top of page
Search

AA နဲ့ မအလ တကယ်တိုက်တော့မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 27, 2022
  • 1 min read


မအလဟာ AA နဲ့ အပစ်ရပ်ခဲ့တာ အာဏာသိမ်းဖို့ပါ။ အာဏာသိမ်းပြီးရင်ပြန်တိုက်ဖို့အဖွဲ့ထဲမှာ AA ကထိပ်ဆုံးကပါ။ ဒါကြောင့် ရခိုင်မှာ စစ်အင်အားကို ပြင်ဆင်ခဲ့ပါတယ်။ ရခိုင်မှာ မအလတပ်နဲ့ AA တို့တပ်ဆိုင်ထားတာက ကချင်နဲ့ကရင်လိုမဟုတ်ဘဲ အင်မတန်နီးပါတယ်။ ရခိုင်မှာက BGF တို့ ပြည်သူ့စစ်တို့မရှိပါ။

ဒါပေမယ့် ယခုအချိန်မှာ စစ်မတိုက်ဖို့ မအလမှာရော AA မှာပါ ဖိအားတွေရှိနေပါတယ်။ မဖြစ်အောင်တော့ ရှောင်ကြမှာပါ။ ဖြစ်လာရင်တော့ ဘယ်သူနိုင်မှာလဲဆိုတာ အမြင်အမျိုးမျိုးနဲ့ လေ့လာကြည့်ရအောင်။


AA ပရိတ်သတ်တွေကိုမေးရင် AA နိုင်မယ်လို့ ပြောကြမှာပါ။ ဒါကသူတို့အမြင်ပါ။ စာရေးသူက တပ်ထဲကအစီရင်ခံစာတွေကို အခြေခံပြီး တပ်ထဲကအမြင်ကို ပြောပြပါ့မယ်။


AA က သီးခြားခွဲထွက်ရေးကိုတောင်းလို့ AA၊ KIA၊ KNU သုံးဖွဲ့ကို တိုက်ရမယ်ဆိုရင် AA ကို အရင်တိုက်ရမယ်လို့ ဗျူဟာအရ ချမှတ်ထားပါတယ်။ သူက ပြည်ထောင်စုဖြိုခွဲမယ့်သူလို့ အမြင်ရှိလို့ပါ။ ဒါဆိုရင်နောက်မေးခွန်းက ယခုအချိန်တိုက်မှာလားဆိုတာပါ။ စစ်ပြင်တာနဲ့ စစ်တိုက်တာတော့ မတူပါ။ တပ်ခွဲမှူးကနေ တပ်ရင်းမှူးအထိကတော့ စစ်မဖြစ်ပါစေနဲ့ ဆုတောင်းမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က ပထမဆုံး သေနိုင်သူမိုလို့ပါ။ ဒါပေမယ့် သူတို့က မအလကို အစီရင်ခံရာမှာ မပါပါ။ တိုင်းမှူးကနေ ဗျူဟာမှူးအထိက ယခုအချိန် AA နဲ့ဖြစ်ရင် မြောက်ဦးကို ပြာကျအောင် ချနိုင်မယ်လို့ တွက်ထားပါတယ်။ ဒါကြောင့် ဇော်မဲလုံးက စစ်တပ်ကိုအဆိုးမဆိုနဲ့လို့ ကြိမ်းဝါးသွားတာပါ။

ဒါဆိုရင် မအလတပ်က ဘာတွေပြင်ထားလဲ? တာဝေးပစ်အမြောက်တွေကို ရခိုင်ကိုထပ်ပို့ထားပါတယ်။ ရုရှားက ထပ်ပို့တာတွေပါ။ ၁၀ မိုင်လောက်အသာလေးပါ။ ဒါတွေကို ဗျူဟာကုန်းနဲ့ အရေးပါတဲ့နေရာတွေမှာ ထားထားပါတယ်။ နောက် အာဏာသိမ်းပြီးကထဲက ဧည့်စာရင်းစစ်ဥပဒေရှိလို့ မအလကအမိန့်ပေးတာနဲ့ အောက်ခြေမှာ AA အဖွဲ့ဝင်တွေကို စစ်ကိုင်းမှာ ရွာတွေကိုစစ်သလို စစ်နိုင် ဖမ်းနိုင်မယ်လို့ တွက်ထားပါတယ်။ ယခင်က အရပ်သားအစိုးရရှိနေလို့ အသံထွက်ရင် ပြန်ဖြေနေရပေမယ့် ယခုအချိန်မှာ ဘယ်ဖိအားမှမရှိလို့ လုပ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်ပြီး စစ်ဆင်လို့ရမယ်လို့တိုင်းမှူး၊ တပ်မမှူးတွေ ဗျူဟာမှူးတွေက တွက်ထားပါတယ်။ စစ်ကိုင်းမှာ အိမ်အများကြီး မီးရှို့ချိန်၊လူအများကြီး သတ်ချိန်မှာ အနောက်ကဘာမှမပြောလို့ ရခိုင်ဆိုရင် ပိုလွတ်မယ်လို့ တွက်ထားပုံပါ။အချို့က ယခင် NLD အစိုးရက ကြားခံနေလို့ ယခုဆို အမှုန့်ကြိတ်မယ်ဆိုပြီး ကြိမ်းဝါးနေသူတွေအများကြီးပါ။

အကျဉ်းချုပ်ရရင် AA ဘက်ကနိုင်မယ်လို့ထင်သူရှိသလို မအလတပ်ထဲမှာလဲ မကျေပွဲနွဲမယ်ဆိုပြီး ပြင်နေသူတွေအများကြီးပါ။ AA က ပြောအပြီးမှာ ရခိုင်တိုင်းမှူးက ရှက်ရမ်းရမ်းနေပါတယ်။ ရှမ်းဘက်မှာငြိမ်းချမ်းရေးရရင် အဲ့ဒီကတပ်တွေကို ရခိုင်ကို ပိုရွှေ့မှာပါ။ ပုံမှန်မှာတော့ မအလမှာ ဖိအားများစွာရှိလို့AA ကိုတိုက်ခဲ့ရင် နိုင်နိုင် မနိုင်နိုင် သူ့သေတွင်းသူတူးရာ ရောက်မှာပါ။ မအလက မလုပ်ရဲတာဘာမှမရှိလို့ စာရေးသူလဲ မပြောရဲပါ။ သေချာတာကတော့ ဖြစ်ခဲ့ရင် စစ်ကိုင်းမှာလို ရွာတွေမီးရှို့ဖို့က မအလတပ်ရဲ့ဗျူဟာပါ။ ဒါကြောင့် ပြင်ဆင်ထားပါလို့သာ ပြောပါရစေ။ မအလက ရူးနေတော့ မှန်းရခက်ပါတယ်။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page