၂၀၂၁ မင်္ဂလာပါ
- Myat Tun Oo
- Dec 31, 2020
- 1 min read

၂၀၂၁ ဟာ စာရေးသူတို့ တိုင်းပြည်နဲ့ ကမ္ဘာကြီးအတွက် အရေးကြီးပါတယ်။
၂၀၂၁ မှာ NLD အစိုးရကလဲ လမ်းရွေးရပါမယ်။
သာဝဟာလဲ လမ်းရွေးရပါမယ်။
ပြည်သူတွေကတော့ ကိုဗစ်ကာကွယ်ဆေးကို ဧပြီနောက်ပိုင်းလောက် ရလာမှာပါ။
NLD အမတ်တွေ ဒီနေ့လွတ်လာခဲ့ရင်တော့ မင်္ဂလာအပေါင်း ခညောင်းသွားမှာပါလို့ ပြောပါရစေ။
၂၀၂၁ ဟာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်။



Myat Tun Oo ကျမ်းမာပါစေဗျို့
ကျေးဇူးပါ။ Win Oo and Myint Soe Oo
ဦးမြတ်သို့!!!
မှတ်မှတ်ထင်ထင်
စာကဗျာယှဥ်ကာ
မေတ္တာရေလောင်း
ပြည့်စေကြောင်းဖြင့်
နှစ်သစ်အတွက်
အားခွန် တက်
ဆက်ကာ လျောက်၍
ပေါက်စေသော်။
**ဒေါင်းမိခင်၏ စကားသုံးခွန်း**
နားဆို့ နှုတ်ပိတ်၊မျက်စိ မှိတ်သည်
အဟိတ် မပြား၊ အယုတ်တရားကို
မေ့သား မျက်ပျံ၊ တိုက်ဖျက်နှံ၍
ဒေါင်းလံ လွှင့်နိုင်ပါစေသော်။ ။
ကြီးနိုင် ငယ်ညှဥ်း၊ကိုယ်စိတ် ကျဥ်းအောင်
ငြိုးဖျဥ်း မုန်းထား၊ ယုတ်တရားကို
မေ့သား သက်နှံ၊ တိုက်ဖျက်နွံ၍
ဒေါင်းသံ ရင့်နိုင်ပါစေသော်။ ။
မျက်နှာ ရွေးချယ် ၊ ကြီးနှင့် ငယ်ဟု
လူငယ်ခွဲြခြား ၊ ယုတ်တရားကို
မေ့သား ညက်စံ၊ တိုက်ဖျက်နွံ၍
ဒေါင်းပျံ ဝင့်နိုင်ပါစေသော်။
မင်းသုဝဏ်
၁၉၅၆
မင်္ဂလာနှစ်သစ်ပါဆရာမြတ်