top of page
Search

၂၀၂၁ မှာ တပ်ချုပ်မဆင်းပေးရင် ဘာဖြစ်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 26, 2020
  • 1 min read

လက်ရှိတပ်ချုပ်မအလဟာ ဇူလိုင် ၂၀၂၁ မှာ သူသက်တမ်းတိုးထားတာ ၆၅ နှစ် ပြည့်မှာပါ။ သူဟာ သူစွဲထားတဲ့ စည်းကမ်းအရကို အနားယူရပါမယ်။ ဒီနေရာမှာ သူက အနားမယူဘူးလား မဆင်းပေးရင်ဘာဆက်ဖြစ်မလဲဆိုတဲ့ မေးခွန်းလေးတွေ ရှိလာပါတယ်။

ပထမဆုံးအကွက်က ဖြစ်နိုင်ရင်တော့ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ ဖွတ်နဲ့ သူတို့ရဲ့ မဟာမိတ်ပါတီPPP တို့၊ ဘရွှေမန်းပါတီတို့ ကိုကိုကြီးပါတီတို့နဲ့ ပေါင်းပြီးညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ပါ။ အဘက တပ်ချုပ်ကထွက်ပြီးတော့ အရွေးမခံရဲပါဘူး။ ကျန်တဲ့ ဘဏ္ဍာနှစ်မှာ လုပ်စရာလေးတွေရှိမှာပါ။ ညွန့်ပေါင်းဖြစ်နိုင်ခဲ့ရင်တော့ တပ်ကတင်တဲ့ ဒုသမ္မတကနေ သမ္မတလုပ်ဖို့ ထွက်ပါလိမ့်မယ်။ ဒါက အဘရဲ့အကောင်းဆုံး အိပ်မက်ပါ။

အဲ့ဒီလိုမဖြစ်ဘဲ NLD က ၂၀၁၅ အတိုင်း နိုင်တယ်ဆိုကြပါစို့။ ဒါဆိုရင် သူ့က မဆင်းပေးလို့ရမလားဆိုတဲ့ဘက်က လေ့လာကြည့်ရအောင်။ ဘရွှေအနေနဲ့က သူ့ကိုဆက်ထားရင် တပ်ထဲမှာ သူတင်ထားတဲ့တိုင်းမှူး တပ်မမှူးတွေများလာပြီး ဘရွှေလဲ နေဝင်းလို ဇတ်သိမ်းသွားမှာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် ဘရွှေကတော့ ဆက်မခန့်ချင်လောက်ပါ။ ဒါထက်အရေးကြီးတာက မအလနဲ့ မိသားစုဟာ ဘရွှေလက်ထက်ကထက် အများကြီး ချမ်းသာလာတာကို ဘရွှေလဲ သိပါတယ်။ စစ်ပွဲတွေမှာလဲ တပ်တွေဟာယခင်ကထက် အကုန်အကျများစွာ တိုက်နေရပြီး သူပုန်တွေကို မနိုင်နိုင်တာတွေ စစ်မတိုက်တတ်တာတွေကို သိထားပါတယ်။ ပုံမှန်အချိန်မှာဆို မအလ အဖြုတ်ခံရတာ ကြာပါပြီ။ ယခုကတော့ ခြေဥကာကွယ်သလိုနဲ့ နေနေတာပါ။


သူမဆင်းပေးရင် ဒီမိုအစိုးရကရော လက်ခံနေမှာလား? သိသလောက်တော့ သူ့ဖာသာ သက်တမ်းတိုးတာကို ဒီမိုအစိုးရက လက်မခံခဲ့ပါ။ ကာလုံမခေါ်သလို အသိအမှတ်လဲ မပြုခဲ့ပါ။ ဒီ ၂၀၂၁ မှာ သူ့ဖာသာ သက်တမ်းထပ်တိုးရင် ဒီမိုအစိုးရက ပြည်သူ့အင်အားကိုယူပြီး ရင်ဆိုင်ဖြေရှင်းရမှာပါ။ ယခုအတိုင်းဆက်သွားနေလို့ DASSK လဲမရပါ။ အစိုးရက မရင်ဆိုင်ချင်ရင်တောင် ICJ က ကျပ်လာမှာပါ။ICC ကလဲ စွဲချက်တင်လာနိုင်ပါတယ်။ ဟိုက ဖမ်းဝရမ်းထုတ်ရင် အစိုးရက သူ့ကို ဒီနေရာမှာ ဆက်ထားရင် နိုင်ငံတကာက ပြဿနာရှာတာကို ခံရမှာပါ။ ဒါကြောင့် သူ့ကို ရင်ဆိုင်ဖြေရှင်းရမှာပါ။ မဆင်းပေးရင်တော့ နိုင်ငံခြားက ဖမ်းဝရမ်းထုတ်တာကို မတားဘဲ နိုင်ငံတကာ အထူးတပ်ဖွဲ့က ဝင်ဖမ်းတာကိုကြည့်နေရမှာပါ။ သူ့ဖက်က ရပ်တည်ရင်လဲ စီးပွါးရေးပိတ်ဆို့တာခံရမှာပါ။ အဲ့ဒီအချိန်မှာ တနိုင်ငံလုံးနဲ့မအလကို DASSK ရွေးရမှာပါ။


ဒီနေရာမှာ မအလက မဆင်ပေးလို့ ICC က ဖမ်းဝရမ်းထုတ်ခဲ့ရင် သူ့ကိုကုလမှာ ကာကွယ်ပေးဖို့ကပေါက်ဖော်ကြီးသာရှိပါမယ်။ ဒါကြောင့် မအလဟာ ပေါက်ဖော်ကြီးကို ဩဇာခံရပါမယ်။ ဒါက ဒီကိစ္စကနေ တိုင်းပြည်ရဲ့အမျိုးသားလုံခြုံရေးကို ကျိုးပေါက်နိုင်တာပါ။


ပြည်သူတွေအနေနဲ့က ၂၀၂၀ နိုဝင်ဘာမှ NLD ကို မဲပေးဖို့ပါ။ ပြီးရင်တော့ ၂၀၂၁ မှာ တိုက်ပွဲခေါ်သံကိုစောင့်ဖို့ပါ။ ၂၀၂၁ ဧပြီမှာ အစိုးရဖွဲ့ရင် အကြမ်းဖျင်းတော့ သိပါပြီ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page