top of page
Search

၂၀၂၃ မှာ ဘာတွေဆက်ဖြစ်မှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 31, 2022
  • 2 min read

နိုင်ငံတကာ

၂၀၂၃ မှာ အင်ဒိုက အာဆီယံဥက္ကဌ စယူပါပြီ။ အင်ဒိုဟာ စာရေးသူတို့ ဒီမိုတွေမျှော်လင့်သလောက်မဟုတ်ပေမယ့် ကမ္ဘောဒီးယားထက် မအလကိုကျပ်မှာ သေချာပါတယ်။ မအလက လက်ရှိရွာတွေမီးရှို့တာ ဒီမိုတွေသတ်တာကို ပြည်တွင်းရေးဆိုပြီး ကျပ်မရအောင် ရုရှားနဲ့ တရုတ်က တားနိုင်ပေမယ့် နွေရွာသီမှာ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ပင်လယ်ကထွက်ပြီး မလေးရှားနဲ့ အင်ဒိုကိုရောက်ရင် ဒါကနိုင်ငံတကာအရေးဖြစ်သွားပြီး အကျပ်ခံရမှာပါ။ ဒီနေရာမှာ တရုတ်နဲ့ အမေရိကန်က ဘာဆက်လုပ်မလဲက အရေးပါနေပါတယ်။


အမေရိကန်

သူက DASSK အာဏာပြန်ရတာ အဓိကမဟုတ်ဘဲ သူထောက်ခံတဲ့ NGO ဆန်ဆန်အဖွဲ့တွေကတဆင့် ဒီမိုကရေစီရဖို့ပါ။ သူက NUG ကို ၂နှစ်အကြာ လက်နက်မထောက်ပံ့ခဲ့ပါ။ သူထောက်ပံ့ခဲ့တာက NUG မဟုတ်တဲ့ NGO အဖွဲ့အများစုပါ။ ယခု အထက်လွှတ်တော်အမတ် DASSK ကိုထောက်ခံသူ မစ်ချမက်ကော်နယ်နဲ့ သူ့လွှတ်တော်ရဲ့ကျေးဇူးကြောင့် NUG, CRPH, PDF ကို မထောက်ပံ့ချင်လဲ ထောက်ပံ့ရတော့မှာပါ။ ဘိုင်ဒင်က မြန်မာ့မူဝါဒကို အာဆီယံအပေါ်မူတည်ထားပါတယ်။


တရုတ်

တရုတ်ဟာ မအလတပ်ရဲ့ မယုံကြည်မှုကို ခံရသလို ဒီမိုတွေရဲ့ အဆဲလဲခံရသူပါ။ သူက ပြည်တွင်းရေးဝင်မစွက်ရမူကို အခြေခံပါတယ်။ အနောက်အုပ်စုဒီမိုကို မလိုချင်သူပါ။ မအလကိုလဲ သူကမလိုချင်ပါ။သူက မြန်မာ့ပြည်တွင်းရေးကို ပြည်တွင်းမှာသာ ရှင်းရမယ်လို့ အခြေခံထားပါတယ်။ သူက အာဆီယံက မြန်မာကိစ္စရှင်းတာကိုလဲ ထောက်ခံထားပါတယ်။


ဒါကြောင့် မြန်မာပြည်အတွက် နိုင်ငံတကာရဲ့ဆုံမှတ်က အာဆီယံမှာပါ။ အာဆီယံက ဘုံသဘောတူညီချက် ငါးရပ်ကို အခြေခံပြီး မအလရွေးကောက်ပွဲအတွက် DASSK ကို လွှတ်ပေးဖို့ NLD ကိုရွေးကောက်ပွဲပေးဝင်ဖို့ အာဆီယံကို ကြီးကြပ်ခွင့်ပေးဖို့ တောင်းမှာပါ။ ဒါကို တရုတ်၊ အမေရိကန်ကထောက်ခံပါတယ်။ မအလကလဲ ရွေးကောက်ပွဲကို ကြိုးစားလိမ်လုပ်မှာဖြစ်ပေမယ့် အာဆီယံ၊ တရုတ်ပြောသလို မလုပ်နိုင်ပါ။ ဒါကြောင့် မအလဟာ အာဆီယံပြောတာမလုပ်ခဲ့ရင် ယခင်ကဆို အထုတ်ခံရရုံကလွဲပြီး ဂရုစိုက်စရာ မရှိပေမယ့် ယခုအချိန်မှာ NUG ရှိနေလို့ အာဆီယံက သူပြောတာ မအလမလုပ်ရင် NUG ဟာ အာဆီယံမှာ မြန်မာပြည်ကို ကိုယ်စားပြုပြီး တက်ခွင့်ရလာ အသိအမှတ်ပြုခံလာရမှာပါ။အာဆီယံက NUG ကို အသိအမှတ်ပြုခဲ့ရင် ကုလအထိ NUG က ခြေဆန့်လာမှာပါ။


စစ်ရေး

၂၀၂၂ အကုန်မှာ ချင်း၊ ကချင်၊ ရခိုင်၊ ကယား၊ ကရင်နဲ့ တနင်္သာရီတွေမှာ မအလဩဇာ လျော့လာတာတွေ့ရပါတယ်။ နေပြည်တော်၊ ရှမ်း၊ ဧရာဝတီ၊ ရန်ကုန်နဲ့ မန္တလေးကိုတော့ မအလက မီးမရှို့ဘဲထိန်းချုပ်ထားနိုင်တာတွေ့ရပါတယ်။ စစ်ကိုင်းနဲ့ မကွေး(မြောက်)၊ မန္တလေးအချို့နေရာနဲ့ ရှမ်းမြောက်မှာ မအလတပ်က နေရာအတော်များများ မထိန်းချုပ်နိုင်လို့ မီးရှို့ပြီး ခွါစစ်ဆင်တာ တွေ့နေရပါတယ်။

