top of page
Search

COVID 19 က ကြောက်စရာကောင်းလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 3, 2020
  • 1 min read

ဒါကို သာမန်လူနားလည်အောင် ရေးထားတာကို တင်ပါမယ်။ စာရေးသူက တင်ပေးတာပါ။ တတ်ကျွမ်းသူ အထူးကုဆရာဝန်များက ရေးထားတာကို စာဖတ်သူများသိအောင်သာ တင်ပေးတာပါ။ သတိတရားနဲ့သာ နေကြပါ။ မကြောက်တာရော အကြောက်လွန်တာပါ မကောင်းပါ။

———————————————

ဒီရောဂါဟာ ဝူဟန် သားငါးစျေး (wet market) နဲ့ ထိတွေ့သူတွေမှာ စဖြစ်ပြီး သူတို့နဲ့ တွေ့သူတွေကနေကူးတယ်လို့ အကြမ်းဖျင်းသတ်မှတ်ထားပါတယ်။ ဒီရောဂါဖြစ်ရင် ဘာရောဂါလက္ခဏာတွေ ပြမလဲ?

ချောင်းဆိုးတာ

ဖျားတာ

သလိပ်ထွက်တာ

ကိုယ် ညောင်းညာ ကိုက်ခဲတာ

ခေါင်းကိုက်တာ

အသက်ရူကြပ်တာ

ချောင်းဆိုးသွေးပါတာ

အော့အန်တာ

ဝမ်းလျှောတာတွေဖြစ်ပါတယ်။

ရောဂါဖြစ်သူရဲ့ ၅% ဟာ အထူးကြပ်မတ်ကုသဆောင် (ICU) ကို တင်ရပြီး ၂.၃% က အသက်ရူတဲ့ စက်နဲ့ ကူပေးရပါတယ်။ စုစုပေါင်းလူနာရဲ့ ၁.၄% သေခဲ့ပါတယ်။ ဒါက တရုတ်ပြည်က အချက်အလက်ပါ။

တရုတ်ပြည်မှာ ဖေဖော်ဝါရီ ၁၁ ၂၀၂၀ အထိ လူပေါင်း ၇၂၃၁၄ မှာ ဖြစ်ခဲ့ပါတယ်။ အများစု ၈၀.၉% ကနှာစီး၊ ချောင်းဆိုလောက်သာ ဖြစ်ခဲ့ပါတယ်။ အောက်ဆီဂျင်တွေဘာတွေလိုတဲ့ ပြင်းထန်လူနာကတော့၁၃.၈% မှာ ဖြစ်ခဲ့ပြီး အသည်းအသန် အထူးကြပ်မတ်ကုသဆောင်အဆင့် အသက်ရူစက်လိုတာ၊ကျောက်ကပ်ဆေးတာကတော့ ၄.၇%မှာပါ။

ဝူဟန်ဆေးရုံက လူနာတွေကိုလေ့လာရာမှာ ၈၄% က ရောဂါမပြင်းဘဲ ၁၉% (၁၇၃ ယောက်) ကသာရောဂါပြင်းပြီး အဲ့ဒီရောဂါပြင်းသူ ၁၇၃ ယောက်ရဲ့ ၅% က အထူးကြပ်မတ်ဆောင်ကို ရောက်ခဲ့ပါတယ်။ အဆိုပါ ၁၇၃ ယောက်ရဲ့ ၂၀ % ကတော့ သေခဲ့ပါတယ်။

ဒါကြောင့် အကြောက်မလွန်ပါနဲ့။ အများစုက တုတ်ကွေးလိုသာခံစားပြီး ပြီးသွားမှာပါ။ အသက် ၆၅အထက်တွေ၊ ဆီးချို၊ နှလုံး၊ ပန်းနာရင်ကြပ်ရှိသူတွေ၊ ကင်ဆာဆေးသောက်နေသူတွေကတော့ အပြင်လုံးဝ မထွက်သင့်ပါ။

အိမ်ထဲမှာနေပါ။ လိုအပ်မှ အပြင်ထွက်ပါ။ လက်ဆေးပါ။ လူတစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာမှာနေပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page