top of page
Search

၂၀၂၅ မြန်မာပြည်မှာ ဘာတွေပြောင်းလဲလာမလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 1
  • 1 min read

၂၀၂၅ မြန်မာပြည်မှာ ဘာတွေပြောင်းလဲလာမလဲ


မြန်မာပြည်မှာ မအလက၂၀၂၁မှာအာဏာသိမ်းပြီး ပြည်သူတွေက တော်လှန်ရေးတွေစခဲ့ပါတယ်။ တိုင်းပြည်က ၃နှစ်အတွင်း ၁၉၆၂လောက်ကို ပြန်ရောက်သွားရုံမက အချို့ကိစ္စတွေမှာ ၁၉၄၈လောက်အထိကို ပြန်ရောက်သွားတာတွေ့ရပါတယ်။ စီးပွားရေးမှာတော့ ဆိုရှယ်လစ်စနစ်ကိုပြန်သွားခဲ့တာတွေ့ရပါတယ်။ ဒါဆိုရင် ၂၀၂၅မှာ ဘာတွေပြောင်းလဲလာမလဲ။


နိုင်ငံရေး

မအလဟာ ယခုလက်ရှိ စစ်အစိုးရသဘော အုပ်ချုပ်နေတာကို တစ်နည်းမဟုတ်တစ်နည်း ၂၀၂၅မှာ ရပ်ပေးရပါမယ်။ တရုတ်၊ အိန္ဒိယနဲ့ယာ အခြားအာဆီယံနိုင်ငံတွေ မျှော်လင့်ချက်ကတော့ မအလဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စစ်ဘက်ကနေ အရပ်ဘက်အုပ်ချုပ်ရေးကိုပြောင်းသွားဖို့ပါ။

၂၀၂၅မှာ မအလဟာ လက်ရှိရာထူးများစွာက‌နေ သမ္မတရူးမအလ အဖြစ်ရွေးကောက်ပွဲကတဆင့် အသွင်‌ပြောင်းဖို့ စိတ်ကူးယဉ်ထားပါတယ်။ ဒါဖြစ်နိုင်ဖို့က သူတို့စစ်ရေးအရအသာစီးရမှာပါ။ လက်တွေ့မြေပြင်မှာကတော့ AA, TNLA, MNDAA တို့ KIA တို့က ဆက်မတိုက်ပဲ ရပ်သွားခဲ့ရင်တောင်မှ မဖြစ်နိုင်ပါ။

ဖြစ်နိုင်ခြေအများဆုံးက ၂၀၂၅မှာ မအလအဖမ်းခံ (သို့မဟုတ်) ထွက်ပြေးရတာပါ။ ၂၀၂၅မှာမဖြစ်ခဲ့ရင်တောင်၂၀၂၆မှာဖြစ်ဖို့သေချာနေပါပြီ။ သူအိမ်ဝယ်ပြီးပါပြီ။


စစ်ရေး

ဒီနေရာမှာ စာရေးသူအနေနဲ့ AAက အညာအဆင်းဝင်တိုက်တာ KIAကအညာဆင်း ဝင်တိုက်တာ TNLA က မန္တလေးဆင်းတိုက်တာ၊ KNU က ပဲခူးတိုက်ပေးတာတွေကို ထည့်မထွက်ထားပါဘူး။ ကိုယ့်အားကိုယ်ကိုးတဲ့ရှုထောင့်ကသာ တွက်ထားပါတယ်။ ၂၀၂၅မှာ AAက သူ့ရခိုင်ပြည်ကိုအပြီးအပိုင်သိမ်းမှာပါ။ ထို့အတူပါဘဲ KIA ကလည်း ကချင်ပြည်နယ်မြစ်ကြီးနားကို အပြီးအပိုင် သိမ်းမှာပါ။ ချင်းအဖွဲ့တွေကလည်း ၂၀၂၅မှာချင်းပြည်နယ်ကိုသိမ်းပိုက်လိုက်ဖို့များပါတယ်။ အားကောင်းလာနေတဲ့ အင်မတန်မှ ဖွဲ့စည်းပုံကျတဲ့ တကယ့်ပညာတက်တွေက စစ်ဦးစီးဖွဲ့ ဦးဆောင်နေတဲ့ မန္တလေး pdf ကလည်း စစ်ကိုင်းဘက်မှာ တပ်မဟာ စပြီး ဖွဲ့စည်းနေလို့ စစ်ကိုင်းရဲ့ခေါင်းဆောင်မှုလေဟာနယ်ကို ဖြည့်ဆည်းပေးနိုင်မှာပါ။ ထိုကနေ ထိန်းချုပ်နယ်မြေတွေကိုအများအပြားရရှိလာမှာပါ။