၂၀၂၃ မှာ ပြည်သူတွေထောက်ပံ့ခဲ့တဲ့ လက်နက်တွေဟာ ပြည်တွင်းကို ပိုရောက်လာမှာပါ။ အမေရိကန်ရဲ့ NDAA ဥပဒေအရ ဆက်သွယ်ရေး၊ အခြားမိမိကိုယ်ကို ခုခံနိုင်တဲ့ လက်နက်မဟုတ်တဲ့အရာတွေရောက်လာနိုင်လို့ NUG အောက်က PDF တွေရဲ့ ဆက်သွယ်ရေးစနစ်၊ အမိန့်ပေးစနစ်တွေဟာ ပိုကောင်းလာမှာပါ။ အမေရိကန်က ထောက်ပံ့ခဲ့ရင် တရုတ်ဟာလဲ သူ့ဩဇာရှိဖို့ ပြည်တွင်းက လက်နက်ကိုင်တွေကို PDF တွေကို မထောက်ပံ့ချင်လဲ ထောက်ပံ့လာရမှာပါ။ ဒါတွေရဲ့ ရလာဒ်က မြန်မာပြည်အနှံ့မှာစစ်ပွဲတွေများလာမှာ လူအသေများလာမှာ မြေကြီးလက်ခတ်မလွဲပါ။ PDF ဟာလဲ တိုက်ရည်ခိုက်ရည်က ပိုကောင်းလာမှာ ငြင်းမရပါ။


ဒါဆိုမအလပြုတ်မှာလား?

ပြည်ပက ဖိအားတွေက ပြည်ပမှာသာဖြစ်ပြီး ပြည်တွင်းကသာ မအလရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးသွားမှာပါ။ ဒီနေရာမှာ ပြည်တွင်းက PDF တွေဟာ NUG ရဲ့ ဦးဆောင်မှုအောက်ကို ဘယ်လောက်လက်ခံကြမလဲ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေက အချင်းချင်း ဘယ်လာက်စည်းလုံးစွာနဲ့NUG နဲ့ လက်တွဲပြီးတိုက်မလဲဆိုတဲ့အပေါ်မှာသာ မူတည်နေပါတယ်။ ပြည်ပက ဒီမိုတွေကတော့ အဖွဲ့မကွဲဘဲ NUG အောက်က PDF ကိုသာ ထောက်ခံမှာလား အဖွဲ့ကွဲအောင် တပ်တော်တွေကို ထောက်မှာလားကလဲ အရေးကြီးပါတယ်။ မအလတပ်ဟာ သူနိုင်နေရင် အမိန့်အရ လူသတ်၊ မုဒိမ်းကျင့်၊ ရွာမီးရှို့လုပ်လေ့ရှိပြီး သူတို့အသတ်ခံရနိုင်တာသေချာရင် သေနိုင်တာသေချာရင် အာဏာဖီဆန်တတ်တာရခိုင်၊ ကချင်နဲ့ ကရင်ဒေသတွေမှာ စာရေးသူတို့ စတွေ့လာနေရပါပြီ။ ဒါကဘာကိုပြလဲဆိုတော့ မအလတပ်ကိုပေးနိုင်တဲ့ဖိအားက သူတို့နဲ့ သူတို့မိသားစုသေနိုင်တယ်ဆိုတာကို လက်တွေ့ပြနိုင်မှသာဆိုတာထင်ရှားနေပါတယ်။ မအလတပ်ဟာ ငွေနဲ့စည်းရုံးရခက်ပေမယ့် အသက်နဲ့တော့ အာဏာဖီဆတ်တတ်ပါတယ်။ NUG နဲ့ဆိုင်တာက NUG ဟာ လူ့အခွင့်အရေးအဖွဲ့ကြီးလို မကျင့်နေဘဲ ရန်သူကို မိမိထံရှိတဲ့လက်နက်နဲ့ တိုက်နိုင်တဲ့ စစ်ဗျူဟာကို ချဖို့သာပါ။


ဒီအချက်တွေ ဆုံလာရင်တော့ မအလပြုတ်ကျဖို့က ၂၀၂၃ မှာ ဖြစ်လာမှာပါ။ မြန်မာပြည်ကဘယ်လောက်ကြမ်းမယ်ဆိုတာ ၂၀၂၃ ဖေဖော်ဝါရီမှာ စာရေးသူတို့ စသိလာမှာပါ။ ၂၀၂၃ ဩဂုတ်လကုန်မှာ ဘယ်သူက နိုင်မယ်ဆိုတာ အကြမ်းဖျင်းသိလာမှာကတော့ သေချာပါတယ်လို့ ပြောပါရစေ။နောက်ဆုံးကတော့ ပြည်တွင်းနဲ့ ပြည်ပက မြန်မာပြည်သူတွေကသာ မအလကို ဘယ်လာက်မြန်မြန်ဖြုတ်ချနိုင်မယ်ဆိုတာကို ဆုံးဖြတ်သွားမှာပါလို့ ပြောပါရစေ။ နှစ်သစ်မှာ အဖွဲ့မကွဲဘဲ NUG ကိုသာ စွဲစွဲမြဲမြဲ အောင်မြင်သည်အထိ ထောက်ပံ့နိုင်ကြပါစေ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page