top of page
Search

၂၀၂၀ မှ ပြည်သူ့အတွက် တပ်ချုပ်ရွေးဖို့ အခွင့်အရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 6, 2019
  • 1 min read

Updated: Oct 6, 2019



၂၀၂၀ မှ ပြည်သူ့အတွက် တပ်ချုပ်ရွေးဖို့ အခွင့်အရေး

ပုံမှန်မှာ ၂၀၁၅ မှာ NLD နိုင်ပြီး ၂၀၁၆ ဇူလိုင်မှာ မအလဟာ ၆၀ ပြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဘရွှေက ဒုတပ်ချုပ်ကို စိတ်မချလို့ မအလကို ဆက်ထားခဲ့ပါတယ်။ မအလက DASSK အလွယ်တကူလက်မှတ်ထိုးပေးမယ်ထင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါ။ သူက သတင်းစာရှင်းလင်းပွဲကနေ သူ့သက်တမ်းဟာ ၆၅ နှစ်ထက် ပိုမတိုးပါလို့ သူ့ဖာသာ ထုတ်ပြောခဲ့ရသလို ဗိုလ်ချုပ်အဆင့်အထက် ငါးနှစ်နဲ့ ရာထူးမတိုးရင် ထွက်ရမယ့်သဘောမျိုး စည်းကမ်းအသစ်ကိုလဲ ထုတ်ပြောခဲ့ရပါတယ်။ ဒါက သူ့ဘက်ကပါ။နောက်ပိုင်း သက်တမ်းတိုးတာကို ကာလုံခေါ်ပြီးအတည်ပြုဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။

ဘရွှေဘက်က စဉ်းစားကြည့်ရင်လဲ လူတစ်ယောက်ကို တပ်ချုပ်နေရာမှာ ၁၀ နှစ်အထက်ထားရင် ဘာဖြစ်သွားမလဲဆိုတာ သူကောင်းကောင်းသိပါတယ်။ ယခုတောင် သူ့တပည့်က ဆရာ့ထက် ဆယ်ဆချမ်းသာနေပါပြီ။ ဒါကြောင့် ၂၀၂၁ ဇူလိုင်လကုန် နောက်ဆုံးထားပြီး မအလ နေရာမှာ တပ်ချုပ်အသစ်ကို ခန့်ရမှာပါ။

ဒီနေရာမှာ ပြည်သူတွေရဲ့ ၂၀၂၀ မဲဟာ အရေးကြီးလာပါပြီ။ ပြည်သူက NLD အစိုးရကို ညွန့်ပေါင်းဖွဲ့စရာမလိုဘဲ ပြန်တင်တယ်ဆိုကြပါစို့။ NLD ဟာ ကာလုံဥပဒေကို ဒီပွဲအတွက် ပြင်ထားနိုင်ပါမယ်။ တပ်ချုပ်အသင့်ခန့်ဖို့ရာမှာ မူလတပ်ချုပ်ဟာ အရင်ဆုံးနုတ်ထွက်ရပါမယ်။ ဒါကြောင့် ကာလုံခေါ်ရင် ၅-၅ မဲညီသွားပါမယ်။ သမ္မတရာထူးကလဲ နုတ်ထွက်ပြီးမှ လွှတ်တော်က ရွေးကောက်သလို ပုံမှန်ညွှန်ချုပ်တွေဟာလဲ အရင်နုတ်ထွက်ပြီးမှ အသစ်ခန့်ရတာပါ။ ဥပမာ ရဲချုပ်အငြိမ်းစားယူပြီးမှ လက်ရှိရဲချုပ်ကို ခန့်ရတာပါ။ တပ်ထဲမှာလဲ ထို့အတူပါဘဲ။ ပုံမှန်မှာ ဒုတပ်ချုပ်ကို တပ်ချုပ်ရာထူးပေးရမှာဖြစ်ပေမယ့် အစကထဲက ဘရွှေကမပေးလိုလို့ တပ်ချုပ်မအလကို သက်တမ်းတိုးခဲ့တာပါ။ ဒါကြောင့် နှစ်ယောက်လုံးနုတ်ထွက်ခဲ့ရင် မဲ ၅-၄ တောင်ဖြစ်သွားပါမယ်။ ဒါကြောင့် အရပ်ဖက်က မဲသာပါမယ်။

ပုံမှန်မှာက ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပေးဖို့ရာထားပေမယ့် သူ့ကိုပေးမလား သူ့ပါ အငြိမ်းစားပေးပြီးဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ကျော်ပေးမလား မသေချာသေးပါ။ သေချာတာက ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကို အောင်သောင်းသား ရေတပ်ဗိုလ် ဒုဗိုလ်ချုပ်ကြီးမိုးအောင်ကို ပေးမယ့်သဘောပါ။ ရာထူးအတက်မြန်ထားတာက သူတို့နှစ်ယောက်ရယ် အမှတ်(၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုဗိုလ်ချုပ်ကြီးအောင်စိုး၊အမှတ်(၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းရယ်တို့သာပါ။ မျိုးဇော်သိန်းဂွင် ရန်ကုန်မှာ ဦးကိုနီအသတ်ခံရတာဖြစ်ပြီး စုံစမ်းသူက အောင်စိုးပါ။

ဒါပေမယ့် တပ်ချုပ်ကို ဥပဒေအရ တရားဝင်ခန့်ရမှာက နောင်တက်လာမယ့် သမ္မတပါ။ အဲ့ဒီအချိန်မှာသူရေးထားတဲ့ ခြေဥကို ပြင်ဆင်ဖို့ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ လုပ်လာနိုင်လိမ့်မှာပါ။

ထူးဆန်းတာက အဲ့ဒီအချိန်မှာ NLD အစိုးရသာ အာဏာရှိခဲ့ရင် မိမိပေးလိုသူ ဥပမာ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို တပ်ချုပ်ခန့်တာမျိုးလဲ အလှမ်းဝေးပေမယ့် ကစားလို့ရနိုင်ပါတယ်။ ဒါက ဥပမာပြောတာပါ။ ဒီတပ်ချုပ်ခန့်တာကနေ ငြိမ်းချမ်းရေးတံခါးနဲ့ ခြေဥပြင်ဖို့တံခါးပါ ယခုထက်ပို ပွင့်လာနိုင်ပါတယ်။ဒါကြောင့် ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာ အစိုးရကို သက်တမ်းတိုးရုံမကဘဲ ၂၀၂၀ ကနေ တပ်ချုပ်အသစ်ခန့်တာကိုပါ အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးနိုင်ပါမယ်။

ဒါကြောင့် ဒီငြိမ်းချမ်းစွာ ပြောင်းလဲ နိုင်မယ့်အခွင့်အလမ်းကို NLD ကို မဲပေးပြီး အမိအရ ဆုတ်ကိုင်သင့်ပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Oct 08, 2019

ရှယ်ပါ။

Like

Shwe Eain
Shwe Eain
Oct 06, 2019

ရှယ်ပြီဆရာမြတ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page