top of page
Search

Conflict of interest (သို့) အကျိုးစီးပွါးပဋိပက္ခဆိုတာဘာလဲ

Writer: Myat Tun OoMyat Tun Oo

မနေ့က သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ Myanmar Now သတင်းထောက်က ဆိပ်ကမ်းနဲ့အကောက်ခွန်ညွှန်ချုပ်တို့ ဦးပိုင်မှာ ဒါရိုက်တာဖြစ်နေတာဟာ အကျိုးစီးပွါး ပဋိပက္ခရှိသလားဆိုတဲ့မေးခွန်းကိုမေးရာမှာ ကိုဇော်ဌေးက ဒုရှေ့နေချုပ်က ယခင်စစ်အစိုးရလက်ထက်ကထဲက လုပ်ခဲ့တာဆိုပြီး အိုကိုသလိုလို ဖြေပါတယ်။ ဟိုက အဲ့ဒီဒုရှေ့နေချုပ်ကလဲ ဦးပိုင်မှာလုပ်တယ်ဆိုတာ ထောက်ပြချိန်မှာ ဒါကိုသမ္မတက ဆုံးဖြတ်ရမှာပါဆိုပြီး ရူးချင်ရောင် ဆောင်သွားခဲ့ပါတယ်။


ပထမဆုံး အကျိုးစီးပွါးပဋိပက္ခရှိ မရှိ စမ်းသပ်တဲ့ မေးခွန်းတွေကို ဥရောပက OECD စာတမ်းမှာရေးထားပါတယ်။ ဒီ Organisation for Economic Co-operation and Development (OECD) အကျိုးစီးပွါး ပဋိပက္ခရှိ မရှိစစ်တဲ့မေးခွန်းကို ဥရောပ၊ အမေရိကန်တို့က အတည်ပြုထားပါတယ်။ သူ့မေးခွန်းထဲကတစ်ခုက


Question 1: What official functions or duties is Official X responsible for?

အဆိုပါအရာရှိ ဘာတာဝန် ယူထားရသလဲ?


Answer 1: Official X is responsible for functions 1, 2, 3 (etc.) in ministry B.

အဖြေက ဥပမာ ဆိပ်ကမ်းဆိုရင် ဆိပ်ကမ်းနဲ့ ပတ်သက်တာကို ဆုံးဖြတ်ရသလို အကောက်ခွန်ဆိုရင်လဲအခွန်ကောက်ရပါတယ်။


နောက်မေးခွန်းက

Question 2: Does Official X have private interests of a relevant kind?

အဆိုပါအရာရှိဟာ သူဆုံးဖြတ်ချက်ပေးနိုင်တဲ့ အကျိုးစီးပွါးမျိုး သူပါတဲ့ကုမ္ပဏီမှာ ရှိလားဆိုတာပါ

Answer 2: Yes, Official X has job-relevant private interests.

အဖြေက အရာရှိဟာ အလုပ်နဲ့ပတ်သက်တဲ့ အကျိုးစီးပွါးရှိတာပါ။ ဆိပ်ကမ်းရော၊ အကောက်ခွန်ရောဟာ ဦးပိုင်ပစ္စည်းတွေ ဆိပ်ကမ်းဖြတ်ရသလို အခွန်လဲ ကောက်ရာမှာ လာပါနေပါတယ်။


Conclusion: Official X has aconflict of interest.


အထက်ပါအကြောင်းအရာနဲ့ ငြိနေရင် အကျိုးစီးပွါး ပဋိပက္ခရှိတယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့်သူတို့ဟာ ငြိနေပါတယ်။ ပုံမှန် အရပ်သားတောင် သိနိုင်ပါတယ်။ ဒါပေမယ့် မိုးကျအချင်းချင်းဆိုတော့ချစ်ရင် အပြစ်မမြင်ပါ။


ယခု ဒုရှေ့နေချုပ်၊ ရှေ့နေချုပ်တို့ဟာလဲ အဆိုပါ ဆိပ်ကမ်းညွှန်ချုပ်၊ အကောက်ခွန်ညွှန်ချုပ်တို့အကျိုးစီးပွါး ပဋိပက္ခရှိ မရှိဆုံးဖြတ်ရာမှာ သူတို့ပါ ငြိနေပါတယ်။ နောက်အဂတိအဖွဲ့က လူကြီးဟာလဲပါနေတာတွေ့ရပါတယ်။



