top of page
Search

၂၆၁ ရဲ့ထောင်ချောက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 30, 2019
  • 1 min read

ဒါစာေရးသူ ေဖေဖာ္ဝါရီက ယခင္အေကာင့္မွာ တင္ခဲ့တာေလးပါ။


"၂၆၁ ရဲ႕ေထာင္ေခ်ာက္


NLD အစိုးရတက္အၿပီးမွာ အဘႏြယ္ပညာရွင္မ်ား ေအာင္သူၿငိမ္း၊ ဇရပ္ပ်က္၊ တပ္ကဖြဲ႕တဲ့ သနဂၤဗ်ဴဟာ၊ The Voice တို႔က ရခိုင္မွာ ျပည္နယ္ဝကခကို ႏိုင္တဲ့ပါတီက မေရြးႏိုင္လို႔ ေပးေရြးသင့္တယ္ ဘာညာ ႏွပ္ေၾကာင္းေပးပါတယ္။ ေခ်ာင္းဆံုမွာကစားၾကည့္တယ္ မစိုးဘူး။ ဒါနဲ႔လဲNLD က မျပင္ဘူး။ ဒါနဲ႔ ဂ်ပုကိုယ္တိုင္ ဒါမ်ိဳးကိုျပင္လို႔ရပါတယ္ဆိုၿပီးလုပ္တယ္။ စာေရးသူယခင္က သူဘာေၾကာင့္ျပင္လိုလဲဆိုတာ ေရးၿပီးသားပါ။ ရွမ္းျပည္လႊတ္ေတာ္လို ျဖစ္ခ်င္လို႔ပါ။

၂၆၁ ကို ကြက္ျပင္ၾကည့္လိုက္ရေအာင္။ ျပည္နယ္ တိုင္းလႊတ္ေတာ္ေတြမွာ တပ္ကိုယ္စားလွယ္က ၃၀% ရွိပါတယ္။ ဒါေၾကာင့္ ၂၀% ဖြတ္ သို႔မဟုတ္ ဖြတ္ႏြယ္တိုင္းရင္းသားႏိုင္ရင္ အဆင္ေျပပါၿပီ။ ဒါဘဲ ကြက္ျပင္ရင္ ဘာျဖစ္မလဲ။ ရခိုင္ကိုၾကည့္ရေအာင္။ အေပၚယံၾကည့္ရင္ ရခိုင္တိုင္းရင္းသားဝကချဖစ္သေရာင္ရွိပါတယ္။ ဒါေပမယ့္ ဖြဲ႕စည္းပံုကိုျပန္ၾကည့္ပါ။လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပံုက ဖယ္ဒရယ္အစစ္မဟုတ္ပါ။ ျပည္နယ္အစိုးရက အခြန္မေကာက္ႏိုင္သလို စီးပြားေရးကို ဆားေလာက္သာေပးလုပ္ထားပါတယ္။ ဒါဆိုျပည္နယ္က ဗဟိုအစိုးရက မေပးႏိုင္တာဟိုဟာေတာင္းဒါေတာင္းလုပ္ပါမယ္။ ဒါဆိုဖြဲ႕စည္းပံုအက်ပ္အတည္းျဖစ္ပါမယ္။ ရခိုင္မွာ ဘဂၤါလီအေရးမ်ိဳးထပ္ျဖစ္တယ္ဆိုၾကပါစို႔။ ျပည္နယ္အစိုးရက တပ္ေခၚ စစ္အုပ္ခ်ဳပ္ေရးကို ဗဟိုအစိုးရကိုေက်ာ္လုပ္ ႏိုင္ငံျခားက ဗဟိုအစိုးရကိုဖိအားေပး။ အေတာ့္ကို ဒုကၡေရာက္ၿပီး တိုင္းျပည္ဟာ အဘကမတည္ၿငိမ္လို႔ဆိုၿပီး လႊတ္ေတာ္ကထြက္မွာမဟုတ္ေတာ့ပါ။

ရွမ္းျပည္နယ္မွာ ယခုမဲအရ အဘခန္႔သူက ဝကခ အလိုလိုျဖစ္ပါမယ္။ ေနာက္ျပည္နယ္ေတြလာပါမယ္။ ေခ်ာင္းဆံုလိုဟာမ်ိဳးေတြ၊ ကယားက ေၾကး႐ုပ္ေတြ၊ ဘာမွျပႆနာမရွိရင္ ရွာၾကံေျမႇာက္ေပးပါမယ္။

ဒါဆိုဘာလုပ္သင့္သလဲ

၂၆၁ တင္ ကြက္အျပင္မခံပါနဲ႔။ တပ္ကိုယ္စားလွယ္ေတြကို ျပည္နယ္လႊတ္ေတာ္က ထြက္ဖို႔ပါ မဲခြဲရင္တြဲတင္ပါ။ ဒါဆိုအဘဂ်ပုရဲ႕ ေစတနာကို တိုင္းရင္းသားေတြပိုသိသြားပါမယ္။

အတိုခ်ဳပ္ေျပာရရင္ေတာ့ ၂၆၁ လဲ ကြက္ျပင္တာက အဘတို႔က ဗဟိုမရရင္ ျပည္နယ္မွာခိုးခ်င္လို႔ပါ။ ေနာက္ အရန္အင္အားဗိုလ္ခ်ဳပ္ေတြမ်ားေနတာကို ေလွ်ာ့ခ်ဖို႔နဲ႔ ျပည္နယ္နဲ႔ဗဟိုအစိုးရ ျပႆနာပိုျဖစ္ေအာင္လုပ္တဲ့ မေကာင္းတဲ့အၾကံပါ။ ၂၆၁ မွာ တပ္ကိုယ္စားလွယ္ေတြျပည္နယ္တိုင္းလႊတ္ေတာ္ေတြက ထြက္ေပးႏိုင္ရင္ေတာ့ လုပ္လိုက္ပါ။ မဟုတ္ရင္ေတာ့ လူယုတ္မာရဲ႕အၾကံကို ျမင္ေအာင္ၾကည့္ပါလို႔ ေျပာထားပါရေစ။"


