CEC အစည်းအဝေးထိုင်ပြီးမှ သဘောထားထုတ်ပြန်မယ်လို့ ပြောခဲ့ပါတယ်။ သူမငြင်းအပြီးမှာ သူမကိုနေပြည်တော်ထောင်ပို့ပြီး တုန့်ပြန်ခဲ့ပါတယ်။ ဒါက မအလနဲ့ DASSK ဆက်ဆံရေးပါ။

ယခုကောလဟာလသတင်းကို ပြန်လေ့လာကြည့်ရအောင်။ DASSK ကို လွှတ်ပေးဖို့က လုံးဝမဖြစ်နိုင်ပါ။ မအလ မလွှတ်ရဲပါ။ သူဖမ်းထားတဲ့လူတွေထဲမှာ ပထမအဆင့်လွှတ်ရမှာက DASSK အစိုးရအဖွဲ့ဝင်ထဲက ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးဆက်အောင်နဲ့ အခြား NLD ပါတီဝင်မဟုတ်တဲ့ ဝန်ကြီးတွေပါ။သူတို့ဟာ NLD နဲ့ တော်လှန်ရေးကို ဘာမှမပြောင်းလဲစေနိုင်ဘဲ မအလလဲ ဝိနည်းလွတ် လွှတ်တယ်လို့ကမ္ဘာကိုပြောပြလို့ရတဲ့လူတွေပါ။ သူတို့ကိုတောင် လွှတ်မယ်ဆိုပြီး သူရဦးအောင်ကိုကိုသာ လွှတ်ခဲ့တာပါ။ ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင့်ဆွေ၊ ဦးဇော်ဌေးတို့ဟာ NLD အစိုးရကိုယ်စား တပ်နဲ့ မအလကိစ္စဆွေးနွေးခဲ့သူတွေဖြစ်လို့ သူတို့ဟာ NLD၊ CRPH၊ PDF၊ NUG ကို ဘာမှ မူဝါဒပြောင်းစေနိုင်သူတွေ မဟုတ်သေးပါ။

ဒုတိယအဆင့်လွှတ်ရမှာက NLD ထဲက သာမန်တိုင်း၊ ပြည်နယ်အဆင့်လူကြီးတွေပါ။ သူတို့ကိုလွှတ်ရင်သူတို့ဟာ CRPH၊ NUG၊ PDF ကို ဩဇာမညောင်းပေမယ့် ရွေးကောက်ပွဲဝင် မဝင်ငြင်းရာမှာ ပါလာနိုင်သူတွေပါ။

တတိယအဆင့်က NLD CEC ထဲက လူသိနည်းသူတွေပါ။ ထိုအထဲမှာ ဦးသိန်းဦးကျန်နေခဲ့ပါသေးတယ်။

စတုတ္တအဆင့်က NLD ထဲက အချို့က သစ္စာဖောက်လို့ ယူဆတဲ့ မအလက အငြိုးထားတဲ့ ကွီးဖြိုးဟာ အစိုးရသက်သေဖြစ်ပေမယ့် မအလက သူရော သူ့မိန်းမပါ မလွှတ်ဘဲ ဖမ်းထားပြီး ဆရာတင်မျိုးဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်ဟာလဲ ပြင်ပနဲ့အဆက်အသွယ်ပြတ်နေခဲ့ပါတယ်။ ဒီလူတွေကို ပြန်လွှတ်ပေးရင်လဲ သူတို့ဟာ NUG/PDF ရဲ့ ပေါ်လစီကိုပြောင်းနိုင်ဖို့ မဖြစ်နိုင်ပါ။

ပဉ္စမအဆင့်က NLD CEC ဝန်ကြီးချုပ်တွေကိုလွှတ်ပေးရမှာပါ။ သူတို့ကိုလွှတ်ပေးရင်လဲ NLD CEC ပေါ်လစီပြောင်းဖို့ မဖြစ်နိုင်သေးပါ။ ဒါတွေအားလုံး လွှတ်ပြီးမှသာ DASSK ကိုလွှတ်ဖို့က ဖြစ်နိုင်မှာပါ။