ပုံမှန်ဆိုရင် အဂတိက ဦးပိုင်နဲ့ ဘာမှမဆိုင်ပါလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဟိုမီတာကိစ္စကို ပြန်စဉ်းစားကြည့်ပါ။ ဦးပိုင်ပါတဲ့ မီတာကုမ္ပဏီကို ရဲရဲတောက် သိက္ခာသမာဓိရှိတဲ့ လျှပ်စစ်ဝန်ကြီးကတင်ဒါမပေးခဲ့ပါ။ ဒါကို သူတို့က စာရေးပြီး ဝန်ကြီးကို ခြိမ်းခြောက်သလို လုပ်ခဲ့ပါတယ်။ ဒါကိုလဲဝန်ကြီးက သူဘာမှ အမှားမလုပ်ထားလို့ မမှုခဲ့ပါ။ ပြဿနာက အဲ့ဒီမှာ စပါတယ်။ အဂတိအဖွဲ့ကဝန်ကြီးကိုစစ်ဖို့ ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် အဂတိက မိုးကျတွေဟာလဲ ဦးပိုင်မှာရှယ်ယာပါနေပြန်ပါတယ်။ ဒီမှာ စာရေးသူ မသဲကွဲတာက အဂတိက စစ်သူများဟာ သဘောရိုးနဲ့ လျှပ်စစ်ဝန်ကြီး၊ ဒုဝန်ကြီးကိုစစ်တာလားဒါမှမဟုတ် အဂတိက မိုးကျတွေကိုယ်တိုင်က မိမိရှယ်ယာပါတဲ့ ဦးပိုင်ကမီတာကိုတင်ဒါမပေးလို့ အငြိုးထားပြီး အကျိုးစီးပွါး ပဋိပက္ခနဲ့ စစ်တာလား မသဲကွဲပါ။ သူတို့စိတ်ရှင်းမှန်ရင်တောင် ထင်ရောင်ထင်မှားဖြစ်စရာပါ။


သမ္မတကြီးအနေနဲ့ အစိုးရဝန်ထမ်းအားလုံးကို ကုမ္ပဏီကနေထွက်ခိုင်းတာ၊ ပိုင်ဆိုင်မှုတင်ခိုင်းတာတွေလုပ်သင့်ပါတယ်။ မဟုတ်ရင်တော့ conflict of interest, အကျိုးစီးပွါး ပဋိပက္ခက ကင်ဆာလို မြန်မာပြည်ကြီးကို ဖျက်စီးသွားနိုင်ပါတယ်လို့ ပြောပါရစေ။


အဂတိဥက္ကဌကြီးလဲ စံပြအနေနဲ့ ဦးပိုင်ကရှယ်ရာကို ထုတ်ရောင်းရင်ရောင်း မရောင်းရင် အဂတိကနေစံပြနုတ်ထွက်လိုက်ပါလို့ ပြောပါရစေ။၊


Reference: OECD Conflict of interest document, Myanmar Now News

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

2 Comments


Myint Soe Oo
Myint Soe Oo
Jun 20, 2020

ဦးမြတ် အမှားပြင်ပြီး ဖတ်ရှုပေးပါရန် ။ နန်းပန်ဖို့လေး အစား

နားပန်ဖို့လေး ဟူ၍။

ကျွန်တော်ရဲ့ ဆန္ဒဇောအားကြီးပြီး

နန်း ဟုသုံးမိခြင်းသည် မူပိုင်ခွင့် ချိုးဖောက်ရာရောက်၍ အချိန်မီ (ရှေးစာဆို၏ ဉာဏ်ရည်ဂုဏ်သွေးကို ဂုရုဂါရဝဖြင့်)တောင်းပန်အပ်ပါသည်။

Like

Myint Soe Oo
Myint Soe Oo
Jun 20, 2020

ဦးမြတ် ! ငယ်စဥ်က မူလတန်းသင်ရိုးပါ ကဗျာတပုဒ် ရွေးထုတ်ခါ

နှုတ်ဆက်ပါရစေ။ မသေးနုပ် သမို့ ရွေးထုတ်ရပါသည်။ဖတ်ပြီးရင်လည်း ဟဒယကို ထိ ရင်မှာ ငြိ နိုင်ပါသည်။ရှေးဗမာတွေရဲ့ အမြင်ဟာ အစဥ်လန်း အမြင်ဆန်းတွေကြောင့် သူတို့ဖွဲ့သီခဲ့တဲ့ စာကဗျာတွေဟာ နုရည်ပျိုထွေး ခေတ်အ

တွေးနှင့် ယနေ့တိုင် ခေတ်မီနေဆဲ။


ပျိုတို့ရဲ့ အိမ်ဦး

ဆတ်သွားဖူးရယ် တစ်ရုံနှစ်ရုံ

ကျေးတွေက. အုံ

မအုံပါနဲ့ ကိုရွှေကျေး

ပျိုတို့မောင် ရှင်လိင်ပြန်တော့

နန်းပန်ဖို့လေး။


<<<<<<<>>>>>>>

ဦးမြတ်က အင်္ဂလိပ်စာ ကျွမ်းကျင်တော့ အောက်ဖော်ပြပါ ရှေးဗမာများရဲ့ ဆိုရိုးလေးတွေကို ကျေးဇူးပြု၍ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးစေလိုပါသည်။


ကျားကြီး ခြေရာကြီး ။

သွားပါများ ခရီးရောက်။

မအိပ်မနေ အသက်ရှည်။

မိုးရွာတုံး ရေခံ။

ရှင်ဘုရင် တခါထွက်

ပဲကြီး တစ်လှေချက်။


စာပေသစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page