top of page
Search

ယုံလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 13, 2021
  • 1 min read

ဖက်ဆစ်မအလဟာ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ တရားဝင်ပြောထားသူပါ။ အာဏာမက်လွန်းလို့ ကိုဗစ်ကာလမှာ အာဏာသိမ်းထားတာပါ။

ယခုပေါက်ကွဲမှုဖြစ်တယ်။ သူ့အုပ်ကြီးတွေသေတယ်။ ဖက်ဆစ်တပ်က ဖောက်တာ ရှို့တာတွေဆိုသူတို့သိတယ်။ မတုန်လှုပ်ဘူး။ ဒါပေမယ့် သူတို့မခိုင်းထားတဲ့လူအချို့သေရင်တော့ သူတို့ရဲ့ထောက်လှမ်း​ရေးက ဘာမှမသိပါ။ အဲ့ဒီအချိန်မှာ ပြစ်မှုကျူးလွန်သူကိုဖမ်းပေးဖို့ အထက် ဖိအားက အင်မတန်များပါတယ်။ ထိုအချိန်မှာ ဖက်ဆစ်စရဖနဲ့ သတင်းတပ်ဖွဲ့လုပ်တာက ဒေသတွင်းNLD အမတ်တွေ၊ ဆန္ဒပြသူတွေကိုဖမ်းပြီး သူတို့ဆီမှာရှိတဲ့ လက်နက်တွေနဲ့ ဓာတ်ပုံရိုက်ပြီးအထက်ကိုတင်ပြတာပါ။ တကယ်လုပ်သူကိုမမိလို့ ထွေအုပ်တွေက ဆက်သေမှာပါ။

ဒီအချိန်မှာ စာရေးသူယခင်ကရေးခဲ့သလိုဘဲ ရုရှားထံက အကြံရပြီး ကျောင်းတွေကို ဗုံးဖောက်ဖို့မအလက စရဖကိုညွှန်ကြားလို့ ကျောင်းတွေမှာ ဗုံးစဖောက်လာတာပါ။ ဒါကို အာဆီယံနဲ့ ကုလကသူ့အကွက်ထဲမဝင်လို့ အလွန်ဒေါသထွက်နေပါတယ်။

မနေ့ကသတင်းစာရှင်းလင်းပွဲမတိုင်ခင် ရွှေတိဂုံဘုရားနား ဗုံးဖောက်တာက ဖက်ဆစ်မအလဟာမိမိအာဏာအတွက် အဝီစိအထိ မိုက်မယ်ဆိုတာကို ပြသွားတာပါ။

ဒီနေရာမှာ ဇော်မဲလုံးပြောတာကို ယုံလိုသူများကို ပြောလိုပါတယ်။

ပထမ ကချင်၊ ကရင်နဲ့ ရှမ်းမှာ ရွာတွေမီးလောင်ရင်၊ မုဒိမ်းမှုဖြစ်ရင် ရွာထဲပစ္စည်းအခိုးခံရတာဖြစ်ရင် ဖက်ဆစ်တပ်က သူလုပ်တာမဟုတ် သူပုန်လုပ်တာပြောလေ့ရှိပါတယ်။

ရိုဟင်ဂျာကိုလဲ သွားလုပ်ပြီး သူလုပ်တာမဟုတ်ဘူး သူတို့ဖာသာလုပ်တာလို့ ဖက်ဆစ်တပ်ကပြောပါတယ်။ အဲ့ဒီအချိန်က ရခိုင်နဲ့ စာရေးသူတို့တွေက ယုံပေးလိုက်ပါတယ်။

နောက် ရိုဟင်ဂျာကိုလုပ်သလို ရခိုင်ရွာတွေကိုလုပ်ပါတယ်။ ရခိုင်တွေက အော်လာပြီး ရိုဟင်ဂျာတွေကိုလုပ်တာဖြစ်နိုင်တယ်ဆိုတာ လက်ခံလာပါတယ်။ စာရေးသူတို့က မယုံသေးပါ။

ဒါပေမယ့် ယခုအချိန်မှာ ဖက်ဆစ်တပ်က ရိုနဲ့ ရခိုင်မှာလုပ်သလို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊မကွေးမှာ လူသတ်၊ မီးရှို့၊ ဓားမြတိုက်၊ ဗုံးခွဲ၊ မုဒိမ်းမှုကျူးလွန်တာတွေ လုပ်ပြလိုက်ပါတယ်။ ဒါနဲ့တင် အားမရဘဲ ဒီမိုတွေကို သိက္ခာချဖို့ ကျောင်းနဲ့ ဘုရားကိုပါ ဗုံးဖောက်လာတာပါ။

စာရေးသူတို့ မျက်စိရှေ့မှာ ဖက်ဆစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာ အကြမ်းဖက်မှုကျူးလွန်တာကို အားလုံးမြင်ပြီးလို့ ဇော်မဲလုံးပြောတာကို ဆက်ယုံကြည်ခဲ့ရင် သင်ဟာ Gen Lee (သို့) အဓမ္မဝါဒီသာ ဖြစ်မှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 commentaire


Myint Soe Oo
Myint Soe Oo
13 juin 2021

ဦးမြတ်!!! သူတစ်ပါး စားမယ့်၊ စားဆဲ ထမင်းလုတ် ပုတ်ချသူကို လူ ဟူ၍ ခေါ်ဆိုနိုင်မည်လား???

~ကယားမှာ စစ်ရှောင်များအတွက် လှုဒါန်းသော ရိက္ခာ နှင့် ဆေးများ၊ ဝန်ဆောင်မှု ကားတို့ကို မီးရှို့ဖျက်ဆီးတာ ကယားလူမျိုးတွေမလုပ်သလို လှူဒါန်းသူ ပြည်သူတွေကလည်း မလုပ်ပါ။ဘယ်သူလုပ်သလဲ။ ရှင်းပါသည်။

~ချင်းမှာ ကော်ဖီစက်ရုံကို မီးရှို့သည်။ ချင်းလူမျိုးတွေအနေနဲ့ ထမင်းကျွေးနေတဲ့ ကော်ဖီစက်ရုံကို မီးရှို့ပါမည်လား။ ဘာသာခြားပေမယ့်ကျေးဇူးတရား သိတတ်သူများမို့မလုပ်ပါ။

မည်သည့်ဘာသာ မဆို ငြိမ်းချမ်းမှုနှင့် ယှဥ်တွဲသော ချမ်းသာပျော်ရွှင်မှုကို အထူး အလေးဂရုပြုကြပါသည်။ ယခုဖြစ်ရပ်များသည် ဘာသာပေါင်းစုံရဲ့ ဆန့်ကျင်ဖက်ဖြစ်သွားပါပြီ။ သို့ပါ၍ ထုံးစံ သီးချင်းနှစ်ပုဒ် ခေါင်းစည်းဖြင့် တင်ပြအဆုံးသတ်ပါမည်။

A man against the world (Survivor)

ထိုသီချင်းအား မြန်မာမှုပြုပြီး မျိုးကြီးပြန်ဆိုသည့် တေးခေါင်းစည်းက **အဆိပ်ခွက်**။


J'aime
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page