top of page
Search

၂၀၂၀ အိပ်မက်ကမ္ဘာမှ လူသားနှစ်ဦး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 28, 2020
  • 1 min read

၂၀၂၀ မှာ တစ်ယောက်က နိုင်ငံတော်ကြီးထူထောင်မယ်ဆိုပြီး သူ့လူမျိုးကို အိပ်မက်ပေးတယ်။ ယုံတဲ့လူတွေက ထွက်တိုက်ကြ သေကြပေါ့။ ကျောင်းတွေကို အပြန်အလှန်ပစ်မိလဲ ဘယ်သူမှ ဝန်မခံကြဘူး။

ဘုရားတွေထိသွားလဲ ဘယ်သူမှ ဝန်မခံကြဘူး။ NLD က ဒေသခံပါတီလူကြီးကို ဖမ်းထားတာတောင်ဝန်မခံကြဘူး။

အပြန်အလှန် အပြစ်ပုံချတယ်။

အိမ်မက်တွေသာပေးထား ပြောထားပေမယ့် သူ့အမျိုးရင်းတွေက ရန်ကုန်မှာ။

သူ့မိန်းမကတော့ ၂၀၂၀ အိမ်မက်ကြောင့် ဆွစ်ဇလန်ရောက်သွားပြီ။

လာပါပြီ နောက်တစ်ယောက်။

လွှတ်တော်မှာ တပည့်တွေက ခြေဥပြင်မှာကို ကန့်ကွက်ပြီး ပြည်သူနဲ့ ကန့်လန့်တိုက် သူကတော့ သမ္မတရူးပြီး ထီးလိုလို မင်းလိုလို အရူးလိုလိုနဲ့။

သူ့မိန်းမကတော့ ဆွန်ဇလန်နဲ့နီးတဲ့ နယ်သာလန်များ သွားမလား။

အိပ်မက်တွေက အနီးစပ်ဆုံးတော့ ဖြစ်တတ်ပါတယ်။ အဘလဲ အားကျမခံ နယ်သာလန်ရောက်အောင်တော့ ကြိုးစားပါအဘ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page