top of page
Search

AA နဲ့ အဘ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 5, 2022
  • 1 min read

AA က အာဏာသိမ်းအပြီး ရခိုင်မြောက်ပိုင်းမှာ အတော့်ကို အုပ်ချုပ်လာနိုင်ပါတယ်။ မအလတပ်ကလဲဗျူဟာကုန်းကနေ မဆင်းရဲပါဘူး။ စစ်ကိုင်းမှာဖြစ်နေသလိုပေါ့။ AA ကတော့ ၂၀၀၉ ထဲက ၁၂ နှစ်ကျော် လက်နက်စုလာတာဆိုတော့ လက်နက်အားကောင်းနေပါပြီ။ ရခိုင်တွေက တရားစီရင်ရေးလဲ သူတို့ဖာသာ မြောက်ဦးဘက်မှာလုပ်နိုင်နေပြီ။ စစ်သင်တန်းလဲ ဆက်ပေးနေဆဲပါဘဲ။ ဒါကို စရဖကလဲသိသလို တိုင်းစစ်ဌာနချုပ်ကလဲသိပါတယ်။ ဒါပေမယ့် မအလမှာ ဘာမှမလုပ်ရဲ မလှုပ်ရဲပါ။ ယခင်က AA ကိုတိုက်ဖို့ ကျောက်ထု၊ မင်းတပ်က အကူအညီကို အလွယ်အကူခေါ်လို့ရပေမယ့် ယခုက မင်းတပ်၊ကျောက်ထုမှာပါ ပြဿနာက တက်နေတာပါ။ မြေပြန့်ကတပ်လဲ လာမကယ်နိုင်ပါ။

အချို့နေရာတွေမှာ မအလတပ်က တောင်အောက်ဆင်းဖို့ AA ထံက ခွင့်တောင်းနေရပါတယ်။ နောက်မအလက ရိုတွေကို ပြန်လာဖို့ DASSK အစိုးရကြောင့်သာ ပြဿနာဖြစ်ပြီး သူက နိုင်ငံသားပေးမယောင်ဌေးအောင်တို့ကို လိုက်ပြောခိုင်းထားတာလဲ AA က သိမှာပါ။ စကစအဖွဲ့ဝင် DASSK ကို ဖောင်းထုလေ့ရှိသူ အေးနုစိန်ဘာပြောမလဲကတော့မသိပါ။

ယခုအချိန်မှာ AA အင်အားကြီးလာတာကို ရပ်တန့်ပို့ ရခိုင်မြောက်ကိုတင်ပို့တဲ့ ပစ္စည်းတွေကိုအသေးစိတ်စစ်ဖို့ လူလက်နက်ရှာဖို့ စစ်တပ်အတွက်သုံးတဲ့ပစ္စည်းတွေရှာဖို့ကို အမိန့်ထုတ်ထားပါတယ်။ ဒါကြောင့် တချိန်ချိန်မှာ AA နဲ့ ငြိမှာပါ။

စိတ်ဝင်စားစရာကောင်းတာက ရခိုင်ပြည်သူတွေကို သတ်၊ရွာမီးရှို့၊ မုဒိမ်းကျင့်တာက မအလတပ်ပါ။ဒါပေမယ့် အေးမောင်တို့ အေးနုစိန်တို့က မအလကို အပြစ်မတင်ဘဲ DASSK ကိုသာ အပြစ်တင်ပြီးနိုင်ငံရေးလုပ်စားခဲ့ကြပါတယ်။ ဝေဟင်အောင်တို့ကတော့ စရဖတပည့်တွေပါ။ ဒီလူတွေက DASSK ကအာဏာမရှိချိန်မှာ မအလတပ်နဲ့ AA တိုက်ပွဲဖြစ်ရင် ဘယ်သူ့ကို အပြစ်တင်မလဲ စောင့်ကြည့်ရပါမယ်။NUG ကို အပြစ်တင်ရင်တော့ သူတို့ဟာဘောမဆိုတာ ထင်ရှားသွားမှာပါ။

စာရေးသူကတော့ ဗမာနယ်မြေလွတ်လပ်ရေးမရသေးလဲ ရခိုင်တွေလွတ်လပ်ရေးရတာ ကျေနပ်ပါတယ်။ မုဒိတာ ပွါးပါမယ်။ ပြည်ထောင်စုဂျင်းတွေ စိတ်ထဲမထားပါ။ ဘယ်သူမဆို စစ်ကျွန်အောက်ကလွတ်မြောက်လေ ကောင်းလေပါ။ နောက်ရခိုင့်နိုင်ငံတော်လွတ်လပ်ရေးရရင် သူတို့နယ်ထဲက ရိုဟင်ဂါပြဿနာကလဲ ရခိုင်တွေရဲ့ လွတ်လပ်တဲ့နိုင်ငံမှာ သူတို့ဖာသာ ရှင်းမှာမိုလို့ ပိုကောင်းတဲ့အဖြေထွက်မှာပါ။

ယခုအချိန်မှာတော့ မအလရဲ့အမိန့်ကို အောက်ခြေကဘယ်လိုအကောင်အထည်ဖော်မလဲ စိတ်ဝင်စားစွာ စောင့်ကြည့်နေပါတယ်။ မအလတပ်က မတိုက်ဘဲဆက်နေရင်လဲ ရှုံးမှာဖြစ်သလို AA ကို တိုက်ရင်လဲ အသေများမှာပါ။

စာရေးသူတို့ ပြည်သူတွေကတော့ ဒီလ PRF ပြည်သူ့တော်လှန်ရေးမိသားစုမှာ ငွေထည့်ဝင်ပြီးတော်လှန်ရေးတပ် PDF တွေ AA လို လက်နက်အင်အားကောင်းလာအောင် ကူညီကြပါအုံးလို့တိုက်တွန်းပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Feb 05, 2022

ဦးမြတ်!!! အရှေ့တောင်၊ မြောက်၊ အနောက်မြောက်နှင့် ခုတဖန် အနောက်ကပါ ဝိုင်းပတ်ရံ။

ထွက်မြောက်ဖို့ရန် ထွက်ပေါက်မှန်ကား

ရှာဖို့ ရန် ဖြင့် မလွယ်ပြီ။

ကချင်တို့၏ ၆၁ နှစ်မြောက် အထိန်းအမှတ် အမှာစကား မိုးကြိုးပစ်သံအလား။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page