top of page
Search

ၾကက္တူေရြးကေတာ္ေတာ္

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 15, 2019
  • 1 min read


ဘေရႊသားသမက္ေသတယ္။DASSK ကဝမ္းနည္းေၾကာင္းသဝဏ္လႊာပို႔တယ္။ဒါကိုဘေရႊေျမးကFacebook ေပၚတင္တယ္။သူကDASSK စာကိုဂုဏ္ယူလို႔တင္တာ။ဘာဘဲျဖစ္ျဖစ္သူတို႔ခ်င္းအဆင္ေျပရင္ေကာင္းပါတယ္။ဒါေပမယ့္ရဲဖြတ္ကစဖြပါတယ္။DASSK ကလူယဥ္ေက်းအေနနဲ႔ေရးတာကိုသူကဘေရႊကိုေလးစားရတယ္ဘာညာဆိုၿပီးဖြတာပါ။

ဒါကဘာကိုသတိရေစလဲဆိုေတာ့ရင္ၾကားေစ့ေရးဟာအထက္မွာအဆင္ေျပရင္ေတာင္ေအာက္ကအဆင္မေျပတာေတြ႕ရပါတယ္။ရဲဖြတ္လိုလူေတြဟာတပ္အျပင္မွာေရာတပ္အတြင္းမွာပါရွိေနတာကိုေတြ႕ရပါတယ္။ဒီမိုအထဲမွာလဲအခ်ိဳ႕ကရင္ၾကားေစ့ႏိုင္ေပမယ့္အခ်ိဳ႕ကအေတာ္ဆိုးပါတယ္။

ယခင္သမိုင္းဝင္ေသာညဆိုၿပီးဘေရႊေျမးကတင္ခ်ိန္မွာခင္ၫြန္႔ရဲ႕ေထာက္လွမ္းေရးေဟာင္းေတြက႐ႈံ႕ခ်ၿပီးဂ်ပုကိုပြဲထုတ္လာသလိုမဘသကိုလဲပြဲထုတ္လာခဲ့ပါတယ္။အထက္ပိုင္းကဘေရႊတို႔ကေတာ့အထုတ္အပိုးနဲ႔ရၿပီးသားမိုလို႔ရပ္လိုက္ခ်ိန္မွာအဆင္ေျပပါတယ္။ျပႆနာကစားေနတုန္းအရပ္ခံလိုက္ရတဲ့ဘစိန္နဲ႔သူ၏သားမ်ား၊ေနာက္ၿပီးတပ္ထဲကငါတို႔ႀကီးရင္ေရွ႕ကလူေတြလိုဝါးမယ္ဆိုၿပီးေစာင့္ေနသူေတြကအခဲမေက်နဲ႔ျပႆနာရွာၿပီးအာဏာသိမ္းလိုက္ရမလားျဖစ္ေနတာပါ။

ဒါကဖြတ္နဲ႔တပ္ဖက္ကပါ။

ဒီမိုဘက္မွာလဲDASSK ကေက်ေအးသလိုကြီးၿဖိဳး၊ေဒါက္ေဇာ္၊ေဒါက္ညိဳ၊ေဒါက္ႏိုင္တို႔၊ေဒၚနန္းခင္ေထြးျမင့္တို႔လိုေထာင္ထဲမွာႏွစ္ေပါင္းမ်ားစြာေနလာခဲ့သူမ်ားကရင္ၾကားေစ့ႏိုင္ပါတယ္။ဒါေပမယ့္အျခားသူမ်ားျပည္ပေနသူအခ်ိဳ႕ကအခဲမေက်ႏိုင္ပါ။ေနာက္အခ်ိဳ႕လက္ဝဲေက်ာင္းသားနဲ႔ျပည္တြင္းျပည္ပသတင္းသမားအခ်ိဳ႕ကလဲတိုင္းျပည္အဆင္ေျပမွာစိုးရိမ္ပံုပါ။ခ႐ိုနီအခ်ိဳ႕ကလဲဂြင္ေပ်ာက္မွာစိုးရိမ္ပံုပါ။

တိုင္းျပည္မွာစိန္ေခၚမႈေတြကမ်ားပါတယ္။တိုင္းျပည္မွာDASSK လိုျပည္သူခ်စ္တယ့္charismatic ျဖစ္တဲ့ေခါင္းေဆာင္ရွိခ်ိန္မွာတပ္ကသူမေနာက္လိုက္ၿပီးလက္ရွိတိုင္းရင္းသားျပႆနာကိုေျဖရွင္းမွေရရွည္မွာအဆင္ေျပပါမယ္။ျမန္မာျပည္မွာစင္ကာပူလိုျဖစ္ဖို႔လီကြမ္းယူလိုေခါင္းေဆာင္ျဖစ္တယ့္ေဒၚေအာင္ဆန္းစုၾကည္ရွိၿပီးသားပါ။လိုေနတာကစင္ကာပူလိုအစိုးရေနာက္ေနမယ့္တပ္၊ရဲနဲ႔ဥပေဒသာပါ။

