top of page
Search
BPI စက်ရုံမှူးဒေါက်တာအောင်ဇော်၊တပ်ချုပ်နှင့်အဂတိ
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 14, 2019
  • 1 min read
Updated: Sep 15, 2019
BPI စက်ရုံမှူးဒေါက်တာအောင်ဇော်၊တပ်ချုပ်နှင့်အဂတိ
BPI စက်ရုံမှူးကိုအဂတိကတိုင်သူရှိလို့အရေးယူပါတယ်။ပုံမှန်မှာဆိုဝိုင်းပြောကြပါတယ်။သူကတော့ထူးခြားစွာဘဲအမှုစစ်ချိန်မှာဝန်းရံသူတွေပါလာသလိုFacebook ပေါ်ကလော်ဘီများဟာလဲNLD အစိုးရဝန်ကြီးတွေကိုအပြစ်မရှိရင်တောင်အားရဝမ်းသာရှယ်သူများကသူ့ဘက်ကပါတာတွေ့ရပါတယ်။ဒီမိုအစိုးရကိုဝေဖန်တဲ့ဖွတ်နဲ့တပ်အကောင့်အများစုကသူ့ကိုထောက်ခံသလိုဒီမိုအစိုးရကိုဝေဖန်လေ့ရှိတဲ့တစ်ပူးကဖြိုးဝေတို့ကလဲထောက်ခံတာတွေ့ရပါတယ်။ဒါတင်လားဆိုတော့ဒီမိုစစ်စစ်အချို့ကလဲထင်ယောင်ထင်မှားထောက်ခံတာရှိပါတယ်။စာရေးသူစစချင်းရေးခဲ့သလိုပါ။သူဟာအဂတိနဲ့မညှိခဲ့ရင်တောင်လူကိုသေစေနိုင်တဲ့ဆေးဝါးထုတ်လုပ်မှုနဲ့အစွဲခံရနိုင်သူပါ။ဒါပေမယ့်သူ့ကိုအဂတိကစွဲရင်တောင်တကယ်ထောင်ကျမကျကမသေချာတော့ပါ။သူအပြစ်မရှိလို့မဟုတ်ဘဲသူ့အဆက်အသွယ်ကြောင့်ပါ။သူကဘယ်သူတွေနဲ့ပိုင်လဲ။
သူကစစ်ဆေးတပ်ကလာတဲ့မိုးကျပါ။ဒါကအရေးမကြီးပါဘူး။သူကဦးအောင်သောင်းရဲ့ငယ်မွေးခြံပေါက်ပါ။သူကဓာတ်ခဲမျိုးနွယ်ပြီးသူ့အစ်ကိုကလဲတပ်ကပါ။သူကအဘပုမိန်းမနဲ့အမျိုးနွယ်ပြီးအဝင်အထွက်ရှိပါတယ်။သူ့အစ်ကိုကဘပုကိုထမင်းပွဲပြင်ပေးရသူပါ။ဒါကဘပုတပ်ချုပ်မဖြစ်ခင်ကထဲကရင်းနှီးမှုပါ။သူကပိုင်ပါတယ်။ကွန်ရက်ကြီးပါတယ်။ဒီကိစ္စမှာလဲပစ္စည်းပြတ်တာကိုအရည်အသွေးမမှီတာကိုသူ့ဖာသာလက်မှတ်ထိုးပြီးလုပ်သွားတာပါ။အဂတိမှာကအထောက်အထားရှိပါတယ်။ဒီနေရာမှာသူ့ကိုဝန်းရံသူတွေထဲကကေခိုင်ဆိုတာကစစ်ဦးစီးအရာရှိချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီးမိုးအောင်(ဦးအောင်သောင်း)ရဲ့အမျိုးအရင်းကြီးပါ။ဒါတင်လားဆိုတော့အောင်ဇော့ကိုဖမ်းပြီးစက်မှုဝန်ကြီးကျမဖမ်းဘူးဆိုပြီးသူနဲ့ယှဉ်ရေးကာလော်ထားသူကဒီမိုအစိုးရကိုသတင်းကျင့်ဝတ်မရှိဝေဖန်လေ့ရှိတဲ့တစ်ပူးဖြိုးဝေပါ။ဒါတင်ဘဲလား။ဒီမိုစစ်စစ်မိမိအစိုးရကိုဝေဖန်လေ့ရှိသူအမတ်မစန္ဒာကလဲဝန်းရံထားပါတယ်။နောက်သူ့ကိုထောက်ခံတဲ့ဆရာဝန်ကတန်ဖိုးနည်းလုပ်ခဲ့တဲ့ဒေါက်တာနန္ဒာဝင်းပါ။သူဟာဧရာဝတီမှာဖွတ်ဝန်ကြီးချုပ်ဦးသိန်းအောင်နဲ့အဆင်ပြေပြီးလုပ်ပေးခဲ့သူပါ။သူကပြည်သူ့ကျန်းမာရေးလုပ်နေသူဖြစ်ပြီးဒီလိုအရည်အသွေးမပြည့်တဲ့ဆေးထုတ်သူကိုအဂတိအသာထားပြီးဝန်းရံရဲတယ်ဆိုတာဟာအံ့ဩစရာပါ။ဒီ​ေနရာမှာမသေချာလို့မရေးခဲ့တာကအဲ့ဒီကော်စေ့သွင်းတဲ့ကုမ္ပဏီဟာဦအောင်သောင်းသားနဲ့ပတ်သက်လားဆိုတာတော့ယခုစာရေးချိန်အထိအတည်မပြုနိုင်သေးပါ။အောင်ဇော့်အမကဥမ္မာဇော်။သူ့အစ်ကိုတပ်ကလူကအဘကိုပြောပြီးပြီလားတော့မသိပါ။အဘကတော့တိုက်ရိုက်မကူပေမယ့်သူ့ရဲ့ကွန်ရက်ကနေတော့လော်ပေးမှာပါ။
အကျဉ်းချုပ်ရရင်စာရေးသူအနေနဲ့အဂတိကိုဒီမိုဝကခဒေါက်တာလဲ့လဲ့မော်ကိုအရေးယူတာမကြိုက်ပေမယ့်လဲဥပဒေအရလက်ခံစောင့်ကြည့်ပါတယ်။ဒီမိုဝန်ကြီးတွေကိုနာမည်ကြားရုံနဲ့အထောက်အထားမရှိဘဲလိုက်စစ်လို့မကြိုက်တာလဲရှိပါတယ်။ပြည်ထဲရေးကဘယ်ငါးကြီးကြီးကိုမှမကျော်နိုင်ခဲ့လို့လဲအားမရခဲ့ပါ။ယခုဟာကသာမန်စက်ရုံမှူးပါ။ဒီကိစ္စမှာအဂတိကလဲအထောက်အထားခိုင်လို့ဆိုတာစာရေးသူစုံစမ်းသိရှိထားပါတယ်။အဂတိကဘပုကယ်လို့တရားရုံးကလွတ်ရင်တောင်အရည်အသွေးမမှီတဲ့ဆေးဝါးထုတ်မှုကတော့မလွတ်နိုင်ပါ။ငါးဖော်မလင်ထိုးတာကိုဖမ်းတဲ့ဥပဒေရှိရင်ဒါမျိုးကိုလဲဖမ်းနိုင်မယ်လို့ထင်ပါတယ်။သာမန်လူစက်ရုံမှူးတစ်ယောက်ကိုအားလုံးကထပြီးဝန်းရံဖို့ဆိုတာမလွယ်ပါ။အထူးသဖြင့်Facebook မှာပါ။ဒါပေမယ့်အကောငိ့တုများစွာပိုင်ဆိုင်ထားတဲ့အဖွဲ့တွေနဲ့မိမိကိုယ်ကျိုးချင်းတိုက်ဆိုင်တဲ့အဖွဲ့တွေကတော့ထောက်ခံမှာပါ။အားလုံးအျကိုးအကြောင်းအဆိုးအကောင်းနဲ့ကွန်ရက်ကိုသိပြီးဝန်းရံနိုင်ပါစေ။ဒါကပထမဆုံးအဘနဲ့သိသူမိုးကျအရပ်သားပါ။တိုက်ဆိုင်သွားတာပါ။လော်ဘီများတစ်ပူးကဲ့သိုလွန်ကဲလော်လာ၍ရေးပါသည်။
Zawgyi version
Recent Posts
See All
ညံ့ဖျင်းသူ
မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page