top of page
Search

CDM နဲ့ မအလ

Writer: Myat Tun OoMyat Tun Oo

မအလဟာ CDM မအောင်မြင်တာကို မြင်ချင်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ CDM ဘာဖြစ်နေလဲလေ့လာရအောင်။ CDM ကို လူအများကြီးကလုပ်နေတော့ မအလဟာ ဝန်ထမ်းတွေအပေါ်မူတည်ပြီးနည်းမျိုးစုံနဲ့ သွေးခွဲနေတာ တွေ့ရပါတယ်။

ပထမက ထွေအုပ်၊ လဝကနဲ့ အခြားရုံးထိုင်ဝန်ထမ်းအုပ်စုပါ။ သူတို့က ၂၀% လောက်ရှိမှာပါ။ ဒီလူတွေကိုတော့ သူကအလျှင်အမြန်ထုတ်ခဲ့ပါတယ်။ သိပ်လိုက်မဖမ်းပါ။ ထွေအုပ်နဲ့ လဝကဟာ စားပေါက်ရှိလို့ တပ်ထဲကပြောင်းလာလို့ရပြီး ပြောင်းချင်သူရှိလို့ပါ။ နောက်ထွေအုပ်နဲ့ လဝကဝန်ကြီးများက မိုးကျမိုလို့ အဆိုပါဌာနတွေက CDM နည်းပါတယ်။ သူတို့နေရာတွေကို တပ်ထဲကနေ အလွယ်ပြောင်းလာလို့ရလို့ သိပ်မမှုပါ။

နောက်ဝန်ထမ်း တစ်ဝက်နီးပါး CDM လုပ်တာက လူကယ်ပြန်ပါ။ သူတို့ကိုလဲ ထုတ်တာ လိုင်းခန်းကဆင်းခိုင်းတာ ခြိမ်းခြောက်တာတွေနဲ့ ဖိအားပေးခဲ့ပါတယ်။ မအောင်မြင်သေးပါ။

ဝန်ထမ်းအများစု အားကောင်းတာက မြန်မာ့မီးရထားပါ။ ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာက ဆင်းခိုင်းချိန်မှာ မအလက သူတို့က ဆင်းရဲလို့ မဆင်းဘူးလို့ တွက်ထားခဲ့ပါတယ်။ သူတို့က လိုင်းခန်းကနေဆင်းသွားကြလို့ ယခုရထားဟာ ဟန်ပြတောင် ထွက်ဖို့ခက်ခဲနေပါတယ်။ မအလဟာ သူတို့ကို ဆင်းရဲလို့လျှော့တွက်ခဲ့တာပါ။ ရထားသမားများရဲ့ စိတ်ဓတ်ဟာ မအလတပ်ထက် ပိုခိုင်မာတာ တွေ့လိုက်ရပါတယ်။

တတိယက ရဲ CDM ပါ။ အချို့ပြည်နယ်တွေ ချင်း၊ စစ်ကိုင်းနဲ့ ကယားပြည်နယ်မှာ အောင်မြင်ပါတယ်။သူတို့ကို ရဲပြေးမှုနဲ့ ဖမ်းပါတယ်။ သူတို့ CDM လုပ်ရင် မအလကို တိုက်ရိုက်ထိခိုက်မှုရှိပါတယ်။

နောက်အုပ်စုက ကျန်းမာရေးဝန်ထမ်းတွေပါ။ ၇၅% ကျော်က CDM လုပ်နေသလို မအလဘယ်လိုမှဖိအားပေးလို့မရပါ။ ယခုပါမောက္ခတွေကိုဖမ်းပြီး ဖိအားပေးဖို့ ကြိုးစားပြန်ပါတယ်။ သူကဖမ်းလေသတ်လေ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေက CDM လုပ်ဖို့ ပိုမိုခိုင်မာလာလေပါ။

အခြားအုပ်စုက ပညာရေးဝန်ထမ်းတွေပါ။ အချို့နယ်တွေမှာ ကြောက်တတ်သူအချို့ သင်တန်းတက်နေပေမယ့် ကျောင်းတွေဟာ လောလောဆယ်မှာ CDM မလုပ်လဲ ဖွင့်မရပါ။ ဖွင့်လဲ တက်တဲ့ကျောင်းသားက ဆူမှာပါ။

ဒါဟာ CDM တစ်ခုထဲကိုတောင် မအလက မထိန်းနိုင်သေးတာကို ပြနေတာပါ။ မအလရဲ့ မျှော်လင့်ချက်က ဝန်ထမ်းတွေ လစာမရရင် အလုပ်ပြန်တက်မယ်ထင်ပေမယ့် ကြာလေ ဝေလေးပါ။

အစပိုင်းမှာ ဂွင်ရာထူးတွေအတွက် တပ်ကမိုးကျတွေနဲ့ နေရာယူမယ်လို့ ပြင်ဆင်ထားပေမယ့် ရထားဆင်းမမောင်းနိုင်သလို ဆေးပညာက ဆရာဝန်ကြီးတွေလိုလဲ မကျွမ်းကျင်ပါ။ ယခုတောင် စစ်ဆေးမှာအကုန်လုံးနီးပါး ဆရာဝန်ဆိုရင် တပ်ပြေးဖြစ်ချင်နေပါပြီ။ အချို့ကတော့ ပြေးသွားခဲ့ပါပြီ။ သူတို့ကို မအလက လှိမ့်ခိုင်းလို့ မလုပ်ချင်ကြတော့ပါ။ ဒါ့ကြောင့် မအလမှာ ထင်တိုင်းအလုပ်မဖြစ်ပါ။

အကျဉ်းချုပ်ရရင် CDM က အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပါတယ်လို့ ပြောပါရစေ။ အချို့ကိစ္စက အမှိုက်ကောက်တာကို သေနတ်ထောက်ပြီး ကောက်ခံလို့လွယ်ပေမယ့် ခွဲစိတ်တာကို သေနတ်ထောက်လုပ်ခိုင်းဖို့က ခက်ပါတယ်။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါဘဲ။ ပြည်သူက မကြည်ဖြူရင် အရာရာဟာ ခက်ခဲနေမှာပါ။ ပြည်သူသာ အဓိကပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

1 Comment


KoKo Htun
KoKo Htun
Apr 04, 2021

အာဏာရှင်စံနစ် မုချအမြတ်ပြတ်ကျရှုံးစေရပါမည်👍🏼

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page