top of page
Search

AA က စစ်တွေမှာ ဧည့်စာရင်းစစ်တာ ခံမလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 9, 2021
  • 1 min read

စာရေးသူဟာ AA ကို ဝေဖန်ခဲ့ဖူးသူပါ။ ယခုအချိန်မှာ ရခိုင်ပြည် လွတ်လပ်ရေးရလဲ ကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ မအလအောက်မှာ ဒုက္ခခံရသူနည်းလေ ကောင်းလေပါ။ ပြည်ထောင်စုပြိုကွဲလဲ ဒါဟာ မအလကြောင့်သာပါ။ ဒါ့ကြောင့် ယခုအာဏာသိမ်းပြီးနောက်ပိုင်း AA ရဲ့တော်လှန်ရေးနဲ့ ဆန့်ကျင်တာ မတင်တော့ပါ။

မူလအကြောင်းကို ပြန်ဆက်ရအောင်။ AA ဟာ သူ့လက်ရှိတပ်ကို ၁၀ နှစ်လောက်တည်ဆောက်ခဲ့ပါတယ်။ သူ့ဒုစစ်ဦးစီးက ဆရာဝန်ပါ။ AA ထံမှာ ဆယ်နှစ်စာ လက်နက်ဘယ်လိုဝယ်လဲ ပို့ဆောင်လဲ ဝင်ငွေဘယ်လိုရအောင်လုပ်ရသလဲ အတွေ့အကြုံများစွာရှိပါတယ်။ ဒါတွေကို စာရေးသူတို့ရဲ့ဖက်ဆစ်မအလ တော်လှန်ရေးအတွက် သင်ယူရပါမယ်။

ယခင် NLD အစိုးရလက်ထက် AA ကတောင်းဆို မအလက မပေးနိုင်ဘူးပြော၊ ANP က NLD ကိုဝေဖန်နဲ့ အပေါ်ယံအလုပ်ဖြစ်ခဲ့ပါတယ်။ မအလဟာနောက်ပိုင်း AA ကိုတိုက်ဖို့ ပြည်မကတပ်ပေါင်းများစွာ သုံးခဲ့ရပါတယ်။ သူအာဏာသိမ်းချိန်မတိုင်ခင် AA ကို အပြီးတိုက်နိုင်လိမ့်မယ်လို့သူ့အောက်ခြေက ပြောစကားကို ယုံကြည်ခဲ့ပုံပါ။ ဒါပေမယ့် မနိုင်နိုင်မှန်းသိချိန်မှာ ဂျပန်ကိုယ်စားလှယ်ကို ကြားခံပြီး ယခင် AA က NCA ကတဆင့် တောင်းဆိုချိန်က မပေးခဲ့တာတွေကိုမျိုချပြီး စရဖညွှန်ချုပ် ဂျော်လကီးကိုလွှတ်ပြီး အပစ်ရပ်ခဲ့ပါတယ်။ သူ့အထင် အာဏာသိမ်းပြီးရင် ပြန်တိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပုံပါ။ ယခုအာဏာသိမ်းအပြီး ပြည်တွင်းပုန်ကန်မှုနဲ့တွေ့ချိန်မှာ AA နဲ့ ဆိုင်ထားတဲ့ တပ်အချို့ကို ပြန်နှုတ်နေရပါပြီ။ ယခင်က ပဲခူးကတပ်ရင်းကို ရခိုင်ကိုပို့နိုင်ခဲ့ပေမယ့် ယခုပဲခူးကတပ်ရင်းကလဲ ပဲခူးမှာ အလုပ်များနေပါပြီ။

