top of page
Search

5G နှင့် ကိုဗစ်မှပြောသော အမျိုးသားအကျိုးစီးပွါး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 4, 2020
  • 1 min read

ဖုန်းမှာ 5G က နောက်ဆုံးပေါ်ပါ။ ပိုမြန်တာပေါ့။ စာရေးသူတို့အင်တာနက် ကမ္ဘာမှာက 2G ပြီးတော့ 3G၊ပြီးတော့ 4G ဖြည်းဖြည်းချင်း ဖုန်းတွေကနေ အင်တာနက်တက်လို့ရတာ မြန်လာတာပါ။ Samsung နဲ့iphone ကိုင်သူဆို သိသာပါတယ်။ ဒါနဲ့ 5G ပေါ်လာပါတယ်။ သူက 4G ထက် အဆ ၅၀ လောက် ပိုမြန်လာတာပေါ့။ ဒါကို အမေရိကန်နဲ့ မိတ်ဆွေနိုင်ငံတွေမှာ တတ်ဖို့လုပ်ပါတယ်။ ဒါပေမယ့် တတ်နိုင်တဲ့နည်းပညာက တရုတ်ပြည်က Huawei ကုမ္ပဏီကပါ။ အမေရိကန်က တရုတ်နိုင်ငံက သူ့ရဲ့နည်းပညာကိုသုံးပြီး ကြားဖြတ်နားထောင်မှာကို ကြောက်ပါတယ်။ အမေရိကန်နဲ့ သူ့မဟာမိတ် အဖွဲ့ Five Eyes က လူများနိုင်ငံတွေကို ကြားဖြတ်နားထောင်နေကြမိုလို့ သူ့ကို ပြန်နားထောင်မှာကြောက်ပါတယ်။ Five Eyes Intelligent အဖွဲ့မှာ အမေရိကန်၊ အင်္ဂလိပ်၊ ကနေဒါ၊ ဩဇီနဲ့ နယူးဇီလန်တို့ပါပါတယ်။ အမေရိကန်က သူ့ဘော်ဒါတွေကို တရုတ်ပစ္စည်းကို 5G ကွန်ရက်ဆောက်ရာမှာမသုံးဖို့ ဖိအားပေးခဲ့ပါတယ်။ အားလုံးကအမေရိကန်ဖိအားကို သဘောတူခဲ့ပေမယ့် အင်္ဂလိပ်ကတော့ သူ့တိုင်းပြည်တိုးတက်ဖို့အတွက် လိုအပ်တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။ သူ့အမျိုးသား အကျိုးစီးပွါးပေါ့။ သူကကိုဗစ်ဖြစ်ချိန်မှာ လူတိုင်းအင်တာနက်လိုလို့ သူ့ဗျူဟာက မှန်သွားခဲ့ပါတယ်။


ထို့အတူပါဘဲ လက်တင်အမေရိကနိုင်ငံတွေကို ကျူးဘားကနေ ဆရာဝန်တွေ လွှတ်ပေးလေ့ရှိပါတယ်။သူတို့က နယ်တွေမှာဆေးကုပြီး သူတို့လခကို ကျူးဘားပြန်ပို့ပါတယ်။ အမေရိကန်က အဆိုပါနိုင်ငံတွေကို ကျူးဘားဆရာဝန်မခေါ်ဘို့ ဖိအားပေးပါတယ်။ အချို့က ကျူးဘားဆရာဝန်တွေကို ၂၀၁၈လောက်မှာ ပြန်လွှတ်ခဲ့ပါတယ်။ ဘရာဇီးနဲ့ အီကွေဒေါကပြန်လွှတ်ခဲ့ပါတယ်။ သူတို့မှာ အစားထိုးစရာဆရာဝန်မရှိခဲ့ပါ။ ဒါပေမယ့် အမေရိကန်က အဆိုပါနိုင်ငံတွေကို ဆရာဝန်မလွှတ်နိုင်ခဲ့ပါ။ ယခုကိုဗစ်ဖြစ်တော့ အဆိုပါလက်တင်အမေရိကနိုင်ငံတွေမှာ ဆရာဝန်မရှိ၊ အမေရိကန်ကလဲ ငွေသာကယ်နိုင် လူမကယ်နိုင်လို့ သေကြပါတယ်။


ဒီဖြစ်ရပ်နှစ်ခုက ဘာကိုပြလဲဆိုတော့ နိုင်ငံကြီးတွေအနေနဲ့က ဖိအားပေးကြမှာပါ။ စာရေးသူတို့ပြည်သူအနေနဲ့လဲ လူတိုင်းကိုမုန်း နိုင်ငံခြားသားအားလုံးကို မုန်းနေရုံနဲ့ အလုပ်မဖြစ်ပါ။ ဒီလိုပြောပေမယ့်စာရေးသူအနေနဲ့ အသက်ကြီးသူ လူအများစုရဲ့ ပညာရေးက ဖြစ်လာတဲ့ နိုင်ငံခြားသားမုန်းဝါဒကို ပြင်လို့ရမည်မထင်ပါ။ ယခုမူလတန်းက စတက်လာမယ့် ကလေးတွေကိုသာ မျှော်လင့်နိုင်မှာပါ။


