top of page
Search

၈၈ လိုပြီးသွားမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 9, 2022
  • 1 min read



ဒီမေးခွန်းက လူအများ အသိချင်ဆုံးလို့ထင်ပါတယ်။  အချို့ကလဲ ကျွန်တော်တို့ ဘယ်တော့နိုင်မှာလဲ အချို့ကလဲ မအလတပ်က နိုင်သွားမှာလားဆိုပြီး မေးကြသူတွေရှိပါတယ်။ စာရေးသူကနိုင်ငံရေးသမားမဟုတ်ပါ။ NLD ပါတီဝင်လဲ မဟုတ်ပါ။ NUG အဖွဲ့ဝင်လဲ မဟုတ်ပါ။ ယခု ၈၈နှစ်ပတ်လည်မှာ ဒီမေးခွန်းကို သုံးသပ်ဖို့ အချိန်ရောက်လို့ ရေးလိုက်ပါတယ်။ အစိုးရတစ်ရပ်ဟာတိုင်းပြည်ကိုထိန်းနိုင်ဖို့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အကုန်ထိန်းနိုင်ရပါမယ်။ မအလက နိုင်နေပြီလား လေ့လာကြည့်ရအောင်။

စစ်ရေး

၁၉၈၈ မအလတပ်နဲ့ ယခုတပ်အနေအထား မတူတော့ပါ။ ၁၉၈၈ မှာ မအလက ရှမ်း၊ ကရင်၊ကချင်နယ်သာ စစ်မျက်နှာရှိခဲ့ပါတယ်။ ယခုအချိန်မှာ ဗမာနယ်အားလုံး၊ ကရင်နီ(ကယား)၊ ကရင်၊ချင်း၊ ရခိုင် တစ်တိုင်းပြည်လုံး စစ်မျက်နှာ ဖွင့်ထားရတာပါ။ သူက ဒီမိုရွာတွေကို မီးရှို့နိုင်ပေမယ့်သူ့ထွေအုပ်တွေ၊ သူ့ဝန်ထမ်းတွေ နေ့တိုင်းအသတ်ခံနေရပါတယ်။ စာရေးသူအနေနဲ့ PDF က ဘယ်နေ့မှာ ဘယ်မြို့သိမ်းမယ်လို့ အာမ မခံနိုင်ပေမယ့် ရှေ့လာမယ့်လတွေမှာ မအလတပ်တွေ၊ သူ့အောက်က ဝန်ထမ်းတွေ ပိုသေမယ်ဆိုတာကိုတော့ လောင်းကြေးထပ်ရဲပါတယ်။ နောက် ခြောက်လမှာ ပြီးခဲ့တဲ့ခြောက်လထက် မအလတပ်နဲ့ သူ့လက်အောက်ကဝန်ထမ်းတွေ ပိုမသေရင် ကြိုက်သလိုလာပြောပါ။ ဘာလို့လဲဆိုတော့ PDF က ရှေ့လျှောက်အင်အား ပိုကြီးလာမှာမိုလို့ပါ။ ဒါ့အပြင် စစ်ရေးရဲ့အခြေခံ နိုင်ငံရေးကို မအလက မဖြေရှင်းနိုင်လို့ ပိုဆိုးဖို့သာ ရှိပါတယ်။