ဒါဆိုရင် DASSK ကို ရန်ကုန်အိမ်ပြောင်းမှာလား? မပြောင်းနိုင်ပါ။ ၁၉၈၈ ကနေ ၂၀၁၂ အထိ NUG/ PDF မရှိခဲ့ပါ။ ယခု PDF က အားကောင်းသလို ပြည်သူတွေကလဲ မကြောက်တော့ပါ။ DASSK ကို ရန်ကုန်ပြောင်းရင် မအလက ရန်ကုန်ကိုစွန့်လွှတ်လိုက်ရမှာပါ။ သူသိပါတယ်။

အဖြစ်နိုင်ဆုံးက DASSK ကို လက်ရှိ နေပြည်တော်ထောင်ကနေ တိုင်းစစ်ဌာနချုပ်ထဲက ယခင်အိမ်ကိုပြန်ပြောင်းပေးဖို့ ပြင်နေတာပါ။ ဘာကြောင့်လဲဆိုတော့ အာဆီယံကတောင်းဆိုထားတာကို တစ်ခုခုလုပ်ပေးဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားက ပြောထားလို့ပါ။ နောက်အင်ဒိုကလဲ DASSK နဲ့ပေးတွေ့မှသာ လာမှာဖြစ်ပြီး ပေးမတွေ့ရင် မအလကို အာဆီယံအစည်းအဝေး မတက်ခိုင်းတာကနေ စကြပ်မှာပါ။ ဒါကိုဆော့ မအလက ဂရုမစိုက်ပေမယ့် အင်ဒိုက NUG ကို အာဆီယံအစည်းအဝေးဖိတ်ခဲ့ရင် ဘာလုပ်ရမလဲဆိုတာက မအလအဖွဲ့ထဲမှာ ခေါင်းစားနေပါတယ်။ ယခင်က သူ့ကိုမဖိတ်လဲ စစ်တပ်က ဂရုမစိုက်ပေမယ့် သူ့ကိုမဖိတ်ဘဲ NUG ကို သွားဖိတ်ခဲ့ရင် သူကသိက္ခာကျသွားမှာပါ။ ဒီထက်စိုးရိမ်တာက အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးမှာ မအလကာဝန်ကြီးကိုမဖိတ်ဘဲ ဦးရည်မွန်ကိုသာ အင်ဒိုကဖိတ်ခဲ့ရင် ဘာဆက်လုပ်မလဲဆိုတာ ခေါင်းစားနေပါတယ်။ ဒါကြောင့် တကယ်သာ အင်ဒိုက ခြိမ်းခြောက်ခဲ့ရင် DASSK နဲ့ပေးတွေ့နိုင်အောင် ဖိအားလျော့အောင် စီစဉ်နေတာပါ။

အကျဉ်းချုပ်ရရင် DASSK ကို ၂၀၂၃ ဩဂုတ်မတိုင်ခင် မလွှတ်ပါ။ စာရေးသူတို့ ဒီမိုတွေက ဘာမှမျှော်မနေဘဲ မိမိတိုက်စရာရှိတာကိုတိုက် တပ်တော်တွေမှာ ငွေမဖြုန်းဘဲ NUG အမိန့်နာခံတဲ့ PDF တွေကိုထောက်ပံ့ပြီး NUG အားကောင်းအောင်လုပ်ပြီး အာဆီယံက NUG ကာဝန်ကို ဖိတ်ခေါ်လာအောင် ဆက်လုပ်ကြပါ။ အမေစုဟာ ပြည်သူတွေနိုင်မှသာ လွတ်မယ်ဆိုတာကို သဘောပေါက်ရင် အမေ့သား/သမီးတွေ ဆက်တိုက်ဖို့ ခွန်းအားတွေဖြစ်မှာပါ။ ယခုတိုက်ပွဲဟာ အမေစုအတွက်တင်မဟုတ်ဘဲ ငါတို့ရဲ့ စစ်ကျွန်ဘဝက လွတ်မြောက်ရေးတိုက်ပွဲဆိုတာကို သတိရှိကြပါလို့ ပြောလိုပါတယ်။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page