top of page
Search

COVID-19 ၏ စိန်ခေါ်သံ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 3, 2020
  • 1 min read

ဒီရောဂါဟ ကမ္ဘာပေါ်မှာ တရုတ်ကစလို့ နိုင်ငံခြားကို တဖြည်းဖြည်း ရောက်လာပါပြီ။ ဒီရောဂါကနေ ကမ္ဘာ့စီးပွါးရေး၊ မြန်မာ့စီးပွါးရေးကို ဘယ်လိုထိခိုက်နိုင်လဲ လေ့လာရအောင်။

တရုတ်ပြည်က ကမ္ဘာလှည့်ခရီးသည်တွေကို ပိတ်လို့ ဝင်ငွေက ကျပါမယ်။

နောက်တရုတ်ကကုန်ကြမ်းပေါ် မှီခိုနေရတဲ့ လုပ်ငန်းတွေလဲ ထိပါမယ်။ အမေရိကန်က iphoneနဲ့ Tesla ကားမရလို့ ဘာမှမထိခိုက်နိုင်ပေမယ့် စာရေးသူတို့ တိုင်းပြည်က အထည်ချုပ်ကုန်ကြမ်းမရရင်တောင်အလုပ်သမားကိစ္စရှိနိုင်ပါတယ်။

တရုတ်ပြည်ကိုပို့တဲ့ ပို့ကုန်လဲ ထိခိုက်နိုင်ပါတယ်။

ဒါဆိုမြန်မာပြည်က ခံနိုင်မလား။ ဒါဟာ လက်တွေ့သဘောမှာ အမေရိကန်နဲ့ ဥရောပက စီးပွါးရေးပိတ်ဆို့တာထက် ပိုပြင်းပါတယ်။

ဒါပေမယ့် ကံကောင်းတာက လက်ရှိအစိုးရဟာ အဘတို့လို ပိုက်ဆံတွေကိုမဖြုန်းဘဲနဲ့ လူမှုဖူလုံရေးကအစ ဝင်ငွေများကို စနစ်တကျ သိမ်းထားခဲ့လို့ ယခုဒဏ်ကို အစိုးရက ကျော်ဖြတ်ဖို့ လုံလောက်တဲ့ရန်ပုံငွေရှိနေပါတယ်။ စီးပွါးရေးအရ အစိုးရက တောင့်ခံထားနိုင်မှာပါ။

ယခုအစိုးရရဲ့ ကိုင်တွယ်ပုံက ကမ္ဘာလှည့်သင်္ဘောတွေပါပိတ်ပြီး ပြည်သူကို မျက်နှာမူပြီး စနစ်တကျလုပ်နေပုံပါ။

မေးခွန်းက ဒီအခက်အခဲကို ဖွတ်နဲ့ သမ္မတရူးက အမြတ်ထုတ်နိုင်လို့ သတိထားဖို့လိုတယ်ဆိုတာပါ။

ကျန်တာကတော့ အခက်အခဲတွေကို ပြည်သူနဲ့အတူ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page