top of page
Search

၂၀၂၁ မှသည် ၂၀၂၂ ဆီသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 31, 2021
  • 1 min read

၂၀၂၁ ဟာ အာဏာသိမ်းခံခဲ့ရ လူတွေသေကြရလို့ မကောင်းတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့်၂၀၂၁ ဖေဖော်ဝါရီ မှာ အာဏာသိမ်း မခံခဲ့ရရင်တောင် NLD အစိုးရက ခြေဥပြင်မှာနဲ့ မအလကိုသက်တမ်းမတိုးဘဲ ဖြုတ်မှာမိုလို့ မအလတပ်နဲ့က ဖေဖော်ဝါရီမှာ ထိပ်တိုက်မတွေ့လဲ ဇူလိုင်မှာ တွေ့မှာပါ။

အဆိုးထဲက အကောင်းကဘာလဲ? ဒုတိယကမ္ဘာစစ်မှာ လူပေါင်းများစွာ သေခဲ့သလို အိုးအိမ်များစွာပျက်စီးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရပါတယ်။ ဒါပေမယ့် နာဇီနဲ့ဖက်ဆစ်ကို အောင်နိုင်ခဲ့ပါတယ်။ ထို့အတူပါဘဲ မြန်မာပြည်မှာ အာဏာသိမ်းပြီး လူထောင်ပေါင်းများစွာ သေခဲ့သလို သေနေဆဲပါ။ အိုးအိမ်စွန့်ခွါရသူတွေလဲ သိန်းချီရှိနိုင်ပါတယ်။ နောက်ပိုင်း ယခုထက်များလာနိုင်ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ တိုင်းသူပြည်သားအားလုံးဟာ NLD လက်ထက်က ၇၅% ဒီမိုကရေစီတောင် မအလထက် ဘယ်လောက်ပိုကောင်းလဲ သိနေကြပါပြီ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ဒီမိုကရေစီရဖို့ပြည်ပအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး တိုက်ယူမှရမယ်ဆိုတာလဲ သိသွားကြပါပြီ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာလဲ ပင်လုံစာချုပ်အပြီး အကောင်းဆုံးအချိန်လို့တောင် ပြောလို့ရနေပါပြီ။လူငယ်တွေက ဂိမ်းမဆော့ဘဲ သေနတ်ကိုင်နေကြပါပြီ။

ဒါထက်ကောင်းတာက CRPH တို့ NUG တို့ ပေါ်လာပြီး ပြည်သူတွေမှာ တပ်ပိုင် PDF ရှိလာတာပါ။ ယခုအချိန် ကုလက အပြစ်ရပ်ဆိုရင်တောင် စာရေးသူတို့မှာ ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိလာနေပါပြီ။ဒါက ၂၀၂၁ ရဲ့ အဆိုးထဲက အကောင်းပါ။

ဒါဆို ၂၀၂၂ မှာ ဘာဖြစ်မလဲ? စာရေးသူ ခဏခဏ ရေးခဲ့သလို ၂၀၂၂ မေလမှာ စစ်ရဲ့ ချိန်ခွင်ဟာအပြောင်းအလဲဖြစ်မှာပါ။ ယခင် NUG က အလှူငွေကောက်ရင် မအလတပ်ရဲ့ နှောက်ယှက်မှုကို ခံရလေ့ရှိပါတယ်။ ယခု PRF အစီအစဉ်က အဆိုပါနှောက်ယှက်မှုကို ကျော်လွှားနိုင်မှာဖြစ်ပြီး လစဉ်စစ်အသုံးစားရိတ်ရလာမှာပါ။ နောက်အမေရိကန်ထံကလဲ ဘယ်လဲဘာလဲဆိုတာ မေလလောက်မှာသဲသဲကွဲကွဲသိလာမှာပါ။ ဘယ်သူမှ မထောက်ပံ့ခဲ့ရင်တောင် PRF ကနေ လက်နက်က အတိုင်းအတာတစ်ခုအထိ အဆင်ပြေလာမှာပါ။ မေလနောက်ပိုင်း မိုးရွာမှာမိုလို့ မအလတပ်ရဲ့ လေကြောင်း အားသာချက်ကိုလဲ ရှောင်နိုင်မှာပါ။ တူမီးမဟုတ်လို့ မိုးထဲမှာလဲ ပစ်လို့ရလာမှာပါ။ လက်နက်ပိုရလာရင် PDF တွေက ပိုများလာမှာပါ။ လက်နက်ပြည့်စုံတဲ့ PDF များလာရင် နယ်မြေပိုစိုးမိုးလာမှာပါ။ ဥပမာ ယခုကလက်နက်မရှိလို့ မိုင်းဆွဲပြီးရင် မိုင်းထိထားသူ မိုင်းမထိသူကို ဘာမှမလုပ်နိုင်ဘဲ ထွက်ပြေးခဲ့ရပါတယ်။ လက်နက်ရှိလာရင် KIA၊ KNU တို့တိုက်သလို မိုင်းဆွဲပြီး ဝိုင်းပစ်နိုင်မှာပါ။ ဒါဆို မအလတပ်တပ်လုံးပြုတ်လာမှာပါ။ တပ်လုံးပြုတ်တာများလာရင် မအလအပေါ် ဖိအားက များလာမှာပါ။ ဒီဖိအားက ကုလကြေညာချက်ထက် ပိုထိရောက်ပါတယ်။

