ပြည်သူတွေစောင့်ကြည့်နေတဲ့ ကင်မရာရှေ့မှာ ပြည်သူကတင်မြှောက်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရှေ့မှာ ပြည်သူကမတင်ထားတဲ့ လူက ငါးစိမ်းသည်လို အော်ဟစ်နေတယ်ဆိုရင်သာမန်နယ်မှာ စစ်မြေပြင်မှာ ဘာတွေလုပ်မလဲ ဘာတွေဖြစ်မလဲ ပြည်သူတွေက တိုင်းရင်းသားတွေကပြန်ပြီးမေးခွန်းထုတ်လာနိုင်ပါတယ်။
နာမည်က အောင်ဆန်းချစ်ဆိုလို့သာ၊ အောင်ဆန်းမုန်းဆိုရင် မလွယ်။
အော်သူကတော့ ဗိုလ်ချုပ်တင့်ဆွေဝင်း တပ်ထဲမှာ စားဖားလို့ခေါ်တယ်လို့ သိရပါတယ်။
အချို့လူတွေက လက်နက်ရှိလို့ အသံကျယ်နေတာပါ။
Comments