top of page
Search

AA ကို ဘောမလိုက်ရသော မအလ

Writer: Myat Tun Oo
Myat Tun Oo
Jan 2, 2022
1 min read

AA ဟာ ဆယ်နှစ်ကျော် စစ်အစိုးရကိုတိုက်ဖို့ လူသူလက်နက် စုဆောင်းခဲ့ပါတယ်။ ၂၀၁၅ မတိုင်ခင် ဘစိန်က NCA ထိုးဖို့ ကြိုးစားချိန်မှာ မအလက သူ့နိုင်ငံရေးအကြိုးအမြတ်အတွက် AA၊MNDAA နဲ့ TNLA ကို လက်မှတ်အထိုးမခံခဲ့ရာက သူတို့က တိုက်ခိုက်လာခဲ့ပါတယ်။ NLD အစိုးရတက်လာချိန်မှာ မအလက DASSK အစိုးရသိက္ခာကျအောင် အဓိကကြိုးစားလို့ AA ဘာဖြစ်ဖြစ်သိပ်စိတ်မဝင်စားခဲ့ပါ။ သူဘာလုပ်ရလုပ်ရ တိုက်ရတိုက်ရ သူက DASSK အစိုးရကို ထိုးကျွေးပြီးAA နဲ့ ရခိုင်လူထုကို DASSK နဲ့သာ လှည့်တိုက်ဖို့သာ ကြိုးစားခဲ့ပါတယ်။ အေးနုစိန်တို့ အေးမောင်တို့ကလဲ အော်ပေါ့။

ယခုအာဏာသိမ်းအပြီးမှာ ပြဿနာက စပါပြီ။ အာဏာမသိမ်းခင် စစ်မျက်နှာများစွာမဖြစ်ချင်လို့AA ကို သူတောင်းတဲ့ AA ရဲ့ ရခိုင်မှာ တပ်တည်ရှီခွင့်ကို မျက်နှာပျက်ခံ ပေးခဲ့ပြီး ခဏချွေးသိပ်ထားခဲ့ပါတယ်။ ယခင် DASSK လက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ခဲ့တာက AA ကိုရခိုင်မှာပေးမနေဘဲ ကချင်ကို ပြန်ရမယ်လို့ မအလတပ်က တောင်းဆိုခဲ့လို့ပါ။ ဒါပေမယ့်အာဏာသိမ်းအပြီးမှာ CRPH၊ NUG ကနေ PDF ပေါ်လာလို့ မအလဟာ စစ်နွံထဲနစ်သွားခဲ့ပါတယ်။ဒါကြောင့် AA ကို ဘယ်နည်းနဲ့မှ လက်ရှိတပ်အားနဲ့ မတိုက်နိုင်ဘူးဆိုတာ သေချာသွားပါတယ်။ ယခင်က AA ကိုတိုက်ဖို့ ပလက်ဝမှာ ချင်းနဲ့ရခိုင်ကို ခွဲထားနိုင်ပေမယ့် ဒီတခေါက်ဖြစ်ရင် ပလက်ဝမှာ ရှိသမျှ လူမျိုးစုအားလုံးက မအလတပ်ကို ဝိုင်းဗျင်းမှာပါ။ မင်းတပ်က တပ်ရင်းကလဲ AA ကိုတိုက်ရာမှာ ယခင်ကလို ဝင်မကူနိုင်တော့ပါ။

လက်ရှိရခိုင်မှာ တပ်စခန်းတွေကို တောင်တွေပေါ် ဘုရားကုန်းပေါ်မှာ တပ်စွဲထားပေမယ့် တောင်အောက်ဆင်းရင်တောင် အလံဖြူထောင်ပြီး AA ရဲ့ ခွင့်ပြုချက်နဲ့ သွားနေရတာပါ။ AA ဟာ မအလစစ်တပ်က ခွင့်မပြုတဲ့ ဘုရားပွဲကို လုပ်ချိန်မှာ မအလတပ်က သူ့တပ်တွေကို သွားတားခိုင်းပေမယ့်အောက်ကတပ်တွေက လက်ရှိတပ်အင်အားနဲ့ မတိုက်နိုင်ဘူးလို့ငြင်းလို့ မအလက ခွင့်ပြုလိုက်ရပါတယ်။ AA ဟာ မအလရဲ့ အားနည်းချက်ကိုသိလို့ ယခုရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်းကိုမအလခွင့်မပြုလဲ ကျင်းပဖို့ ကြိုးစားပါတယ်။ ဒါကိုလဲ မအလက ခွင့်မပြုဖို့ အမိန့်ပေးပေမယ့်အောက်ခြေမှာ သူ့ဩဇာမညောင်းလို့ မပိတ်နိုင်ခဲ့ပါ။ အရှက်နှစ်ခါ ကွဲခဲ့ရတာပါ။ ယခင်က သူဘာလုပ်လုပ် NLD ကို လွှဲချလိုက်လို့ရပေမယ့် ယခုက မရတော့ပါ။ ဒါကြောင့် သူတိုက်ရင် သူကွဲမှာပါ။အဓိကက သူ့မှာAA ကို တိုက်နိုင်တဲ့ တပ်အင်အား မရှိတာပါ။