အကျဉ်းချုပ်ရရင် ၂၀၂၁ မှာ စိတ်မကောင်းစရာတွေရှိပေမယ့် ၂၀၂၂ ဟာ အောင်ပွဲနဲ့ နီးလာတဲ့နှစ်ဖြစ်မှာပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 31, 2021

ဦးမြတ်!!! နိုင်ငံအဝှမ်း နယ် ၊တောင်တန်းမကျန် ပြည်သူအများစု လူထုကြီး၏ ရင်တွင်းကလိုအင်ဆန္ဒကတော့

~ာအမှောင် ခေတ်ကိုကွယ်

ယောင်လို့ပင် တွေးချင်ပါဘု။

အမှောင်ဟာ

အပြစ် အသွယ်သွယ်

အညစ်နယ်က ကျယ်

စနစ်ကို ချယ်လှယ်တဲ့

တဘို့ထဲကြည့်

လုပ်စား ယန္တရား

မဟုတ်တမ်း ‌‌‌‌‌တရား

အုပ်ချုပ်သူ လူတန်းစားကြောင့်။


••••••••••••••••••••••••••••••••••••••••


ဘေးအသွယ်သွယ်နဲ့ ၂၁

သွေးရောင်ခြယ်တဲ့ ၂၁

အမှောင်ကိုခွင်းတဲ့

အလင်း ပျောက်စေခဲ့သော ၂၁

စနစ် ဖောက်ပြန်တဲ့ ၂၁

ရင်နင့်စရာတွေပေါ့။

လောကမှာ အဆိုးနှင့် အကောင်း ွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွွဒွန်တွဲလျက်ပါ။

လူသားတိုရဲ့ ခန္ဓာကိုယ်ရုပ်ကိုသာ ချုပ်နှောင် ပိတ်ပင်၍ရပါသည်။ နာမ်ဟူသော ဝေဒနာ(ခံစားချက်)များနှင့် ယှဉ်သော စိတ်ကို ပိတ်လှောင်ချုပ်ချယ်၍ မရကြောင်း အသိပေးသည့်ဂျီဇက်တို့၏ ၂၁။

ဂျီဇက်တို့က ဝေဒနာကို သဏ္ဍာန်အမျိုးမျိုးဖြင့် ကြေညာပြခဲ့ပါသည်။ အဖြေရှာတဲ့ အဖြေလွှာ မထွက်ခဲ့ပါ။ အဖြေမှန်မရလျှင် ရအောင် ဆက်ရှာတတ်သည်က သူတို့ရဲ့ ဗီဇ။ ZEALOTS အတိုင်း ဇွဲကြီးသူ၊လုံ့လ ပြင်းထန်လွန်းသူ အဖြစ်နဲ့ **မရ မနေ**ရအောင် ရှာမယ်လေ။

အဖြေရှာနေစဉ်ကာလမှာ

ကြောက်သူတွေ ကြောက်

ပျောက်သင့်တဲ့သူတွေ ပျောက်

အောက်နိမ့် အရည်အချင်းနဲ့သူတွေ မှောက်ကုန်ကြတာလည်း ၂၁ ပါပဲ။

အဖြေမှာ ဂျီဇက်နဲ့ပြည်သူတို့မှာ

~အလင်းရှာလို စိတ် ပြင်းထန်လွန်းလှပါသည်။တနည်း အလင်းထွန်းလိုစိတ် အကြီးအမှုး ဖြစ်တည်လာပါသည်။

~ခံစားချက် ဝေဒနာပြင်းထန်လာတာနဲ့အညီ အလင်းခေတ်ကို လိုချင်သော ဆန္ဒ အထွတ် အထိပ် ရောက်ရှိခဲ့ပါသည်။

အလင်းအတွက် အချင်းချင်းသာ တွဲဖက်မယ်ဆိုသော

ရဲ ဖော် ၊ ရဲ ဖက် စိတ်

တအူတုံဆင်း ညီကိုရင်းလို၊ ညီညွတ်ချစ်ခင်သော စိတ် တို့ကို(ဂျီဇက်တို့အခြေခံကာ) သယ်ယူဆောင်လာလည်း

၂၁ ပဲဖြစ်ပါသည်။

၂၁ မှာ အကောင်းဖက်က…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page