Unicode version

ကြက်တူရွေးကတော်တော်

ဘရွှေသားသမက်သေတယ်။DASSK ကဝမ်းနည်းကြောင်းသဝဏ်လွှာပို့တယ်။ဒါကိုဘရွှေမြေးကFacebook ပေါ်တင်တယ်။သူကDASSK စာကိုဂုဏ်ယူလို့တင်တာ။ဘာဘဲဖြစ်ဖြစ်သူတို့ချင်းအဆင်ပြေရင်ကောင်းပါတယ်။ဒါပေမယ့်ရဲဖွတ်ကစဖွပါတယ်။DASSK ကလူယဉ်ကျေးအနေနဲ့ရေးတာကိုသူကဘရွှေကိုလေးစားရတယ်ဘာညာဆိုပြီးဖွတာပါ။

ဒါကဘာကိုသတိရစေလဲဆိုတော့ရင်ကြားစေ့ရေးဟာအထက်မှာအဆင်ပြေရင်တောင်အောက်ကအဆင်မပြေတာတွေ့ရပါတယ်။ရဲဖွတ်လိုလူတွေဟာတပ်အပြင်မှာရောတပ်အတွင်းမှာပါရှိနေတာကိုတွေ့ရပါတယ်။ဒီမိုအထဲမှာလဲအချို့ကရင်ကြားစေ့နိုင်ပေမယ့်အချို့ကအတော်ဆိုးပါတယ်။

ယခင်သမိုင်းဝင်သောညဆိုပြီးဘရွှေမြေးကတင်ချိန်မှာခင်ညွန့်ရဲ့ထောက်လှမ်းရေးဟောင်းတွေကရှုံ့ချပြီးဂျပုကိုပွဲထုတ်လာသလိုမဘသကိုလဲပွဲထုတ်လာခဲ့ပါတယ်။အထက်ပိုင်းကဘရွှေတို့ကတော့အထုတ်အပိုးနဲ့ရပြီးသားမိုလို့ရပ်လိုက်ချိန်မှာအဆင်ပြေပါတယ်။ပြဿနာကစားနေတုန်းအရပ်ခံလိုက်ရတဲ့ဘစိန်နဲ့သူ၏သားများ၊နောက်ပြီးတပ်ထဲကငါတို့ကြီးရင်ရှေ့ကလူတွေလိုဝါးမယ်ဆိုပြီးစောင့်နေသူတွေကအခဲမကျေနဲ့ပြဿနာရှာပြီးအာဏာသိမ်းလိုက်ရမလားဖြစ်နေတာပါ။

ဒါကဖွတ်နဲ့တပ်ဖက်ကပါ။

ဒီမိုဘက်မှာလဲDASSK ကကျေအေးသလိုကွီးဖြိုး၊ဒေါက်ဇော်၊ဒေါက်ညို၊ဒေါက်နိုင်တို့၊ဒေါ်နန်းခင်ထွေးမြင့်တို့လိုထောင်ထဲမှာနှစ်ပေါင်းများစွာနေလာခဲ့သူများကရင်ကြားစေ့နိုင်ပါတယ်။ဒါပေမယ့်အခြားသူများပြည်ပနေသူအချို့ကအခဲမကျေနိုင်ပါ။နောက်အချို့လက်ဝဲကျောင်းသားနဲ့ပြည်တွင်းပြည်ပသတင်းသမားအချို့ကလဲတိုင်းပြည်အဆင်ပြေမှာစိုးရိမ်ပုံပါ။ခရိုနီအချို့ကလဲဂွင်ပျောက်မှာစိုးရိမ်ပုံပါ။

တိုင်းပြည်မှာစိန်ခေါ်မှုတွေကများပါတယ်။တိုင်းပြည်မှာDASSK လိုပြည်သူချစ်တယ့်charismatic ဖြစ်တဲ့ခေါင်းဆောင်ရှိချိန်မှာတပ်ကသူမနောက်လိုက်ပြီးလက်ရှိတိုင်းရင်းသားပြဿနာကိုဖြေရှင်းမှရေရှည်မှာအဆင်ပြေပါမယ်။မြန်မာပြည်မှာစင်ကာပူလိုဖြစ်ဖို့လီကွမ်းယူလိုခေါင်းဆောင်ဖြစ်တယ့်ဒေါ်အောင်ဆန်းစုကြည်ရှိပြီးသားပါ။လိုနေတာကစင်ကာပူလိုအစိုးရနောက်နေမယ့်တပ်၊ရဲနဲ့ဥပဒေသာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page