top of page
Search

CDM ဘယ်မှာလဲ? NUG ဘယ်မှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 21, 2021
  • 1 min read

အဘဘောမများ ပြောလေ့ရှိတာက CDM ဆရာဝန်တွေ ဘယ်မှာလဲ NUG က ဘာလုပ်ပေးနေလဲဆိုတာပါ။ အချို့သတင်းဌာနတွေကလဲ NUG က ကိုဗစ်မှာ ဘာလုပ်ပေးနေလဲ မင်းတပ်မှာ ဘာလုပ်ပေးနေလဲဆိုပြီး ဘက်မလိုက်လို့ မျှတအောင်မေးသလို ခြေထိုးမေးသလို မေးလေ့ရှိပါတယ်။

ပထမဆုံးက CDM ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေပါ။ သူတို့ဟာ စကစရဲ့ ဖိအားကြားကCDM လုပ်နေကြတာပါ။ အချို့က အပြင်ဆေးခန်းမထိုင်ရဆိုကထဲက အလံဖြူထောင်သူများရှိပါတယ်။ ယခုအချိန်အထိ CDM လုပ်သူ ဆရာဝန်များ သူနာပြုများ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများဟာ ငွေကြေးအခက်အခဲ မိသားစုနဲ့ကွဲကွာနေရတဲ့ အခက်အခဲတွေကြားက CDM လုပ်နေကြတာပါ။ အချို့က ပြည်တွင်းမှာဘဲ မိမိတို့တတ်ထားတဲ့ ပညာတွေနဲ့ ပြည်သူတွေကို ဆေးဆက်ကုပေးခဲ့ကြပါတယ်။ အခမဲ့ဆေးပေးခန်းတွေ ဖွင့်ပေး ကုပေးကြပါတယ်။ ပြည်သူမှ ပြည်သူသို့ပါ။ ဒါပေမယ့် ဖက်ဆစ်အဖွဲ့က ကိုဗစ်ကုပေးနေတဲ့ ဆရာဝန်တွေကို မန္တလေးနဲ့ ရန်ကုန်မှာ အကွက်ဆင်ဖမ်းပြီး ယုတ်မာမှုကို ပြသွားခဲ့ပါတယ်။ ဒါက ဘာကိုပြလဲဆိုတော့ မအလဟာ မိမိလဲ နိုင်အောင်မကုနိုင် ပြည်သူကိုလဲ မထောက်ပံ့နိုင်ဘဲ ကုသပေးသူ CDM ဆရာဝန်တွေ ဆရာမတွေကို ဖမ်းဆီးပြခြင်းဖြင့် ယုတ်မာမှုကို ပြလိုက်တာပါ။ CDM ဆရာ ဆရာမတွေကတော့် CDM ပေမယ့် ပြည်သူကိုကူတတ်တဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ပြလိုက်တာပါ။ CDM ဘယ်မှာလဲဆိုပြီး ဟောင်နေတဲ့ ဘောမတွေလဲ အသံတိတ်သွားမှာပါ။ ဒီနေရာမှာ CDM ကျန်းမာရေးဝန်ထမ်းတွေ အကုန်အလုပ်ပြန်ဆင်းလဲ ဒီပြဿနာက မပြီးသွားပါ။ မအလဦးဆောင်မှုနဲ့က အောက်ဆီဂျင်မှသည် သဂြိုလ်စရာ နေရာအထိ ပြဿနာပါ။ အောက်ဆီဂျင်မရတာ CDM နဲ့ မဆိုင်ပါ။ မအလ စောက်သုံးမကျလို့ပါ။ စကစတစ်ဖွဲ့လုံး စောက်သုံးမကျလို့ပါ။

နောက် NUG ပါ။ NUG ဟာ မင်းတပ်မှာ သက်သက်ခိုင်မလာနိုင်ပေမယ့် NUG က အခက်အခဲကြားက အဖွဲ့ပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ ထောက်ပံ့နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကိုဗစ်ကိုအတတ်နိုင်ဆုံး ကုသနိုင်အောင် သူလက်လှမ်းမှီသလောက် ကြိုးစားခဲ့ပါတယ်။ NUG က ဆရာဇော်ဝေစိုး အင်တာဗျူးတွေမှာ သူ့ရဲ့ ကိုဗစ်ကို ပိုင်နိုင်စွာ ကိုင်တွယ်နိုင်တဲ့ အတွေ့အကြုံတွေ ကြားနေ တွေ့နေရပါတယ်။ သက်ခိုင်ဝင်းကတော့ ယခင်အမေစုနဲ့ ပြောချိန်ကထဲက အာပလာပါ။

