top of page
Search

BBC၊ သတင်းသမားများနှင့် ဒီမိုကရေစီတော်လှန်ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 13
  • 2 min read

ree

ယခင်က သတင်းသမားတွေက ဩဇာအလွန်ကြီးခဲ့ပါတယ်။ ဥပမာအနေနဲ့ပြောရရင် CNN နဲ့ သတင်းဌာနအချို့က ကိုဆိုဗိုကိစ္စရေးပြီး လူတွေရဲ့အတွေးကိုပြောင်းအောင်လုပ်နိုင်ခဲ့လို့ ၁၉၉၉ မှာ အမေရိကန်က ဗုံးကြဲပြီး လူသားတွေကယ်ဆယ်ရေးဆိုပြီး ဝင်ပါခဲ့ပါတယ်။ ကိုဆိုဗိုကို ကုလက အသိအမှတ်မပြုပေမယ့် အမေရိကန်နဲ့ ဥရောပက အသိအမှတ်ပြုထားခဲ့ပါတယ်။

သတင်းသမားတွေက အီရတ်ကိစ္စလော်ပြီး တိုနီဘလားနဲ့ ဘုရှ်တို့က လိမ်ပြီး ဝင်တိုက်ခဲ့ပါတယ်။ လူသေစေတဲ့လက်နက်တွေ မတွေ့ခဲ့ပါ။ ဝိုင်းလိမ်ခဲ့တဲ့ ကြံရာပါသတင်းသမားတွေလဲ ဘာမှမဖြစ်သွားခဲ့ပါ။ နောက်ပိုင်းမှ ဘီဘီစီက ပြန်သိက္ခာဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့သတင်းပေး Dr David Kelly က သူ့ဖာသာ သတ်သေသွားခဲ့ပါတယ်။ သတင်းသမားတွေရဲ့ ဩဇာအမြင့်ဆုံးက လစ်ဗျားကိစ္စမှာဖြစ်ခဲ့ပြီး R2P နဲ့ ကိုင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်မှာ သတင်းသမားများက ဒေါ်နယ်ထွန်းကို အလွန်မုန်းပြီး သူလုပ်သမျှ မကောင်းရေးပေမယ့် သူက ရွေးကောက်ပွဲနိုင်လို့ သတင်းသမားများ ရူးသလိုဖြစ်ပြီး ရှက်ယမ်းယမ်းကြတာကို တွေ့ရပါတယ်။ သတင်းသမားတွေက ဒေါ်နယ်ထွန်းကို မုန်းလွန်းလို့ ဘိုင်ဒင်မှတ်ဉာဏ်မကောင်းတာကို CNN က Jake Taper က သူ့ကိုပြောသူ ဒေါ်နယ်ထွန်းချွေးမကိုတောင် ရန်တွေ့ခဲ့သလို CNN သတင်းထောက်မကလဲ ငါ့လုပ်ဖော်ကိုင်ဖက်ကို မကောင်းပြောရင် နင့်ကို ဆက်အင်တာဗျူးမလုပ်ဖူးဆိုပြီး ယခု ဒေါ်နယ်ထွန်းရဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt ကို ရန်တွေ့ခဲ့ပါတယ်။ ယခုတော့ သူမဝဋ်လည်နေပါပြီ။ သတင်းသမားတွေက သတင်းတင်ဆက်တာမဟုတ်ဘဲ သူတို့ရဲ့သဘောထားကိုပါ ထည့်လာလို့ လိုရာဆွဲရေးလို့ နောက်ပိုင်းမှာ ပြဿနာတက်လာတာပါ။ အချို့နိုင်ငံတွေမှာ အမေရိကန်၊ ယူကေနဲ့ ဩဇီတို့မှာက သတင်းသမား သူဌေးကြီး Rupert Murdoch ဟာ အလွန်ဩဇာကြီးပါတယ်။ အချို့ ဝန်ကြီးချုပ်ဖြစ်လိုသူတွေက သူနဲ့တောင်တွေ့ရပါတယ်။ ယခုနောက်ပိုင်း X တို့ Facebook တို့ကြောင့် သတင်းသမားဩဇာက ကျလာခဲ့သလို သတင်းသမားတွေအပေါ် ယုံကြည်မှုကလဲ ကမ္ဘာပေါ်မှာ ကျလာခဲ့ပါတယ်။ ယခုဆို Al-Jazeera သတင်းသမားကို အစ္စရေးက ဂါဇာမှာ ကိူင်လိုက်တာ ဘယ်သူမှ အသံကျယ်ကျယ်မထွက်ရဲတာ အားလုံးသတိထားမိမှာပါ။ သူက ယခင်ဟားမတ်မှာ လုပ်ဖူးတယ်လို့ ဆိုပါတယ်။ ဒါတွေကိုရေးပြတာက ကမ္ဘာ့သတင်းလောကအကြောင်းကို သိအောင် ဗဟုသုတအနေနဲ့ပါ။