အဘတို့က ဘင်္ဂါလီမုန်းလိုက် တရုတ်ဆန့်ကျင်လိုက် အမေရိကန်ဆန့်ကျင်လိုက်နဲ့ ဘာမှအဆင်မပြေပါ။ နိုင်ငံကြီးတွေကို ချဉ်းကပ်ရာမှာ မိမိအကျိုးစီးပွါးအပေါ် အခြေခံပြီး လူ့အခွင့်အရေးနဲ့အညီဆက်ဆံတဲ့ ယခုအစိုးရရဲ့ မူဝါဒကသာ အကောင်းဆုံးပါလို့ ပြောပါရစေ။ အချို့ကိစ္စတွေက ပါးစပ်ကတစ်လက်မမှ အထိမခံဘူးပြောပြီး တိုင်းပြည်ထဲ ပိုက်လိုင်းဖြတ်တာပါခံရတတ်ပါတယ်။


News Source: NY Times, Reuters, Washington Post

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


naynanmyint629395
naynanmyint629395
Jun 05, 2020

ဘွားဘွားစု ယောကျာ်း က


" ကုလား " ဆို အဲ့ဒါ India လား


မေးတဲ့ KG တန်းက. ကလေး များ


လဲ ရှိနေပါသေးတယ်


သူမရဲ့ အမျိုးသား ကမြနိမာ

မဟုတ်လို့ တိုင်းပြည် ပေါ် သစ္စာ

ရှိမှာ မဟုတ်ကြောင်း ၊ တနေ့မှာ

သူ့မရဲ့သား ကုလား ကို မင်း လုပ်

ခိုင်းးမှာ ဖြစ်ကြောင်း ၊ အကုန် မူစလင်ဖြစ်ကုန်မှဖြစ်ကြောင်း မဟုတ်

တမ်းတရားများ သင်ကြပါတယ် ။

ကေ ျာင်း ကတဆင့် အမှန်သိသွားလို့လေးများ ကပြန်ပြောကြရင်လဲ ကုလားမိန်းမ က မင်းတို့ကို

ထမင်း​စားဖို့ပိုက်ဆံပေးတာမဟုတ်

ကြောင်း ပြောကြပါတယ်


ဘယ်လိုလဲ ဆရာ

Like

naynanmyint629395
naynanmyint629395
Jun 05, 2020

{ အချို့ကိစ္စတွေက ပါးစပ်ကတစ်လက်မမှ အထိမခံဘူးပြောပြီး တိုင်းပြည်ထဲ ပိုက်လိုင်းဖြတ်တာပါခံရတတ်ပါတယ်။ }


မှန်ပါတယ်

ကိုယ့် ပစ္စည်း တောင်ပြန်ဝယ်မရတာဖြစ်အောင် အဘ တို့က တိုင်း

ပြည်အတွက် မစဥ်းစားခဲ့ပါဘူး

အဘတို့ဘဏ်စာရင်း ကိုသာ တိုးတက်စေခဲ့ပါတယ်


[အသက်ကြီးသူ လူအများစုရဲ့

ပညာရေးက ဖြစ်လာတဲ့ နိုင်ငံခြားသားမုန်းဝါဒကို ပြင်လို့ရမည်မထင်ပါ။ ယခုမူလတန်းက စတက်လာမယ့် ကလေးတွေကိုသာ မျှော်လင့်နိုင်မှာပါ။]


လက်ကျန် အဘအုပ်စုဝင်မျိုးဆက်များ နဲ့အဘအိမ်

စော​င့်အရိုးကိုက် များက

တော့ သူရို့ မျိုးဆက်များ ကို

ပါ သူရို့ရဲ့ မကောင်းတဲ့စိတ်

ထားများကို လက်ဆင့်ကမ်း

ကြပါတယ် ။ အနည်းငယ်သော

သူတို့မျိုးဆက်ကလေးများကသာ

NLDခေါင်ဆောင်းရဲ့ ကိုယ်ရေးကိစ္စ ဟာ သူမရဲ့ တ်ိုင်းပြည်ကို ဦဆောင်နေတဲ့ အရည်အချင်း ကို

အသိအမှတ်ပြု လက်ခံ နားလည်

ကြပါတယ် ။


ဘွားဘွားစု ယောကျာ်း က

" ကုလား " ဆို အဲ့ဒါ India လား

မေးတဲ့ KG တန်းက. ကလေး များ

လဲ နေပါသေးတယ်


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page