သက်ခိုင်ဝင်း၊ မန္တလေးဆေးရုံအုပ် စုစုဒွေး၊ ခင်ခင်ကြီးတို့က လောက်ကောင်တွေ ကပ်ဖားတွေပါ။သူတို့လို ဖားဖို့သာတတ်သူနဲ့ အာဏာရူးမအလအပေါင်းမှာ ကိုဗစ်အသေအပျောက်က များသွားတာပါ။ မအလနဲ့အဖွဲ့တော်တာက မြဝတီမှာ အလောင်းတွေကို နောက်ထဲထားပြီး လိမ်တာပါ။ အဲ့ဒီလိုလိမ်တာဟာ ၈၈ မှာ အလုပ်ဖြစ်နိုင်ပေမယ့် ၂၀၂၁ အင်တာနက်ခေတ်မှာတော့ အလုပ်မဖြစ်တော့ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1件のコメント


Myint Soe Oo
Myint Soe Oo
2021年7月21日

ဦးမြတ်!!! ရှုံးမဲ မဲနေသည်ဟု ဘောလုံးစကားဖြင့် ငှားပြောလိုက်ပါသည်။ပွဲချိန်က စေ့ခါနီး ဂိုးက ပြတ်၊ ချေပဂိုးနေနေသာသာ တဖက်အသင်း ဂိုးဧရိယာနားထိ မထိုးဖောက်နိုင်တော့တဲ့အခါ လူတွယ် လူချ ကစားကြပါတော့သည်။ ဝါ နီတွေ ဂရုမစိုက်နိုင်တော့။သည်ဖြစ်စဥ်နှင့် တထပ်တည်းပါ။

~ဒေါက်တာ ဆာဆာတို့ ၊ ဒေါ်ဇင်မာအောင်တို့ နိုင်ခြားပြည်များနှင့်ဆက်ဆံရေး ဖလန်း ဖလန်း ထနေချိန်၊ ကိုမောင်လွင်၏ ရုံးခန်းက ပင့်ကူမြှေး ရောယှက် ၊ ဖုန်တွေတက်လျက်။

~လူကယ်ပြန်အစွမ်းဖြင့် ကယား ကရင်ဒေသ စစ်ဘေးရှောင်တွေဆီ ထောက်ပံရေးပစ္စည်းများ ရောက်နေချိန်မှာ ၊ သက်သက်က သစ်ပင်တွေကို မိုးအခါ ကယ်နေပါသည်။

CDM ဆရာဝန်တွေကို မျက်မုန်းကို ကျိုးနေကြောင်းရှေ့ဆောင်းပါးမှာ ရှင်းပြခဲ့ပါပြီ။ ခုတော့ အသံကြားတိုင်းမုန်း ၊ လေတိုက်တိုင်း မုန်း အဆင့်သို့ ရောက်နေပါသည်။ We are ready တို့အစွမ်းကလည်း သိတဲ့အတိုင်း၊ ရှက်ရမ်း ရမ်း ရှုံးမဲ မဲနေခြင်းဖြစ်ပါသည်။

လူ့အသက်ကို ကယ်ရာမှာ အလိုကျ ဟုတ်ပါဘုရား မှန်ပါ့ဘုရား ဗောင်းတော်ညိတ် အဆင့်ဖြင့် ကယ်မရပါ။ မြေပြင်အခြေမှန်ကို အခြေမှန်တိုင်း ကိုင်တွယ်ကုသရာတွင် ဆရာဝန်များသာ အသိဆုံးပါ။ အမှန်ဖုံး၍ အဘ ပြုံးအောင် ဖားကပ်ပါက လူနာများ တောင်သို့ ပုံသည်မှာ ခုကာလ သုဿန်တစမှာ အလောင်ရုပ်ကြွင်းတွေ စုပုံနေရသည်က သက်သေပြနေပါသည်။ နေရာတကာ ငါ့အလိုကျ ငါသိ ငါတတ် လုပ်၍မရကြောင်း ပြဆိုနေပါသည်။

လူနာ့အသက် အလေးထားသော ဆရာဝန်များက အဘ ပြုံးအောင် မလုပ်နိုင်ပါ။ လူနာတွေ သက်သာဖို့ အဘတွေ မုန်းချင်မုန်းပါစေ။ မဖား မကပ် အမှန်ဖက်က ရပ်သောကြောင့် ဆရာဝန်ဆို လေတိုက်သံကြားတိုင်း မုန်းနေခြင်းဖြစ်ပါသည်။

အကွပ် မဲ့ ကြမ်း ၊ ပရမ်းပတာ

သတင်းစာမျက်နှာမှာ ဒဂုံအရှေ့တွင်…


いいね!
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page