မြန်မာ့တော်လှန်ရေးမှာ အချို့က တကယ့်ကိုစေတနာနဲ့ အောင်မြင်စေလိုပါတယ်။ အချို့က အာဏာရှင် ဆက်ရှိနေမှ သူတို့အလုပ်အကိုင်မြဲမယ်လို့ထင်သလို အချို့က အာဏာရှင်နဲ့ အဆက်အသွယ်ရှိပါတယ်။ အချို့က ကွန်မြူနစ်ကို အာဏာရစေလိုပါတယ်။ ပထမဆုံးက သတင်းသမားတွေနဲ့ စကားပြောရင် မိမိလုံခြုံရေးကို ဂရုစိုက်ဖို့ ပြောခဲ့ပါတယ်။ VOA မြန်မာပိုင်းက ဌာနမှူး သန်းလွင်ထွန်းက ယခုဆိုရင် မအလနဲ့ ပေါ်တင်ပူးပေါင်းတာ အားလုံးသိမှာပါ။ သူဟာ VOA ဌာနမှူးလုပ်ချိန်ကလဲ ဘယ်သူအမေရိကန်လာတယ် ဘယ်တော်လှန်ရေးခေါင်းဆောင်က ဘယ်မှာနေတယ်၊ အင်တာဗျူးရင်တွေ့တဲ့နောက်ခံကဘယ်မှာ ဘယ်အဖွဲ့ကဘာဆိုတာကို စရဖထံ သတင်းပေးသလို ခင်ရီကတဆင့်လဲ သတင်းပေးခဲ့သူပါ။

ဒါဆိုရင် ဘီဘီစီ မြန်မာပိုင်းကရော။ ယခင် မြန်မာပိုင်းကိုင်သူက မဆလ အမျိုးအနွယ်ပါ။ ပြီးရင် နောက်ပိုင်းတက်လာသူတွေက စစ်တပ်ကို ဘာလို့တိုက်လဲ ရှုံးမှာပေါ့ဆိုတဲ့ အတွေးအခေါ်ရှိသူများပါ။ လက်ရှိသတင်းထောက်မမတွေက စစ်ဗိုလ်တွေနဲ့ကြိုက်ခဲ့ကြပြီး သူတို့ကို ကက- လို့တောင် သတင်းထောက်အချင်းချင်း နောက်ခေါ်ခဲ့ကြတာပါ။ သူတို့က ကြားနေဖြစ်နိုင်ပါ့မလား?

ဘီဘီစီဟာ မြန်မာပြည်မှာ လူမျိုးရေးတွေ သတင်းလွှင့်ပြီး အချို့လူများကလဲ ကြိုက်ကြပါတယ်။ ဒါပေမယ့် သူ့တိုင်းပြည် အင်္ဂလန်မှာ မောင်နီက မောင်ဝါကိုသတ်တယ်ဆိုတာတောင် ဘယ်လူမျိုးဆိုတာမရေး လူနာမည်တတ်မရေးဘဲ သတင်းကြေညာခဲ့ရပါတယ်။ သူ့တိုင်းပြည်ထဲမှာ လူမျိုးရေးဖြစ်မှာဆိုးလို့ပါ။ သူတို့လျှို့ဝှက်တာ များသွားလို့ ကောလဟာလထွက်ပြီး ဇူလိုင် ၃၀ ကနေ ဩဂုတ် ၅ ၂၀၂၄ အထိ ယူကေမှာ အဓိဂရုန်း ဖြစ်သွားခဲ့ပါတယ်။ ဥပမာသူက ပြစ်မှုကျူးလွန်သူနာမည်ကို ဖော်ပြရင် ထိုနာမည်ကနေ လူမျိုး/ဘာသာကို မှန်းမှာ စိုးရိမ်လို့ပါ။ အဲ့ဒီကြားက ဆူပူသွားတာပါ။ သူက မြန်မာပြည်မှာတော့ ကိုးကန့်က ဗမာကိုဘာလုပ်တာ၊ TNLA က ရှမ်းကိုဘာလုပ်တာစတဲ့ လူမျိုးရေးဖြစ်စေတဲ့ ethnic conflict ဖြစ်စေနိုင်တဲ့သတင်းတွေကို သူ့အင်္ဂလန်မှာလို အတားအစီးမရှိ ဖော်ပြပြီး မအလ မူဝါဒ စစ်လော်ဘီတွေအတိုင်း လိုက်ရေးတာ တွေ့ရပါတယ်။