နိုင်ငံရေး

၈၈ မှာ NLD က ရွေးကောက်ပွဲဝင်ခဲ့လို့ ကျောင်းသားတပ်က ဇဝေဇဝါဖြစ်သွားခဲ့တာပါ။ နောက်DASSK အဖမ်းခံရချိန် NLD ထဲက တပ်ထွက်တွေက ညောင်နှစ်ပင်တက်သလို ယောင်ခဲ့လို့နိုင်ငံရေးဟာကွက်ဖြစ်သွားခဲ့တာပါ။ ယခုက NLD ကို အပြင်ကနေ ဦးဆောင်မှုပေးထားနိုင်ပြီးPDF ကလဲ ရှိနေလို့ အထဲက NLD လဲ ပြည်သူ့သဘောထား ဆန့်ကျင်လို့ မရတော့ပါ။ မအလကNLD ရုံးတွေကိုပိတ်ထားလို့ သူ့နိုင်ငံရေးထွက်ပေါက်လဲ ပိတ်သွားခဲ့ပါပြီ။ ဒီထက်ဆိုးတာက ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးခြင်းဖြင့် နိုင်ငံရေးထွက်ပေါက် လုံးဝပိတ်သွားရုံမျှမကလူငယ်အများစုကို တော်လှန်ရေး ရေချိန်မြှင့်ဖို့  ပိုတွန်းအားပေးလိုက်သလို ဖြစ်သွားခဲ့ပါပြီ။ရွေးကောက်ပွဲလုပ်လဲ ရွေးကောက်ပွဲလုပ်သူ၊ ဝင်သူ၊ လုံခြုံရေးပေးသူ ထောင်ချီသေမှာပါ။ ဘာလို့လဲဆိုတော့ မအလဟာ နိုင်ငံရေးအရ လူတွေကို ဒေါသထွက်အောင် လုပ်နေလို့ပါ။ ရွေးကောက်ပွဲမလုပ်လဲ အာဏာသိမ်းလို့ တရားဝင်တိုက်တာခံရမှာပါ။ ဒါကြောင့် နိုင်ငံရေးဟာ ၈၈ ကလို လုပ်ချင်တာလုပ်လို့ရမှာမဟုတ်ဘဲ PDF/NUG မျက်နှာ ကြည့်နေရမှာပါ။ ဒါတောင် လက်ရှိဆန္ဒပြပွဲတွေCDM တွေမပါသေးပါ။

စီးပွါးရေး

၈၈ မှာ အပိတ်ကနေ အဖွင့်စျေးကွက်ကိုသွားတာဖြစ်ပြီး မအလက အပိတ်ကို ပြန်သွားနေတာပါ။တိုင်းပြည်မှာ စီးပွါးရေးကောင်းရင် ကွန်မြူနစ်အုပ်ချုပ်လဲ ငြိမ်နေတာကို တရုတ်၊ ဗီယက်နမ်ကြည့်ရင် သိနိုင်ပါတယ်။ မအလရဲ့ထူးခြားချက်က အမေရိကန်၊ ဥရောပနဲ့ အာဆီယံက ဘာမှအကြီးအကျယ်မပိတ်ဆို့ရသေးခင် သူ့စီးပွါးရေးမူဝါဒနဲ့ အဝီစိကို ထိုးဆင်းနေတာပါ။ အချို့တိုင်းပြည်တွေ စီးပွါးရေးပိတ်ဆို့တာ ၁၀ နှစ်ကျော်ခံရမှ ပြဿနာတက်တာဖြစ်ပြီး သူကတာ့အချိန်တိုအတွင်းမှာ ကုမ္ပဏီပေါင်းထောင်ကျော် ဒေဝါဒီခံရအောင် လုပ်နိုင်သူပါ။ သူ့ဒေါ်လာမူဝါဒက သူ့သားသမီးကလွဲရင် အားလုံးထိတာပါ။ ဒါက ရေတိုဆိုရင် ခရိုနီတပ်အနွယ်တွေက သီးခံနိုင်ပေမယ့် ရေရှည်ဆိုရင် သူတို့အချင်းချင်းတောင် ပြဿနာဖြစ်လာမှာပါ။ ရုရှားဟာ မအလကို စစ်ရေးအရ လက်နက်ရောင်းပြီး ထောက်ပံ့နိုင်ပေမယ့် စီးပွါးရေးအရ မကူနိုင်တာ သေချာပါတယ်။ဆန်စပါးကလဲ ရှေ့နှစ်ဆို ပြဿနာပေါ်မှာပါ။

လူမှုရေး

တိုင်းပြည်မှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေးမကောင်းရင် လူမှုရေးလဲ မကောင်းနိုင်ပါ။ သူခိုး၊ဓားမြများပြီး ကျန်းမာရေး၊ ပညာရေး နိမ့်ကျလာမှာပါ။

အကျဉ်းချုပ်ရရင် စာရေးသူတို့တိုင်းပြည်ဟာ ၁၉၈၈ ကလို စစ်တပ်က လုပ်ချင်တာလုပ်လို့ မရတော့တာ သေချာသွားခဲ့ပါပြီ။ မအလဇွတ်အုပ်ချုပ်ရင် သူ့လူတွေယခုထက်အသေများဖို့ကမြေကြီးလက်ခတ်မလွဲပါ။ စာရေးသူတို့ ဘယ်အချိန် နေပြည်တော်ရောက်မလဲဆိုရင် ပြည်သူအားလုံးညီညွတ်စွာနဲ့ NUG အောက်ကချီတက်ရင် မြန်မြန်ရောက်ပါမယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page