top of page
Search
၂၀၂၀ရွေးကောက်ပွဲဘယ်သူနိုင်မလဲ
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 25, 2019
  • 1 min read
၂၀၂၀ရွေးကောက်ပွဲဘယ်သူနိုင်မလဲ
ရွေးကောက်ပွဲအသံကြားတာနဲ့ ဖွတ်ကလဲသူနိုင်မယ်၊တစညကလဲသူတို့နိုင်မယ်၊ရွှေမန်းလေးကလဲသူနိုင်မယ်ပြောကြပါတယ်။အားလုံးမှာအိမ်မက်ကိုယ်စီနဲ့ပါ။ထို့အတူပညာရှင်ဆိုသူအဘနွယ်အများစုကတော့ညွှန့်ပေါင်းလို့ထအော်နေကြပါတယ်။
ဖြစ်နိုင်ချေကိုအထောက်အထားနဲ့လေ့လာကြည့်ရအောင််။ဒီနေရာမှာပြည်မနဲ့ပြည်နယ်ဆိုပြီးလေ့လာကြည့်ရအောင်။ပြည်မကအများစုဗမာနေထိုင်တာပါ။ဒီနေရာတွေမှာNLD ပါတီကသာနိုင်ပါမယ်။ဘာအထောက်အထားရှိလဲ။ပြီးခဲ့တဲ့ရန်ကူန်စည်ပင်ရွေးကောက်ပွဲမှာဖွတ်တွေဟာNLD ကိုယှဉ်ပြိုင်ဝင်အရွေးခံသူမည်သူကိုမဆိုFacebook ကြော်ငြာပိုက်ဆံ၊မီဒီယာအားမျိုးစုံနဲ့ပံ့ပိုးပေးခဲ့ပါတယ်။လူငယ်ပညာတတ်လေးမှသည်မော်ဒယ်အထိဝင်ပြိုင်ခဲ့ပါတယ်။စင်ကာပူတို့နိုင်ငံခြားတို့ကနေယခင်NLD ကိုထောက်ခံသည်ဆိုသူများတောင်ဝိုင်းလော်ခဲ့ပါတယ်။စာရေးသူကတော့အကွက်ကိုသိလို့NLD ကိုယ်စားလှယ်ကိုသာထောက်ခံခဲ့ပါတယ်။အဲ့ဒီအချိန်မှာမဲလာပေးသူဟာလဲနည်းခဲ့ပါတယ်။အဲ့ဒီကြားထဲကNLD နိုင်ခဲ့တာပါ။
နောက်အထေက်အထားကမီတာခတက်တာကိုမကြိုက်သူရှိပေမယ့်ဘယ်သူမှထမဆူဘဲDASSK မျက်နှာနဲ့ကျော်ဖြတ်ခဲ့ကြတာပါ။ဒီလိုစျေးတက်တာမျိုးဟာအခြားနိုင်ငံတွေမှာဆို၈၈လိုအရေးအခင်းမျိုးတွေဖြစ်သွားနိုင်ပါတယ်။ဒါကလူတွေကသူမကိုဘယ်လောက်ထောက်ခံတယ်ဆိုတာကိုပြသွားတာပါ။
ဒါကြောင့်ပြည်မကတိုင်းတွေမှာမဲအရေအတွက်ကွာနိုင်ပေမယ့်NLD သာနိုင်ပါမယ်။တပ်မဲကိုမပေးရအောင်ဒါမှမဟုတ်ခိုးမရအောင်ကြီးကြပ်နိုင်ရင်ယခင်ဖွတ်တွေနိုင်ခဲ့တဲ့နေရာကိုတောင်နိုင်ပါမယ်။
ဒါပေမယ့်ဇီးကုန်းလိုနေရာမှာဘာကြောင့်ဖွတ်နိုင်ခဲ့လဲလေ့လာပြီးမဲဆွယ်တာတော့လုပ်ရပါမယ်။
ပြည်နယ်ထဲမှာရခိုင်ကတော့ရွေးကောက်ပွဲလုပ်နိုင်ရင်ယခင်အတိုင်းဘဲဖြစ်မှာပါ။ယခုလိုစစ်ဖြစ်နေရင်တော့မပြောတတ်ပါ။စစ်ဆက်ဖြစ်နေရင်တော့ယခင်ရှမ်းမြောက်မှာလိုရွေးကောက်ပွဲမလုပ်ရဘဲကျန်ခဲ့နိုင်ပါတယ်။ ဒါပေမယ့်အဲ့ဒီနေရာတွေကNLD နေရာမဟုတ်လို့မဲကိုမထိခိုက်ပါ။
ကရင်၊ချင်းနဲ့ကယားမှာလဲNLD ကသာနိုင်နိုင်ပါတယ်။ချင်းမှာကလက်ရှိဒုသမ္ပတကိုကြိုက်သူတွေရှိပါတယ်။မွန်မှာလဲနိုင်နိုင်ပါတယ်။ကချင်မှာယခုထက်နေရာအနည်းငယ်ရှုံးမလားမေးစရာရှိပါတယ်။ရှမ်းမှာဖွတ်တွေနိုင်နေတာကဒီမိုမဲကွဲလို့ပါ။ရှမ်းအချင်းချင်းလဲမဲကွဲနေပါတယ်။တပ်မဲကိုကိုင်နိုင်ရင်ဟိုတပ်ချုပ်တပည့်လင်းဇော်ထွန်းလိုမိုင်းဖြတ်ကနေအမတ်ဖြစ်လာစရာမရှိပါ။
ဒါကြောင့်ပြန်ချုပ်ရရင်ပြည်နယ်အချို့မှာယခုထက်ပိုရှုံးနိုင်ပေမယ့်ဖွတ်အမတ်နေရာတွေကိုတပ်မဲမခိုးအောင်လုပ်ပြီးပြန်ယူနိုင်ရင်အဆင်ပြေပါမယ်။ဒါကြောင့်ညွန့်ပေါင်းအစိုးရတော့မဖြစ်ပါ။
NLD အနေနဲ့ရန်သူကိုလျော့မတွက်ဘဲပြင်စရာရှိတာတော့ပြင်ထားပါ။တပ်က၂၅% မဲယူထားလို့တပ်မတော်သားတွေမဲပေးတာဟာအခြေခံဥပဒေနဲ့ညီမညီခြေဥခုံရုံးကိုမေးသင့်ပါတယ်။ဒါမှမဟုတ်လွှတ်တော်မှာဥပဒေပြုပြီးတားသင့်ပါတယ်။သူတို့ကNLD ပြင်တဲ့ခြေဥကိုပယ်ချရင်ပိုလုပ်သင့်ပါတယ်။
အချို့ကိစ္စတွေမှာကသူတို့ကိုဥပဒေဘောင်ထဲကကြပ်ပေးနေရပါမယ်။ဥပဒေဘောင်ထဲကရင်ကြားစေ့တာဟာရန်သူကိုအနားမလာအောင်လုပ်ထားနိုင်တဲ့နည်းပါ။
zawgyi version
Recent Posts
See All
ညံ့ဖျင်းသူ
မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page