ဒါ့ကြောင့်ရာပြည့်က AA ကို မြောက်ပိုင်းက တွေ့ဆုံပွဲမှာ အပြတ်ဘောမခဲ့ပါတယ်။ ဒါပေမယ့်လဲAA က သူ့ကို နှာနုဖြတ်ရိုက်ပြီး ပွဲတွေကို ဆက်လုပ်ခဲ့ပါတယ်။ လောလောဆယ်ကတော့ မအလဟာ AA ကို ဘောမထားမယ်လို့သာ ပြောပါရစေ။ ဒါက PDF တန်ခိုးကြောင့်ပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 02, 2022

ဦးမြတ်!!! မမြစိမ်း(သိုက်တူးတဲ့ဇာတ်ထဲက) သီချင်းလေး သတိရလိုက်ပါသည်။

အရှေ့ကို လျှောက်ပါလို့

အနောက်ကိုတဲ့ မျှော်လိုက်ရင် မျှော်လိုက်ရင်~~~~

ဗောဓိရွှေကျောင်းတော့ တွေ့နိုင်မည်မဟုတ်။

အပြောသာရှိတော့တဲ့ အပုပ်အလောင်းတွေကိုသာ တွေ့တွေ့နေရတာ စာမျက်နှာတွေပေါ်မှာ အထင်အရှား။

မြွေပူ ပါတယ်ဆိုမှ

ကင်းက လာ

မတ်တပ်ရပ်လို့ လမ်းမှာငို

ခိုနားဖို့ နေရာရှာ ဆိုသလိုပါပဲ။

လွန်ခဲ့သောရက်ပိုင်းက နျုဂျီက ကချင်သမ္မတကြီး၏ နှစ် ၄၀ ပြည့် မဂင်္လာနှစ်ပတ်လည် ဆုတောင်း AA က နှုတ်ခွန်းဆက်ပို့သချိန်မှာ

သမ္မတကြီးကလည်း ခုကာလ လက်တွဲညီညီ ပါဝင်ဆင်နွှဲဖို့ ပြန်လည် ဖိတ်ခေါ်လိုက်ပါသည်။

ပြည်သူအတွက်တော့ ချိုသကာ သကြားပေါ့။

သူ့အတွက်တော့ မလိုသူမို့ တမာလို ခါး မှာသေချာပါသည်။

မိုင်းလားမှာ AA က ပုဂ္ဂိုလ်များကို နာမည်ရှေ့က ယဉ်ကျေးသိမ်မွေ့သောနာမ်စားပြု **ကို**စာလုံးကို တပ်ဆို၍ ထည့်ခေါ်ခဲ့ကြောင်း သတင်းများက ဖော်ပြထားပါသည်။

ပြီးခဲ့သော ရက်ပိုင်းက ဖရူဆိုမှာ ဖြစ်ပွါးခဲ့သည့် လူ၃၀ အရှင်လတ်လတ် မီးရှို့သတ်သည့်ဖြစ်စဉ်ကို AA နှင့် မြောက်ပိုင်းညီနောင်အုပ်စုက အပြင်းထန် ရှုံ့ချကြောင်း စာထုတ်သည့်အချိန်မှာတော့!!!!!!!

ရင်ထဲကအပူ မည်မျှ ဆူပွက်နေမည်လဲ။

တနေ့က သတင်းတစ်ပုဒ်မှာ တပ်မတော်ကြီးအင်အားရှိဖို့ တပ်သားတွေ ဈေးတက်သွားကြောင်းသိရပါသည်။ ပုံမှန် ၁၅ ဝန်းကျင်ကနေ ၃၀~၄၀ထိ ဈေးမြောက်သွားကြောင်းသိရပါသည်။

လိုတာ မရ

ရတာ မလို

သည်ဒုက္ခထက်ကြီးသော ဒုက္ခဆင်းရဲရှိမည် မထင်ပါ။

ယတြာနှင့်မရ၍၊AAကို မလိုက်ခြင်းဟူ၍သာ မြင်မိပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page