မန္တလေး(သို့မဟုတ်)စစ်ကိုင်းကမြို့ကြီးကို မန္တလေး pdf စခြိမ်းခြောက်လာချိန်မှာ တပ်ထဲမှာလဲ မအလကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ဖယ်ရှားရမှာပါ။ ဒါကြောင့်ဒီမိုကရေစီ ရမရက မသေချာပေမယ့် မအလကတော့ ၂၀၂၅/၂၀၂၆မှာ ဆင်းပေးရမှာပါ။


စီးပွား‌ရေး

၂၀၂၅မှာ စစ်ပွဲတွေပိုဖြစ်လာမှာမိုလို့ စီးပွားရေးက ဆက်ကျမှာပါ။ လူငယ်တွေလည်းထွက်ပြေးကြရမှာပါ။ ဒါကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေမှာအလုပ်လုပ်လိုသူမရှိ ဖြစ်လာမှာပါ။ နယ်စပ်တွေကလည်း မအလအောက်မှာမရှိလို့ နယ်စပ်ကုန်သွယ်ရေးကလည်း အကန့်အသတ်များကြီး ဆက်ရှိနေမှာပါ။ မအလက မြို့ကြီးတွေထိန်းချုပ်ထားလို့ နယ်စပ်ကလာတာတွေကိုအစပိုင်းမှာ ပိတ်နိုင်မှာဖြစ်ပေမယ့်နောက်ပိုင်းမှာ ဧရာဝတီနဲ့စစ်ကိုင်းကို PDFက ထိန်းချုပ်လာခဲ့လို့ရှိရင် သူ့ရဲ့ရိက္ခာလမ်းကြောင်းကပြန်ပြီး ပိတ်သွားမှာပါ။ ဒါကြောင့်မြို့ကြီးထဲမှာနေသူတွေက တဖြည်းဖြည်းနဲ့ မအလတပ်နဲ့အတူ ပိတ်ဆို့ခံရမှာပါ။

နိုင်ငံခြားရေး

ယခုလောလောဆယ်မှာ အာဆီယံထိုင်းကတော့ဆက်ဆံဖို့ကြိုးစားနေသေးပေမယ့် ထရမ့်တက်အပြီးမှာ တရုတ်ဖိအားက ယခင်ကလိုဆက်ပြီးပေးဖို့ ခက်သွားမှာပါ။ တရုတ်ဖိအားမှာအကန့်အသတ်တွေရှိနေပြီး ရခိုင်မှာ AAက စစ်တွေကိုသိမ်းပြီးရင်တရုတ်က ဖိအားပေးတာရပ်ကိုရပ်ရမှာပါ။ ယခုစစ်ပွဲတွေကိုကြည့်ရင်လက်နက်ကြီးလိုအပ်လို့စစ်ပွဲက ကြာနေတာသာဖြစ်ပါတယ်။ PDFတွေရဲ့ တိုက်ရည်ခိုက်ရည် စစ်နည်းဗျူဟာနဲ့လုံးဝ မဆိုင်ပါ။ မြို့တွေအများကြီးသိမ်းလာနိုင်ရင်အလှူရှင်တွေကလည်းပေါ်လာမှာပါ။

ဥပမာကရင်ပြည်နယ်မှာဖြစ်နေတာကလက်နက်ပြဿနာလည်းပါပါတယ်။ အကယ်၍အပေါ်ပိုင်းမှာ တရုတ်သြဇာ တရုတ်နဲ့ပတ်သက်တဲ့အဖွဲ့တွေကနယ်မြေစိုးမိုးမှုတွေများလာရင် ထိုင်းကလည်းသူ့ရဲ့ရှယ်ယာဝင်ဖို့အတွက် KNUကို ထောက်ပံ့လာမှာပါ။ ဒါဆိုရင်ပွဲကမြန်ပြီးမြိုင်သွားမှာပါ။ ထို့အတူပါပဲ နယ်မြေစိုးမိုးမှုများလာရင် NUGကို အသိအမှတ်ပြုတာကလည်းများလာမှာပါ။

အကျဉ်းချုပ်ရရင်၂၀၂၅မှာ တော်လှန်ရေးတပ်ဖွဲ့တွေက နိုင်ငံရေး၊ စစ်ရေးအရ အားသာတာတွေ ဖြစ်လာမှာက မြေကြီးလက်ခတ်မလွဲပါ။ မေးခွန်းက၂၀၂၅မှာ တော်လှန်ရေးက ပြတ်သွားမလား ဒါမှမဟုတ်၂၀၂၆မှာမှ ပြတ်မလားဆိုတာပါ။ ယခင်တုန်းကတော့စာရေးသူအသေအချာမပြောနိုင်ပေမယ့် ယခုကတော့ ရောင်နီကိုမြင်နေရပါပြီ။ ပြည်သူများအားလုံးရှေ့သို့ ရောင်နီလာရာကို ညီညီညာညာချီတက်ရင်တော့ အမြန်ရောက်မှာပါ။ ပြည်သူသာအဓိကပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page