ဒါ့ထက်ဆိုးတာက စစ် အနိုင်အရှုံးတွေကို အစပိုင်း မအလတပ်ရှုံးချိန်မှာ မဖော်ပြဘဲ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်လောက်မှသာ ဘီဘီစီမူဝါဒပြောင်းပြီး မအလတပ် စစ်ရှုံးတာကို ဖော်ပြခဲ့တာပါ။ ထိုမတိုင်ခင် ဘီဘီစီက သံအမတ်ကြီး ဦးကျောိမိုးထွန်းတို့ မဇင်မာအောင်တို့ ဆရာဇော်ဝေစိုးတို့ကို တရားခံမေးသလို အင်တာဗျူးပြီး မဲလုံးကိုတော့ ဘောမမေးတာပါ။

ယခုနောက်ပိုင်းမှာ ဘီဘီစီမြန်မာပိုင်းဟာ မအလဆိုက်ဝါးပါ လုပ်လာတာ တွေ့ရပါတယ်။ မအလက အာဇာနည်နေ့ရန်ကုန်လာဖို့ တပ်ချထားတာကို DASSK ကိုပေးတက်မလားဆိုပြီး ဆိုက်ဝါးလုပ်လို့ စာရေးသူ ၁၉ ရက်မတိုင်ခင်နေ့က မအားတဲ့ကြားက စိတ်ပေါက်လို့ ထရေးတာ အားလုံးသတိထားမိမှာပါ။

ဒုတိယက ရွေးကောက်ပွဲလုပ်ရာမှာ နန်းတွေက သူတို့ကို မဲပုံးစောင့်ခိုင်းလို့ သူတို့က ကြားနေအပြစ်မဲ့ပြည်သူဆိုပြီး ဘီဘီစီကတဆင့် ပုံဖော်ဖို့ ကြိုးစားလာတာပါ။ ထပ်ပြောပါ့မယ် နန်းဟာ မအလဘက်တော်သားပါ။ အကြမ်းဖကိအဖွဲ့ဝင်ပါ။ ကြားနေမဟုတ်ပါ။ တိုက်စရာရှိတာတိုက် လုပ်စရာရှိတာ လုပ်ရမှာပါ။ သူတို့က မဲရုံစောင့်ဖို့လုပ်တာဟာ ကြားနေမဟုတ်ပါ။ ဘီဘီစီအနေနဲ့ ခွေးစကားမပြောသင့်ပါ။

အချို့တိုက်ပွဲကိစ္စတွေမှာလဲ မအလလော်ဘီလေသံကို လိုက်ပြောတာ တွေ့ရပါတယ်။

အားလုံးသတိထားရမှာက သတင်းသမားတွေကနေ ကမ္ဘာ့အမြင်ပြောင်းအောင်လုပ်တာ မျှော်လင့်တာကို လျှော့ချပြီး မိမိတိုက်ပွဲကို မိမိဖာသာ တိုက်ယူဖို့သာ ကြိုးစားကြပါ။

တော်လှန်ရေးက ယခင် ၂၀၂၁ ထက်အဆများစွာ တိုးတက်နေပြီး NUG က NGO လို မကျင့်ကြံရင် PDF တပ်ရင်းမှူးတွေက ငါတို့ဟာ တပ်ရင်းမှူးတွေ ယခင်ကလို တက်ကြွလှုပ်ရှားသူမဟုတ်ဖူး ပရဟိတသမားမဟုတ်ဘူးဆိုတာကို အသိဝင်ပြီး ဝိုင်းလုပ်ကြရင် တိုင်းရင်းသားလက်နက်ကိုင်တွေကလဲ ငါတို့ဟာ လူမျိုးတစ်စုအတွက်မဟုတ် တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် ဝိုင်းလုပ်ရမယ်ဆိုတဲ့အသိရှိကြရင် ပြည်သူကလဲ ဆယ်လီနောက်လိုက်မလှူဘဲ PRF လို နေရာကနေ လစဉ်ပုံမှန်လှူရင် နိုင်မှာပါ။

ခေါင်းဆောင်မှုလိုအပ်တာဟာ NUG မှာသာ တာဝန်ရှိတာမဟုတ်ဘဲ ကိုဘုန်းကျော်တို့၊ ကိုသူပုန်ဖြူတို့၊ ဦးဂွမ်မော်၊ စောတာနီးတို့ကလဲ ငါတို့လဲ ထိုခေါင်းဆောင်မှုဖြစ်အောင် ဝိုင်းဝန်းစုပေါင်းလုပ်ကြရင် တော်လှန်ရေးက ယခုထက်ပိုမြန်မှာပါလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page