Unicode version


၂၆၁ ရဲ့ထောင်ချောက်


NLD အစိုးရတက်အပြီးမှာ အဘနွယ်ပညာရှင်များ အောင်သူငြိမ်း၊ ဇရပ်ပျက်၊ တပ်ကဖွဲ့တဲ့ သနင်္ဂဗျူဟာ၊ The Voice တို့က ရခိုင်မှာ ပြည်နယ်ဝကခကို နိုင်တဲ့ပါတီက မရွေးနိုင်လို့ ပေးရွေးသင့်တယ် ဘာညာ နှပ်ကြောင်းပေးပါတယ်။ ချောင်းဆုံမှာကစားကြည့်တယ် မစိုးဘူး။ ဒါနဲ့လဲNLD က မပြင်ဘူး။ ဒါနဲ့ ဂျပုကိုယ်တိုင် ဒါမျိုးကိုပြင်လို့ရပါတယ်ဆိုပြီးလုပ်တယ်။ စာရေးသူယခင်က သူဘာကြောင့်ပြင်လိုလဲဆိုတာ ရေးပြီးသားပါ။ ရှမ်းပြည်လွှတ်တော်လို ဖြစ်ချင်လို့ပါ။

၂၆၁ ကို ကွက်ပြင်ကြည့်လိုက်ရအောင်။ ပြည်နယ် တိုင်းလွှတ်တော်တွေမှာ တပ်ကိုယ်စားလှယ်က ၃၀% ရှိပါတယ်။ ဒါကြောင့် ၂၀% ဖွတ် သို့မဟုတ် ဖွတ်နွယ်တိုင်းရင်းသားနိုင်ရင် အဆင်ပြေပါပြီ။ ဒါဘဲ ကွက်ပြင်ရင် ဘာဖြစ်မလဲ။ ရခိုင်ကိုကြည့်ရအောင်။ အပေါ်ယံကြည့်ရင် ရခိုင်တိုင်းရင်းသားဝကခဖြစ်သရောင်ရှိပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံကိုပြန်ကြည့်ပါ။လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံက ဖယ်ဒရယ်အစစ်မဟုတ်ပါ။ ပြည်နယ်အစိုးရက အခွန်မကောက်နိုင်သလို စီးပွားရေးကို ဆားလောက်သာပေးလုပ်ထားပါတယ်။ ဒါဆိုပြည်နယ်က ဗဟိုအစိုးရက မပေးနိုင်တာဟိုဟာတောင်းဒါတောင်းလုပ်ပါမယ်။ ဒါဆိုဖွဲ့စည်းပုံအကျပ်အတည်းဖြစ်ပါမယ်။ ရခိုင်မှာ ဘင်္ဂါလီအရေးမျိုးထပ်ဖြစ်တယ်ဆိုကြပါစို့။ ပြည်နယ်အစိုးရက တပ်ခေါ် စစ်အုပ်ချုပ်ရေးကို ဗဟိုအစိုးရကိုကျော်လုပ် နိုင်ငံခြားက ဗဟိုအစိုးရကိုဖိအားပေး။ အတော့်ကို ဒုက္ခရောက်ပြီး တိုင်းပြည်ဟာ အဘကမတည်ငြိမ်လို့ဆိုပြီး လွှတ်တော်ကထွက်မှာမဟုတ်တော့ပါ။

ရှမ်းပြည်နယ်မှာ ယခုမဲအရ အဘခန့်သူက ဝကခ အလိုလိုဖြစ်ပါမယ်။ နောက်ပြည်နယ်တွေလာပါမယ်။ ချောင်းဆုံလိုဟာမျိုးတွေ၊ ကယားက ကြေးရုပ်တွေ၊ ဘာမှပြဿနာမရှိရင် ရှာကြံမြှောက်ပေးပါမယ်။

ဒါဆိုဘာလုပ်သင့်သလဲ

၂၆၁ တင် ကွက်အပြင်မခံပါနဲ့။ တပ်ကိုယ်စားလှယ်တွေကို ပြည်နယ်လွှတ်တော်က ထွက်ဖို့ပါ မဲခွဲရင်တွဲတင်ပါ။ ဒါဆိုအဘဂျပုရဲ့ စေတနာကို တိုင်းရင်းသားတွေပိုသိသွားပါမယ်။

အတိုချုပ်ပြောရရင်တော့ ၂၆၁ လဲ ကွက်ပြင်တာက အဘတို့က ဗဟိုမရရင် ပြည်နယ်မှာခိုးချင်လို့ပါ။ နောက် အရန်အင်အားဗိုလ်ချုပ်တွေများနေတာကို လျှော့ချဖို့နဲ့ ပြည်နယ်နဲ့ဗဟိုအစိုးရ ပြဿနာပိုဖြစ်အောင်လုပ်တဲ့ မကောင်းတဲ့အကြံပါ။ ၂၆၁ မှာ တပ်ကိုယ်စားလှယ်တွေပြည်နယ်တိုင်းလွှတ်တော်တွေက ထွက်ပေးနိုင်ရင်တော့ လုပ်လိုက်ပါ။ မဟုတ်ရင်တော့ လူယုတ်မာရဲ့အကြံကို မြင်အောင်ကြည့်ပါလို့ ပြောထားပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page