top of page
Search

D Day နှင့် မအလတပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 30, 2021
  • 1 min read

အချို့က ဆရာ့ဇော့်ကို D Day ပြောလို့ အပြစ်တင်သူများ ဖောင်းထုသူများရှိပါတယ်။ သူတို့ကလဲသူတို့ဉာဏ်မှီသလောက်ပေါ့။ ဒီနေရာမှာ AA က ဘာမှမပြောဘဲ ဝင်တိုက်တာမျိုးကို AA အမျိုးကကြိုက်ပါတယ်။ တကယ်က အမေရိကန်လဲ အီရတ်ကိုမတိုက်ခင် လစ်ဗျားကိုမတိုက်ခင် သတိပေးပြီးမှ တိုက်တာပါ။ လပိုင်းကဖြစ်သွားတဲ့ အစ္စရေးနဲ့ ပါးလက်စတိုင်းပွဲမှာတောင် အစ္စရေးက ဒုံးနဲ့မပစ်ခင် သတိပေးပြီးမှ ပစ်ပါတယ်။ ဒါကဘာလဲဆိုတော့ ဒီမိုနိုင်ငံ ဒီမိုအစိုးရတွေရဲ့ အကျင့်ပါ။NUG ကလဲ ပြည်သူ့အစိုးရမိုလို့ ပြည်သူကို ဆောင်ရန် ရှောင်ရန် သတိပေးတာပါ။ ဒါမှ ပြည်သူအထိအခိုက်နည်းအောင် collateral damage နည်းအောင်ပါ။

ဒီနေရာမှာ ဆရာ့ဇော်စာနဲ့ တပ်တွင်းဂရက်အကြောင်းပြောချင်ပါတယ်။ မအလဟာ ကောလဟာလပေါင်းစုံကို ကြောက်တတ်ပါတယ်။ ဥပမာ မောင်းသူမဲ့ဆိုရင်လဲ သူ့လာသတ်မှာ ကြောက်ပါတယ်။ မတ် ၂၇ ရက်နေ့ သူမိန့်ခွန်းထွက်ပြောတာက ရုရှားကလူလာလို့ သူ့ကို ရုရှားကြောင့် အမေရိကန် မပစ်ဖူးဆိုပြီး ထွက်လာတာပါ။ တပ်ထဲမှာ မိသားစုခေါ်ပြီး တပ်ပြင်မထွက်ရတာရွေးကောက်ပွဲမတိုင်ခင် သုံးလလောက်ထဲကပါ။ အာဏာသိမ်းပြီး ဆန္ဒပြပွဲ ယခု တော်လှန်ရေးအဖွဲ့တွေက တိုက်တာနဲ့ဆိုတော့ တပ်မိသားစုမှာ အကျယ်ချုပ်လို ဖြစ်နေပါပြီ။ နောက် ဆရာဇော်လစာရေးတိုင်း အထဲကလဲ အသင့်အနေအထားပြင်လိုက်နဲ့ ခဏခဏ ပြင်နေရလို့ ဘယ်နေ့မှန်း မခန့်မှန်းတတ်အောင် ဖြစ်နေပါပြီ။ တပ်ဆိုတာ အမြဲအသင့်အနေအထားလုပ်တာ ကြာလာရင်တကယ်လာတိုက်ရင် မရပါ။

ယခုဒုချုပ် ဘုန်းကြီးဘွဲ့ကပ်ဖို့ ရန်ကုန်ဆင်းတာတောင် စစ်ဆင်ရေးလို တပ်တွေအများကြီးသုံးရပြီး ရန်ကုန်ကို အထပ်ထပ် ပိတ်ဆို့နေရပါပြီ။ သူသွားတာကို လုံခြုံရေးယူတာတောင် သတင်းပေါက်မှာစိုးလို့ တပ်ထဲမှာတောင် ညမှ တပ်ရွှေ့တာပါ။ ရန်ကုန်ကတပ်ကိုတောင်မယုံဘဲနေပြည်တော်ကတပ်ကို ရွှေ့ရလို့ အချို့က စိုးဝင်းအာဏာသိမ်းတယ်ဆိုပြီး ဂျင်းဖြစ်သွားတာပါ။ဒါက အထဲမှာကို အချင်းချင်းမယုံဘဲ အသတ်ခံရမှာကို ဘယ်လောက်ကြောက်နေလဲဆိုတာ ပြတာပါ။ နေပြည်တော်၊ ရန်ကုန်၊ ပဲခူးနဲ့ မန္တလေးက တပ်မိသားစုတွေအပေါ် ဖိအားက မသိသာသေးပေမယ့် ချင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ကတပ်မိသားစုတွေက ရခိုင်ရောက်နေသလို မလုံခြုံတော့ပါ။

