top of page
Search

CDM အောင်မြင်နေလား?

Writer: Myat Tun Oo
Myat Tun Oo
Feb 22, 2021
1 min read

မအလအာဏာသိမ်းချိန်မှာ သူက CDM ကို မတွက်ခဲ့ပါဘူး။ ဆရာဝန်တွေက စအပြီးမှာ CDM ဟာအောင်မြင်လာတာတွေ့ရပါတယ်။ ဒါ့ကြောင့်သူ့ရဲ့လေသံဟာ ပြောင်းလာခဲ့တာပါ။ နောက်ပိုင်း ဘဏ်တွေကိုပါ ထိလာခဲ့လို့ နာမည်ကျော်ကြားသူတွေကို ဖမ်းဝရမ်းထုတ်ရတဲ့အထိ မအလဟာ ကြောက်လာခဲ့ပါတယ်။ CDM က အောင်မြင်နေလား?

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၈၀% ခန့်က CDM လုပ်နေတယ်လို့ အစီရင်ခံစာများက ခန့်မှန်းထားပါတယ်။ အအောင်မြင်ဆုံးဌာနပါ။ နောက်ပို့ဆောင်ဆက်သွယ်ရေးက မအလကို တုန်လှုပ်စေတဲ့နေရာပါ။ဘာကြောင့်လဲဆိုတော့ အချို့ပစ္စည်းအပြောင်းအရွှေ့နဲ့ ကုန်စည်စီးဆင်းမှုဟာ ရထားနဲ့ ပို့ဆက်ကို မှီတည်နေရတာပါ။ လေကြောင်းထိန်းသိမ်းရေးကတော့ မိုးကျရှိနေလို့ ထင်သလောက်မအောင်မြင်သေးပါ။ နောက် ပညာရေးဟာ အောင်မြင်နေပါတယ်။ ဒါပေမယ့် လောလောဆယ်ကျောင်းပိတ်ထားလို့မအလကို ချက်ခြင်းမထိသေးပါ။ နောက်မအလကို ထိနေတာက ဘဏ်လုပ်ငန်းပါ။ ပုဂ္ဂလိကဘဏ်တွေဟာ ဖွင့်ရင်လဲ ငွေဝိုင်းထုတ်တာ ခံရမှာပါ။ ယခုပိတ်ထားလို့ ငွေပေးချေမှုနဲ့ ကုန်စည်စီးဆင်းမှုက လုံးဝရပ်သွားခဲ့ပါတယ်။ မြဝတီဘဏ်ကို အတင်းဖွင့်ပေမယ့် ပြည်သူတွေက ပိုက်ဆံဝိုင်းထုတ်လို့ ပြန်ပိတ်လိုက်ရပါတယ်။ ဒါ့ကြောင့် ဘဏ်လုပ်ငန်းဟာ CDM ကြောင့် အလုပ်မဖြစ်ဘဲ မအလကို ဒုက္ခပေးနေပါတယ်။ ထွေအုပ်အချို့လဲ CDM မှာပါပေမယ့် အနည်းစု ၁၀% လောက်ပါ။ မအလခန့်တဲ့ ရပ်ကျေးအသစ်တွေက ထွေအုပ်အလုပ် မလုပ်ရင်တော့ အောင်မြင်မှာပါ။ CDM မအောင်မြင်တာက ထွေအုပ်၊ ရဲနဲ့ နိုင်ငံခြားရေးရုံးပါ။

ယခု မအလအသေကြောက်နေတာက နယ်စပ်ကုန်သွယ်မှုပါ။ ယခုလဲ ကုန်သွယ်မှုဟာ အာဏာသိမ်းပြီးကထဲက ကျဆင်းနေပါတယ်။ ဒီထက်ပိုဆိုးနိုင်တာက ကားသမားတွေ ကားပျက်ပြီး ရပ်သွားခဲ့ရင်ကုန်သွယ်ရေး ပိတ်သွားမှာကိုပါ။ ပုံမှန်မှာတော့ သေနတ်ထောက်ပြီး ပြန်မောင်းခိုင်းမှာပါ။ ဒါပေမယ့်အဆိုပါကုန်ကားတွေဟာ တိုင်းရင်းလက်နက်ကိုင်တွေ အားကောင်းတဲ့နေရာမှာ စက်ပျက်ပြီး လာမိုက်ကြေးခွဲတဲ့စစ်တပ်ကို KNU လို ပြန်ဖိအားပေးနိုင်ရင် အဲ့ဒီကုန်သွယ်​ရေးလမ်းတွေဟာ ပိတ်သွားမှာပါ။ ပလက်ဝကို AA က လနဲ့ချီ ပိတ်ထားနိုင်တာ sniper နဲ့ပါ။ ယခုပြည်သူ ကားသမားနဲ့ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းမိရင် လမ်းပိတ်နိုင်မှာပါ။

ဒါ့ကြောင့် CDM ဟာ အောင်မြင်နေပါတယ်။ အောက်ခြေက အလုပ်သမားတွေကိုသာ ဒီလကုန် လစာကို ထောက်ပံ့ပေးကြပါ။ သူတို့ နောက်လ ဆက်လုပ်နိုင်ရင် မအလ ပြာဆင်းမှာပါ။ တရုတ်နဲ့ ထိုင်းလဲနယ်စပ်ကုန်သွယ်ရေးရပ်ရင် စင်ကာပူလဲ သူ့စီးပွါးရေးထိရင် ပြည်တွင်းရေးဆိုပြီး မပြောရဲတော့ပါဘူး။ CDM ဟာ ကိုမင်းကိုနိုင်ပြောသလို မအလရဲ့ အားနည်းရာ ဗဟိုချက်ပါလို့ ပြောပါရစေ။

အ​ရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page