ယခုအချိန်မှာ AA က အမိန့်ထုတ်တာ တရားစီရင်ရေးတွေလုပ်တာတွေကို မအလဟာ ဘာမှမလုပ်နိုင် စောဒက မတက်နိုင် မတက်ရဲဘဲ အလျှော့ပေးလိုက်ရပါပြီ။ AA နဲ့ မူဆလင်ကို ရန်တိုက်ပေးဖို့ကြိုးစားတဲ့ စရဖရဲ့အကြံကို AA နဲ့ မင်းပြားက မူဆလင်ခေါင်းဆောင်တွေသိပြီး စာထုတ်ခဲ့လို့ မအလရဲ့ စရဖ အရှက်ကွဲရပြန်ပါတယ်။ သူလုပ်နေကြ လူမျိုးရေး ဘာသာရေးသွေးခွဲတာက ဒီအချိန်မှာ မအောင်မြင်ခဲ့ပါ။ ANP ပါတီကလဲ AA ကို လွန်ဆန်ပြီး လူမျိုးရေးမပြောရဲပါ။ AA ကိုရခိုင်က မူဆလင်ကတောင် လုံခြုံရေးအတွက် အားကိုးပြီး ခေါ်ရတာက သူ့တပ်ရဲ့ ဂုဏ်ကို ပြသွားပါတယ်။ ယခုမအလက AA အမာခံတွေ လက်နက်တွေကို စစ်တွေမြို့ပေါ်မှာ ဝင်ရှာဖို့ ကိုဗစ်အကြောင်းပြ ဧည့်စာရင်းစစ်ဖို့ လုပ်လာပါပြီ။ အမှန်က ကိုဗစ်နဲ့ ဧည့်စာရင်းက ဘာမှမဆိုင်ပါ။လက်ရှိဗျူဟာက မြို့ပေါ်က AA နဲ့ လက်နက်ကို ရှာသိမ်းဖို့ပါ။ စစ်တွေပြီးရင် မင်းပြား၊ မြောက်ဦးဆက်လုပ်မှာပါ။ မေးခွန်းက AA က အစစ်ခံပြီး ရှောင်သွားမလား ပြန်ချမလားဆိုတာပါ။ မအလရူးချင်ယောင်ဆောင် နောက်ဆုတ်ပေးတာလဲ ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ AA အနေနဲ့လဲ မိမိတို့အသာရဖို့ ပြင်ဆင်ထားသင့်ပါတယ်။ အကောင်းဆုံးလုပ်နိုင်တာက ပလက်ဝနဲ့ မင်းတပ်၊ ကျောက်ထုက PDF တွေကို လက်နက်နဲ့ နည်းပညာ ဖြန့်ဝေပေးဖို့ပါ။ယခင်က မအလတပ်ဟာ ပလက်ဝအထိ ခုခံမှုမရှိ တက်နိုင်ခဲ့ပါတယ်။ အကယ်၍ မင်းတပ်၊ကျောက်ထု၊ ပလက်ဝက PDF တွေ ယခုထက် လက်နက်ကောင်းခဲ့ရင် ဖက်ဆစ်တပ်ဟာ မင်းတပ်ကျော်ဖို့တောင် ခက်မှာပါ။

AA အနေနဲ့ မအလကိုအန်တုပြီး လွတ်မြောက်နယ်မြေတွေ ထူထောင်နိုင်တာ ကြိုဆိုပါတယ်။ မအလဟာ ယခုအချိန်မှာတော့ AA ကို ဖင်ခံပေါင်းမှာပါ။ AA အနေနဲ့ အရှည်ကြည့်ပြီး PDF တွေကိုလက်နက်အချို့ ထောက်ပံ့ထားနိုင်ရင် အကျိုးများပြီး မအလရဲ့ထိုးစစ်ကို ကာကွယ်နိုင်မယ်လို့ပြောပါရစေ။ စစ်တွေမှာ ဧည့်စာရင်းစစ်တာက AA အမာခံနဲ့ လက်နက်ကို ရှာဖို့ပါ။ စစ်တွေမှာ ဘာPDF မှ မရှိနေပါ။ စစ်တွေမှာ ဧည့်စာရင်းအစစ်ခံ မခံကတော့ AA ကသာ ဆုံးဖြတ်ရမှာပါ။

News Credit: RFA

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 10, 2021

ဦးမြတ်!!!ပြည်တွင်းမှာ လူကြီး လူရွယ် လူငယ်မှန်သမျှ ရသည့်နည်းဖြင့် အရှုံးမပေးကြောင်း ပြသနေကြပြီမို့ လူကြီးတွေ မလေးစားတော့ပါ။ ဒါ့အပြင် အသက် ၁၀ ဂဏန်းဝန်းကျင် ကလေးငယ်များကအစ လက်သုံးချောင်းထောင်သည့် သင်္ကေတအကြောင်း ကောင်းကောင်းသိ၍ လက်သုံးချောင်းထောင်သည့် ကလေးငယ်များ၏ ပုံရိပ်များ ကွန်ယက်စာမျက်နှာမှာ မြင်တွေ့လွယ်ပါသည်။

မြေးအရွယ် ကလေးငယ်များကပင် ပမာမခန့် ဆန္ဒ ထုတ်ဖော်ပြနေပါသည်။ စကစ အဖြစ်သည်

~လူ မလေး

~ကလေး မခန့် အဖြစ်ရောက်ရှိလာပါပြီ။

အေအေသည်လည်း စကစအား{ ဘုန်းတော်ကြီးကျောင်းနေ} မောင်ကျောင်းသားက ပုဆိုး × ×သည့် အဖြစ်သို့ ရောက်သွားသည့်အဆင့် ဖြစ်သွားပါသည်။

အရက်၏ ပင်ကိုယ်သတ္တိသည် မူးယစ်စေတတ်ပါသည်။ သို့သော် ရေ ရောပါက (ရေရောမှု ပမာဏ အပေါ် မူတည်၍) အရက်၏ ပင်ကိုယ်အစွမ်း လျော့ကျပါ၏။

သို့သော် ရေ မှာ အရက်နှင့်အရောခံရသော်(ရေပင်ကိုယ်သတ္တိမှာ မမူးယစ်သော်လည်း) မူးယစ်ခြင်းကို ပေးစွမ်းပါသည်။

အရက် နှင့် ရေ ဂုဏ်သတ္တိချင်း ထူးမခြားနား တူညီသွားကြပါသည်။

ရေ နှင့် အရက် ရောနှောမိသည့်အတွက်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page