အကျဉ်းချုပ်ရရင် မအလက D Day ဆိုတိုင်း ထထပြင်ပါတယ်။ ဒါပေမယ့် ခဏခဏပြင်ပြီး လာမတိုက်သေးဘဲ သူတို့တွေသေနေလို့ တပ်ထဲမှာလဲ မအလကို အသံထွက် ကျိန်ဆဲနေကြပါပြီ။ တပ်ထဲက မအလခိုင်းတာလုပ်သူတွေ သေလာရင်တော့ မအလထိန်းထားတဲ့ အကြောက်တရားဟာ သူတို့ကို ပြည်သူတွေက ဒဏ်ခတ်ပြီး သေဒဏ်ပေး သတ်နိုင်တယ်ဆိုတဲ့ အကြောက်တရားကို ပေးနိုင်ရင်တော့ ပြောင်းလဲမှုအတွက် တွန်းအားဖြစ်လာမှာပါ။ နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jul 01, 2021

ဦးမြတ်!! ဆောင်းပါးပါအချက်အရ D ၏အဓိပ္ပါယ်သည် Death အသွင်ဆောင်လာပြီဟု ယူဆမိပါသည်။ ပြည်သူအတွက်တော့ ဒီဒေးဟာ ပြည့်အရေးမို့ သူသူငါငါ မျှော်နေကြပါပြီ။ ပြည်သူတွေ ဆောင်ရန် ရှောင်ရန် သိအောင် ကြိုတင်တင်ပြခြင်းဖြစ်သလို သူတို့ဖက်ကလည်း ကြိုတင် ရှောင် နေကြပါသည်။

မြေလတ်မြို့တမြို့။ သီလရှင် ခပ်ရွယ်ရွယ်(၄၅ ~ ၄၀ ဝန်းကျင်ခန့်)နှစ်ပါး ဟွန်ဒါဖစ် အနက်ရောင်ကား ကိုယ်တိုင်မောင်း၍ နာမည်ကြီး လဖက်ရည်ဆိုင်သို့ လာရောက်စားသောက်ပြီး အပြန်မှာလည်း ပါဆယ်အိတ်များ အစီအရီ။နောက်တော်မှာ ဒေသခံသီလရှင်(ဒေသခံသီလရှင်၆၀ ဝန်းကျင် ၊ ဝတ်ရုံ နွမ်းဖတ်ဖတ်)တစ်ပါးလိုက်ပါ၍ နံက် ၆:၃၀ ၊ ၇ နာရီဝန်းကျင်တွင် လာရောက်တတ်ပါသည်။တစ်ရက်မဟုတ် နှစ်ရက်မဟုတ်ပါ။

ထိုဆိုင်သည် လုံခြုံရေး ယူထားသော စာသင်ကျောင်းနှင့် ဝါး ငါးပြန်မျှသာ ကွာဝေးပါသည်။

~ဟွန်ဒါဖစ်ကို ကိုယ်တိုင်မောင်းနှင် နိုင်သော သီလရှင် မြန်မာပြည်မှာ ခုမှ တွေ့ဖူးပါသည်။

~သက်လတ်ပိုင်းဖြစ်ငြား သူမတို့၏ ဦးပြည့်ကတုံးသည် စိမ်းဖန့်ဖန့် အသစ်စက်စက်။ အရေးပေါ်ဝတ်သော အများအခေါ် ဒုလ္လဘ လား?

~သီလရှင်ဆရာကြီးများ နံက်အာဟာရအတွက်

သောင်းဂဏန်း ချီ ရှင်းနိုင်အောင် ကြွယ်ဝသည့်

သီလရှင်များ မြန်မာပြည်မှာ ခုမှ ဘာကြောင့် ပေါ်လာရပါသနည်း။

~သီလရှင်မှန်သမျှ ဣန္ဒြေ စောင့်ထိန်းရပါသည်။ အဆိုပါသီလရှင် အသစ်စက်စက်နှစ်ပါးကတော့ သတိပဌာန်မကိန်းနိုင်ပဲ၊ စားသောက်ပြီးသည်နှင့် လွှားကနဲ ကားပေါ် တန်းရောက်သွားပါသည်။

ဘယ်လို သီလရှင်များ ဖြစ်နိုင်ပါသနည်း???

ဒုလ္လဘ ခေါ် အရေးပေါ် ဝတ် သီလရှင်များ ဖြစ်နိုင်ပါသလား။ အခြားဆိုင်မသွားပဲ လုံခြုံရေးယူထားသော ကျောင်းနားက လဖက်ရည်ဆိုင်ကိုမှ အဆိုပါသီလရှင်နှစ်ပါး ရွေးချယ် သောက်သုံးရပါသနည်း။

လာဘ်လာဘကြောင့် ဝတ်တာလား?

​ယတြာချေ ဖို့အတွက် ဝတ်တာလား?

အကြောက်တရား တခုခုကြောင့် ဝတ်လေသလား?

မေးခွန်းထုတ်စရာတွေများလှပါဘိ။

အဖြေတစ်ခုတော့ တွေ့နိုင်မည် ထင်ပါသည်။


Like

Albert Wint
Albert Wint
Jul 01, 2021

ကျေးဇူးပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page