CDM၊ ဆန္ဒပြပွဲနဲ့ လွှတ်တော်
- Myat Tun Oo
- Feb 11, 2021
- 1 min read

CDM ဟာ အင်မတန် ထိရောက်နေတာတွေ့ရပါတယ်။ မအလဟာ နေပြည်တော်မှာ ဝန်ထမ်းတွေလုပ်ရဲမယ်လို့ မထင်ထားခဲ့ပါ။ ယခုသူမျှော်လင့်ထားတာက အချိန်ကြာလာရင် ဝန်ထမ်းတွေဟာ စားဝတ်နေရေးကြောင့် ဘက်ပြောင်းလာမယ်လို့ တွက်ထားတာပါ။ ဒါ့ကြောင့် CDM ကိုထောက်ပံ့ဖို့ လချီပြင်ထားကြပါ။ ထွေအုပ်တွေပါလာအောင် စည်းရုံးသင့်သလို ရပ်ကျေးထွေအုပ်တွေလဲ ရခိုင်မှာလို နုတ်ထွက်ဖို့စဉ်းစားသင့်ပါတယ်။
ဆန္ဒပြတာဟာ ပြည်သူက သူတို့ကို အလိုမရှိကြောင်း ပြထားနိုင်လို့ ထိရောက်ပါတယ်။ ကမ္ဘာကလဲစောင့်ကြည့်နေပါတယ်။ ပစ်နိုင်လားဆိုတော့ ပစ်နိုင်ပါတယ်။ သူများများပစ်ရင် သူသေဖို့ ပိုနီးစပ်လာမှာပါ။ အာဏာသိမ်းတာဟာ လက်ရွေးစင်ဘောမတပ်နဲ့ လုပ်လို့ရပေမယ့် ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ကယခုထက် အင်အားပိုလိုပါတယ်။
လွှတ်တော်အမတ်တွေအနေနဲ့လဲ မိမိအိမ်မှာမနေဘဲ အဖမ်းမခံရအောင် ခွဲနေပြီး လွှတ်တော်ကိုယ်စားပြုအဖွဲ့အနေနဲ့ နိုင်ငံခြားက တပ်တစ်ခုကို တရားဝင် ဝင်စွက်ဖို့ တောင်းဆိုတာမျိုး စဉ်းစားသင့်ပါတယ်။ဒါဟာ မအလကို တကယ်ထိရောက်တဲ့ အကွက်ပါ။ ယခုအချိန်မှာ လွှတ်တော်က authorise for military intervention bill to remove the coup leader ဆိုရင် US နဲ့ အခြားနိုင်ငံတွေဟာ ကုလအတည်ပြုချက်မလိုဘဲ ဝင်လို့ရသွားပါမယ်။ လွှတ်တော်အနေနဲ့ သက်ဆိုင်ရာနိုင်ငံနဲ့ ညှိနှိုင်းပြီး ဥပဒေပြဌန်းသင့်ပါတယ်။အလွန်ဆုံးက မအလနဲ့ ကိုကိုကျွန်း လဲရနိုင်ပါတယ်။ တန်ပါတယ်။ လဲလိုက်ပါ။ ယခုအချိန်ကအကောင်းဆုံးပါ။ ရင်ကြားစေ့တာ ပြီးသွားပါပြီ။
လောလောဆယ် အမေရိကန်က မြန်မာနိုင်ငံရဲ့ ပိုက်ဆံ သန်းတစ်ထောင်ကို မအလယူမရအောင် ပိတ်ထားလိုက်ပါပြီ။ ကျန်တာတွေလဲ လာနိုင်ပါတယ်။
နောက်ဆုံးအရေးကြီးတာကတော့ ပြည်သူပါဘဲ။ ဒီတိုက်ပွဲမနိုင်ရင် အားလုံးရှုံးမှာပါ။ ယခုလဲ သူ့လူအချင်းချင်းတောင် ပြန်ဖမ်းနေပြန်ပါပြီ။ အဲ့ဒီကနေလဲ တပ်တွင်းပြဿနာ ဖြစ်သွားနိုင်ပါတယ်။ ပြည်သူသာအဓိကပါ။
Comments